Education, Lifestyle, News, Review

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Web Developer Foundation [Batch-4]သင်တန်းအားစက်တင်ဘာလ (၈) ရက်နေ့သို့ ပြောင်းရွှေ့ဖွင့်လှစ်သွားမည်

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Web Developer Foundation [Batch-4]သင်တန်းအားစက်တင်ဘာလ (၈) ရက်နေ့သို့ပြောင်းရွှေ့ဖွင့်လှစ်သွားမည်

ပြောင်းလဲနေသော နည်းပညာခေတ်အတွက် လိုက်လျောညီထွေမှုဖြစ်စေရန် Web Technology များသည် အရေးပါလှပါသည်။ နည်းပညာခေတ်တွင် တက်လှမ်းကြမည့်သူများအတွက် အခြေခံအုတ်မြစ်သည် အသက်ပမာ လိုအပ်ပါသည်။ အုတ်မြစ်ခိုင်မှ ရေရှည်တည်တံ့ခိုင်မြဲမည် တိုးတက်စည်ပင်နိုင်မည်လည်း ဖြစ်ပါသည်။ နည်းပညာခေတ်တွင် Web Developer တစ်ယောက်အနေနှင့် ရပ်တည်နိုင်ရန် ဤသင်တန်းအား အစပြိုးအနေဖြင့် မတက်မဖြစ် တက်ရောက် ရမည်ဖြစ်ပါသည်။ နိုင်ငံရပ်ခြားသို့ သွားရောက်မည့် ကျောင်းသားများ၊ကွန်ပျူတာကျောင်းဆင်းများ၊ မကြာခင် လုပ်ငန်းခွင် ဝင်မည့်သူများ၊ ဘလော့ခ်များ ပိုင်ဆိုင်ပြီး ပြင်ဆင်မွမ်းမံလိုသူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ မဖြစ်မနေတက်ရောက်သင့်သော သင်တန်းလည်းဖြစ်ပါသည်။ သမာရိုးကျနည်းလမ်းများထက် Problem Solving, Mind Mapping and Project Planning အစရှိသောနည်းလမ်းများဖြင့် အတွေ့အကြုံရှိသော၊ ပြည်တွင်းနှင့် နိုင်ငံတကာ ပရောဂျက်များလက်တွေ့ရေးသားနေသော ကိုဝိန်း@ကိုဝေလင်းထွန်း မှ သင်ကြားမည် ဖြစ်ပါသည်။

လက်ရှိတွင်Web Technology များဖြင့်လုပ်ကိုင်နေပြီးမိမိကိုယ်မိမိအားမရနေသူများလည်းအခြေခံခိုင်မာစေရန် တက်ရောက်နိုင်ပါသည်။ သင်တန်းပြီးဆုံးပါကခေတ်စားနေသောPHP, ASP.Net, J2EE အစရှိသောနည်းပညာများကို ဆက်လက်လေ့လာရာတွင်ထောက်ကူပေးနိုင်မည်ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ဝင်ရောက်နိုင်ရန် အလေ့အကျင့်ကောင်းများ လည်းရရှိနိုင်မည် ဖြစ်ပါသည်။

အခြေခံလိုအပ်ချက် : တက္ကသိုလ်ဝင်တန်း (သို့မဟုတ်) GCE-O Level အောင်မြင်ပြီးသူများ

ပါဝင်မည့်အကြောင်းအရာများ…..

Ø Introduction to World Wide Web

Ø Learning Coding Good Practices

Ø HTML

(Input, Formatting , Headings, List, Link)

Ø Creating Website layouts and web frames

Ø CSS

(External,Internal,Inline,Inheritance and Basic CSS 3)

Ø Javascript

Ø Introduction to HTML5

သင်တန်းကာလ – စက်တင်ဘာလ (၈) ရက် မှ နိုဝင်ဘာလ (၁၁) ရက်အထိ

သင်တန်းအချိန် – နေ့လည် ၂းဝ၀ မှ ၅းဝ၀ နာရီ (တနင်္လာ၊ အဂါင်္)

သင်တန်းကြေး – ၁၅၀ဝ၀ဝ (တစ်သိန်းငါးသောင်းကျပ်)

MCPA Member (50%) – ၇၅၀ဝ၀ (ခုနှစ်သောင်းငါးထောင်ကျပ်)

သင်တန်းသားဦးရေ – (15) ဦး

သင်တန်းနေရာ – အဆောင်(၉)၊မြေညီထပ် ၊ MCPA Lab Room၊ လှိုင်မြို့နယ်

သင်တန်းတက်ရောက်လိုသူများအနေဖြင့်စက်တင်ဘာလ (၈) ရက်နေ့ နေ့လည် (၁၂) နာရီနောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၉)၊ မြေညီထပ်၊ ဖုန်းနံပါတ် ဝ၁-၆၅၂၂၇၆၊ ဝ၉-၇၃၀၈၈၃၀ဝ သို့ စုံစမ်းမေးမြန်းနိုင်ကြောင်း သတင်းရရှိသည်။

(မှတ်ချက်။ အတန်းတက်ချိန် ၇၅ % မပြည့်ပါက သင်တန်းဆင်းလက်မှတ် ပေးအပ်မည်မဟုတ်ပါ။)

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *