News

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းမှကြီးမှူး၍ MCPA Day နှင့် Career Fair ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းမှကြီးမှူး၍ MCPA Day နှင့် Career Fair ကျင်းပမည်

ရန်ကုန်တိုင်းဒေသကြီး ကွန်ပျူတာပညာရှင် အသင်းမှကြီးမှူး၍ IT လူ့စွမ်းအား အရင်းအမြစ်များနှင့် IT Industry ရှိကုမ္ပဏီများကို ချိတ်ဆက်ပေးရန် ရည်ရွယ်၍ MCPA Day ကို ၂၀၁၄ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်တွင် ရန်ကုန်ကွန်ပျူတာ တက်ကသိုလ်၌ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျှက်ရှိပါသည်။

MCPA Day နေ့တွင် IT နည်းပညာကို အသုံးပြုနေသော ကုမ္ပဏီများမှ မိမိတို့၏လုပ်ငန်းများကို ကျောင်းသား၊ ကျောင်းသူများ သိရှိစေရန် မိမိတို့ကုမ္ပဏီအတွက် လိုအပ်လျှက်ရှိသော ICT လူ့စွမ်းအား အရင်းအမြစ်များကို ခေါ်ယူခန့်ထားနိုင်စေရန် ရည်ရွယ်၍ Career Fair ကျင်းပရန် စီစဉ်ဆောင်ရွက် ထားပါသည်။

မြန်မာနိုင်ငံ၏ လုပ်ငန်းနယ်ပယ် အသီးသီးရှိ IT အသုံးပြု၍ အောင်မြင်ထင်ရှားသော ကုမ္ပဏီကြီးများနှင့် ကွန်ပျူတာတက္ကသိုလ်၏ နိုးကြားတက်ကြွပြီး ထူးချွန်ထက်မြက်သော လူငယ် ကျောင်းသား၊ ကျောင်းသူများကို ဆုံစည်းနိုင်ရန် ရည်ရွယ်၍ ကျင်းပသော Career Fair သို့ပါဝင်ဆင်နွှဲရန် စိတ်ဝင်စားသော အဖွဲ့အစည်းများသည် အဆိုပြုလွှာကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင် အသင်းရုံးခန်းသို့ လူကိုယ်တိုင်လာရောက်၍ လည်းကောင်း၊ အီးမေးလ် – [email protected] , [email protected] သို့ ဆက်သွယ်၍ လည်းကောင်း ပါဝင်လိုသည့် ကုမ္ပဏီအမည်၊ Logo နှင့် Registration Fees – (၁၀၀,၀၀၀) ကျပ် ကို မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်းတွင် ( ၁၅- ၇ -၂၀၁၄) နေ့ နောက်ဆုံးထား၍ လာရောက်ပေးသွင်းရမည် ဖြစ်ကြောင်းသိရှိရပါသည်။

အသေးစိတ် သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာ ပညာရှင်အသင်းရုံးခန်း၊ MICT Park, အဆောင်(၄)၊ အခန်း(၄)၊ ဖုန်း-၆၅၂၂၇၆၊ ၀၉-၇၃၀၈၈၃၀၀ သို့ဆက်သွယ် စုံစမ်းမေးမြန်းနိုင်သည်။

နောက်ထပ် သတင်းတစ်ပုဒ်အရ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချူပ်နှင့် ဂျပန်နိုင်ငံ JTEC အဖွဲ့အစည်းတို့ ပူးပေါင်းတည်ထောင်သည့် eVillage ICT Centerကို ဇူလိုင်လ ၅ ရက်နေ့၌ စတင်ဖွင့်လှစ်မည်ဟု သိရသည်။

အဆိုပါ eVillage ICT Centerကို တွံတေးမြို့နယ် ဘုရားငုတ်တိုကျေးရွာတွင် တည်ဆောက်ထားခြင်းဖြစ်ပြီး ရည်ရွယ်ချက်မှာ ကျေးလက်ဒေသအတွက် နည်းပညာကို အသုံးချ၍ သတင်းအချက်အလက်များ ရရှိစေရန်ဖြစ်သည်။ e Villageစီမံကိန်းကို ဂျပန်နိုင်ငံထောက်ပံ့မှုနှင့် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး နီးစပ်ရာ ကျေးရွာမျာဆီသို့ ဆက်လက်ချိတ်ဆက်သွားမည်ဟု သိရသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *