News

SMART WATCH တွေရဲ့ နေရာကို အစားထိုးမဲ့ SMART လက်စွပ်များ

ခုနောက်ပိုင်း ထွက်ရှိလာတဲ့ SMART WATCH တွေလိုမျိုး စွမ်းဆောင်ရည်ရှိတဲ့ SMART လက်စွပ် တွေကို မကြာခင်မှာ တွေ့ရှိရတော့မှာ ဖြစ်ပါတယ် ။ SMART WATCH တွေလိုမျိုး သင့်ရဲ့ လက်ကောက်၀တ်မှာ အလေးခံပြီး သယ်နေရမဲ့ အစား သင့်ရဲ့ လက်ချောင်းလေးပေါ်မှာ သက်တောင့်သက်သာ သယ်ဆောင်အသုံးပြုလို့ရပါပြီ ။ SMART လက်စွပ်တွေဟာ သူနဲ့ ချိတ်ဆက်ထားတဲ့ SMARTPHONE တွေရဲ့ CALLER ID တွေ ၊ TEST MESSAGE တွေကို သူရဲ့ BUILT-IN ပါရှိတဲ့ LED SCREEN ပေါ်မှာ ပြသပေးမှာ ဖြစ်ပါတယ် ။ ဒါ့အပြင် SMART လက်စွပ်တွေရဲ့ ဘေးမှာ PHYSICAL BUTTON လေးတွေ ပါရှိပါတယ် ။

သင်ဟာ ဒီ PHYSICAL BUTTON တွေကို အသုံးပြုပြီးတော့ သင့့်ဖုန်းမှာ ရှိတဲ့ APPLICATION တွေ ၊ ဖုန်း ကင်မရာ အဖွင့်အပိတ်လုပ်တာတွေ ကိုလည်း ထိန်းချုပ်လို့ရပါတယ် ။ ဒါ့အပြင် ANTI-THEFT FEATURES ကို အသုံးပြုလို့ရခြင်း ၊ သင့်ရဲ့ လက်စွပ် က သင်ဖုန်း နဲ့ အကွာအဝေး တစ်ခုဝေးသွား ရင် ဖုန်း ALERT ဖြစ်ခြင်း စသည့် SETTING တွေကိုလည်း အသုံးပြုလို့ရပါတယ် ။

အထက်ပါ FEATURES တွေ အကုန်လုံး ကို သင့်ရဲ့ SMARTPHONE နဲ့ SMART လက်စွပ် ကြားမှာ BLUETOOTH LE CONNECTION ကိုအသုံးပြုပြီး အလုပ်လုပ်စေမှာ ဖြစ်ပါတယ် ။ နောက်ထပ်ထူးခြားတာကတော့ SMART လက်စွပ် ရဲ့ BATTERY ဟာ STANDARD USE အနေနဲ့ ၂၄ နာရီ အသုံးပြုလို့ ရခြင်းပဲဖြစ်ပါတယ် ။ ဒါဟာ SAMSUNG ရဲ့ နောက်ဆုံး ထွက်ရှိထားတဲ့ SAMSUNG GEAR SMART WATCH နဲ့ BATTERY အသုံးပြုနိုင်ပုံ ခြင်း အတူတူ ပဲဖြစ်ပါတယ် ။ SMART လက်စွပ်တွေကို ဒေါ်လာ ၂၇၅ နဲ့ ရောင်းချဖို့ စီစဉ်ထားတယ်လို့ သိရှိရပါတယ် ။ ဒါဟာ SAMSUNG ထက် ၂၅ ဒေါ်လာ ပိုပြီးတော့ ဈေးသက်သာပါတယ် ။ SMART လက်စွပ်တွေကို နောက်နှစ် APRIL လထဲမှာ ရောင်းချနိုင်မယ်လို့ ခန့်မှန်းထားပါတယ် ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *