How-to

Windows Explorer ကို Hack နည်းများ

Windows 8 မှာ File Explorer လို့နာမည်ပြောင်းလိုက်တဲ့ Windows Explorer ဟာ ကွန်ပြူတာသုံးသူတိုင်း နေ့စဉ်နေ့တိုင်း အချိန် အတော်များများအသုံးပြုကြတဲ့ Application တစ်ခုဖြစ်ပါတယ်။ Browsers တွေမှာ Extensions တွေနဲ့ သင်နှစ်သက်သလို Customize လုပ်ကြပေမယ့် Windows Explorer လို အသုံးများတဲ့ Application တစ်ခုကို Hack လုပ်ဖို့ မစဉ်းစားမိကြပါဘူး။ သင့်အလုပ်တွေကို ပိုမို တွင်ကျယ်အောင် Windows Explorer ကို Customize လုပ်နည်းတွေရှိပါတယ်။

Copy to Folder , Move to Folder ကို အသုံးပြုပါ။
Copy to Folder, Move to Folder ကို Windows Explorerရဲ့ Context Menu မှာအသုံးပြုနိုင်ဖို့ Registry ကို ပြောင်းလဲနိုင်ပါတယ်။ ဖိုင်၊ ဖိုဒါတွေအပေါ် Right Click နှိပ်ပြီး တစ်ခြား ဖိုဒါတွေဆီကို Copy, Move လုပ်နိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Copy, Move လုပ်ရင် မြန်ဆန်ပြီး အဆင်ပြေစေပါတယ်။ ဒီလိုလုပ်ဖို့ Seven Forum  က Registry ဖိုင်ကို အသုံးပြုနိုင်ပါတယ်။ Registry ဖိုင် လေးခုရရှိမှာဖြစ်ပြီး Copy to Folder ကို Add လုပ်ဖို့ တစ်ခု၊ Remove လုပ်ဖို ့တစ်ခု၊ Move to Folder ကို Add လုပ်ဖို့တစ်ခု၊ Remove လုပ်ဖို့တစ်ခုတို့ ဖြစ်ပါတယ်။ အဲဒီအတွက် အသုံးမပြုချင်တဲ့အခါမှာ ပြန်ဖြုတ်နိုင်ပါတယ်။

 

 

Send To Menu ကို ပြုပြင်ပါ။
ဖိုင်၊ ဖိုဒါတွေအပေါ် Right Click နှိပ်ပြီး Send To ကို အသုံးပြုနိုင်ပါတယ်။ ဖိုင်တွေကို Desktop ကိုပို့တာ၊ Compress  လုပ်တာ၊ Email ပို့တာနဲ့ တစ်ခြား အရာတွေကို အသုံးပြုနိုင်ပါတယ်။ ပို့လိုရတဲ့ အရာတွေကတော့ အကန့်အသတ် ရှိပါတယ်။ အဲဒီ Send To Menu မှာ တစ်ခြားအရာတွေကို ထပ်ဖြည့်ချင်ရင် ဒီနည်းကိုသုံးပါ။ Send To Menu က တကယ်တော့ ဖိုဒါတစ်ခုဖြစ်ပြီး အဲဒီဖိုဒါကိုဖွင့်ပြီး Custom Shortcuts တွေ ထပ်ဖြည့်တာတွေ၊ ရှိတဲ့ Shortcuts တွေကို ဖျက်ပစ်တာတွေ ပြုလုပ်နိုင်ပါတယ်။ ဒီလို လုပ်ဖို့ Windows Key + R ကိုနှိပ်ပြီး Run Dialog ကိုဖွင့်ပါ။ shell:sendto လို့ရိုက်ပြီး Enter ခေါက်ပါ။ ဖိုဒါပွင့်လာရင် သင်အသုံးပြုချင်တဲ့ Shortcuts တွေကို အဲဒီဖိုဒါထဲကို ပို့ပါ။ မလိုအပ်တာတွေကိုလည်း ဖျက်ပါ။

 

Context Menu ကို ပြုပြင်ပါ။
Windows Explorer ရဲ့ Context Menu or Right-Click Menu ဟာ ဆော့၀ဲတွေအင်စတောလုပ်တာများလာတာနဲ ့အမျှ Entry တွေများလာပြီး အသုံးပြုရတာ လေးလံလာပါတယ်။ အသုံးမပြုတဲ့ Entry တွေကို ဖြုတ်ပစ်ခြင်းဖြင့် Windws Explorer ကို မြန်မြန်ဆန်ဆန် အသုံးပြုနိုင်မှာပါ။ ဒီလိုလုပ်ဖို့အတွက် CCleaner ကို သုံးနိုင်ပါတယ်။ CCleaner ကိုဖွင့်ပြီး Startup ထဲက Context Menu မှာ Entry တွေကို ဖြုတ်ပစ်နိုင်ပါတယ်။

 

CCleaner  အသုံးပြုရတာ လွယ်ကူပါတယ်။  ဒါပေမယ့် သင်သတိထားမိရင်  CCleaner ဟာ Entries အားလုံးကို သင့်ကို မပြပေးနိုင်ပါဘူး။ အဲဒီအတွက် ShellExView By NirSoft ကို သုံးရအောင်။ Official Page အောက်ဆုံးမှာ Download Link တွေ့ပါလိမ့်မယ်။  ပြီးရင် ShellExView ကို run လိုက်ရင် သင့်ကွန်ပြူတာ ရဲ့ Context Menu Entriesနဲ့ တစ်ခြား Shell Extensions တွေကို Scan လုပ်ပါလိမ့်မယ်။ Context Menu Entriesပဲ လိုချင်တဲ့အတွက် Option>Filter By Extension Type ကို နှိပ်ပြီး Context Menu ကို ရွေးပေးပါ။

ပန်းရောင်နဲ့ highlight လုပ်ထားတာကတော့ သင်အသစ်သွင်းထားတဲ့ Software တွေရဲ့ Context Menu Entry တွေဖြစ်ပြီး ကျန်တာကတော့ Windows  Built-in  Context  Menu  Entry တွေပဲဖြစ်ပါတယ်။  ShellExView က Product Name, Company တွေပါပြပေးနိုင်တဲ့အတွက် CCleaner ထက်ပိုပြီး ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်ပါတယ်။ သင်အလိုမရှိတဲ့ context menu entryကို Select လုပ်ပြီး ဘယ်ဘက် အပေါ်ထောင့်က အနီရောင် Disable Selected Item ကိုနှိပ်ပေးပါ။ ပြီးရင်တော့ သင့်ကွန်ပြူတာကို Restart လုပ်ပေးရပါမယ်။

shellexview-context-menu-entries

Context Menu မှာ Entry တွေ ဖြည့်ချင်ရင်တော့ FileMenu Tools လို ဆော့၀ဲမျိုးကိုသုံးနိုင်ပါတယ်။

Default Folder ကိုပြောင်းပါ။
Windows 7 မှာ Windows Explorer ကိုဖွင့်ရင် Libraries ဖိုဒါကို Default အနေနဲ့ ဖွင့်ပေးမှာပါ။ Libraries ဖိုဒါကို အသုံးမပြုတဲ့သူဆိုရင် အသုံးပြုတဲ့ တစ်ခြားဖိုဒါကို ပြောင်းနိုင်ပါတယ်။ ဒီလို လုပ်ဖို့အတွက် Taskbar ပေါ်က Windows Explorer Shortcut ပေါ်မှာ Right Click နှိပ်ပြီး Properties ကိုနှိပ်ပါ။ Shortcut Box က Target မှာ သင်ဖွင့်ချင်တဲ့ ဖိုဒါလမ်းကြောင်းကို နောက်ဆုံးမှာ ဖြည့်ပေးပါ။

 

 

Windows Explorer မှာ Tab တွေကို အသုံးပြုပါ။
Appleရဲ့ OS X , Linux တို့ရဲ့ ဖိုင်မန်နေဂျာတွေမှာ Tabs တွေနဲ့အသုံးပြုလို့ရတာကြာပြီဖြစ်ပြီး Windows Explorer မှာတော့ လိုအပ်နေဆဲ ဖြစ်ပါတယ်။Windows 8 မှာတောင်မှအဲဒီ Feature မပါလာသေးပါဘူး။ အဲဒီအတွက် Third-Party-Application ဖြစ်တဲ့ QTTabBar လို ဆော့၀ဲကို သုံးပြီး  Windows Explorer ကို Tab တွေနဲ့အသုံးပြုနိုင်ပါတယ်။

File တွေကို မြန်မြန်ကူးပြောင်းပါ။

Windows 7 နဲ့ အရင်ထွက်တဲ့ Windows Version တွေရဲ့ ဖိုင်တွေကူးပြောင်းတဲ့ နှုန်းက နှေးကွေးလှပါတယ်။ နောက်ပြီး ကူးပြောင်းတာကိုလည်း Pause, Resume လုပ်လို့မရပါဘူး။ Windows 8 မှာတော့ အဲဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းထားပါတယ်။ Windows 8 အသုံးမပြုတဲ့သူတွေ အတွက် အဲဒီလိုအပ်ချက်တွေကို အသုံးပြုချင်ရင် TeraCopy လို ဆော့၀ဲကို သုံးနိုင်ပါတယ်။ TeraCopyကို Context Menu ကနေ အလွယ်တကူ အသုံးပြုနိုင်ပြီး ဖိုင်တွေ၊ ဖိုဒါတွေ ကူးပြောင်းနိုင်ပါသေးတယ်။

စာဖတ်သူမှာ Windows Explorerနဲ့ ပတ်သက်ပြီး အသုံး၀င်မယ့် နည်းလမ်းတွေ ရှိရင်လည်းမျှေ၀ခဲ့ပါအုံး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *