News

Samsungက ဘယ်အချိန်မှာ 64-bit Processorသုံးမှာလဲ?

တောင်ကိုရီးယား အခြေစိုက် နည်းပညာကုမ္ပဏီ Samsungကလည်း 64-bit Chipတွေ ထုတ်လုပ် သုံးစွဲ သွားမှာ ဖြစ်ပါတယ်။ သို့ပေမယ့် မကြာခင်လာမယ့် Galaxy Productမှာတော့ 64-bit Chipပါ၀င် လာမှာ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ရက်နေ့မှာ Appleက ၎င်းတို့ရဲ့ iPhone 5Sကို 64-bit Chipနဲ့ ပွဲထုတ် ပြီးတဲ့နောက် Samsungကလည်း ချက်ချင်းပင် 64-bit Chipဖန်တီး ထုတ်လုပ် သုံးစွဲသွားမယ်လို့ ဆိုခဲ့ခြင်း ဖြစ်ပါတယ်။

“အချိန်တိုအတွင်း ထွက်ရှိလာမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ နောက်ထွက်မယ့် စမတ်ဖုန်းမှာ 64-bit Processorပါ၀င် လာမှာကတော့ သေချာပါတယ်”လို့ Samsungရဲ့ Mobile Businessအကြီးအကဲ ဖြစ်သူ Shin Jong-Kyunက ကိုရီးယားတိုင်းမ် သတင်းစာကို ပြောကြားခဲ့ပါတယ်။ အချိန်တိုအတွင်း ရနိုင်မှာ မဟုတ်ဘူးလို့ ပြောကြားခြင်းဟာ ARMကွန်ပျူတာ ကုမ္ပဏီရဲ့ 64-bit Processorတွေ ဖြစ်တဲ့ Cortex A53နဲ့ A57 Chipတွေနဲ့ သက်ဆိုင်မှု ရှိနေပါတယ်။ ARMမှ အရာရှိ တစ်ဦးကလည်း “ကျွန်တာ်တို့ အနေနဲ့ Cortex A53နဲ့ A57 Chipတွေကို ပါတနာတွေဆီသို့ ပို့ထားပြီး သူတို့ကလည်း အဲဒီChipတွေကို အသုံးပြုကာ Productအသစ်တွေ ထွက်လာဖို့ လုပ်ဆောင် နေကြပါတယ်”ဟု ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် Samsung, Nvidia, Qualcommစတဲ့ ကုမ္ပဏီတွေ ကနေ 64-bit ARM Chipsတွေဟာ လာမယ့် ၂၀၁၄ခုနှစ်အတွင်း မှာမှ ထွက်ရှိလာလိမ့်မယ် လို့လည်း ARMက ဆိုခဲ့ပါသေးတယ်။ Samsungကတော့ နောင်နှစ်မတိုင်ခင် Galaxy Tablet(သို့) ဖုန်းတွေမှာ 64-bit Chipအသုံးပြု ထုတ်လုပ်သွားနိုင်ဖွယ် ရှိပါတယ်။ သတင်းတွေ၊ ခန့်မှန်းချက်တွေ၊ ထင်ကြေးတွေကတော့ အမျိုးမျိုး ပေးနေကြပေမယ့် တောင်ကိုရီးယား နည်းပညာ ကုမ္ပဏီကြီးရဲ့ တရား၀င် 64-bit Processsorထွက်ရှိ လာမယ့် အချိန်ကိုတော့ စိတ်၀င်စားစွာနဲ့ စောင့်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *