Featured, Review

Googleရဲ့ Satellite Companyအသစ်က ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲမလဲ

Googleရဲ့ Satellite Companyအသစ်က ကမ္ဘာကြီးကို ဘယ်လိုပြောင်းလဲမလဲ

Googleက မကြာမီကပဲ Satelliteကနေ ကမ္ဘာမြေကို HD Videoများရိုက်ကူးနိုင်ပြီး မြေပြင်စခန်းကို ပေးပို့နိုင်တဲ့ Skybox Imaging ဆိုတဲ့ ကုမ္ပဏီကို ၀ယ်ယူလိုက်ပါတယ်။ ကုမ္ပဏီရဲ့ နည်းပညာဟာ ကမ္ဘာပေါ်မှာတော့ ပထမဆုံးဖြစ်တယ်လို့ဆိုပါတယ်။

Googleရဲ့ ရည်ရွယ်ချက်က Satelliteမှ ရိုက်ကူးတဲ့ ဗီဒီယိုများကို အချိန်နဲ့ တစ်ပြေးညီရယူပြီး ကမ္ဘာ့ဖြစ်စဉ်များမှာ အသုံးချနိုင်ဖို့ဖြစ်ပါတယ်။

Skybox Imagingရဲ့ SkySat-1 Micro Satelliteက ရိုက်ကူးထားတဲ့ ဗီဒီယိုကို ကြည့်ရင် ကမ္ဘာပေါ်မှ လှုပ်ရှားသွားလာမှုများကို ရှင်းလင်းပြတ်သားစွာ မြင်နိုင်တာကိုတွေ့ရပါတယ်။ အဲဒီနည်းပညာဟာ အစွမ်းထက်သလို ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ထိပါးလာနိုင်တဲ့ ဂယက်ရိုက်မှုတွေလည်း ရှိလာနိုင်ပါတယ်။

စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လေယာဉ်ပျံတွေ၊ ကွင်းဆင်းလေ့လာတဲ့အဖွဲ့တွေ မလိုအပ်တော့ဘဲ ကမ္ဘာမြေပေါ်မှ ဖြစ်ပျက်နေမှုများကို Satellite ရိုက်ကူးထုတ်လွှင့်မှုကနေ ပထမဆုံး စောင့်ကြည့်စစ်ဆေးနိုင်တော့မှာ ဖြစ်ပါတယ်လို့ SkyBoxမှ John Clarkက မတ်လတုန်းက ဘလော့ဆောင်းပါးတစ်ခုမှာ ရေးသားထားပါတယ်။ စက္ကန့် ကိုးဆယ်ကြာအထိ ဗီဒီယိုများရိုက်ကူးပေးနိုင်ပြီး စစ်ဆင်ရေးနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်များပြုလုပ်ရာမှာ တိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။

ဒစ်ဂျစ်တယ်မြေပုံရေးဆွဲသူများက မြေပုံအချက်အလက်အသစ်များကို အသုံးချနိုင်မယ့် နည်းလမ်းများကို တီထွင်ကြံဆနေကြပါတယ်။ SkyBoxရဲ့ ကမ္ဘာမြေကို တစ်နေ့လျှင် ကြိမ်ဖန်များစွာ ဗီဒီယိုရိုက်ကူးကြည့်ရှုနိုင်တဲ့ နည်းပညာက အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းမှာ ဖြစ်ပါတယ်။

ဒီနည်းပညာက ဘယ်သူတွေကို အကျိုးကျေးဇူး ဖြစ်ထွန်းစေမလဲဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ အရင်တုန်းကတော့ စစ်တပ်ကလွဲပြီး ဘယ်သူမှ ဒီနည်းပညာကို အောင်မြင်စွာ တီထွင်ပြီး အသုံးပြုနိုင်ခြင်းမရှိသေးပါဘူး။ သီအိုရီအရတော့ လူတစ်ယောက်ဟာ အာကာသကနေ အခြားလူတွေကို စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့်လည်း အခြား ကဏ္ဍတွေဖြစ်တဲ့ စိုက်ပျိုးရေး၊ လေယာဉ်ကွင်းများ၊ ပိုင်ဆိုင်မှုစောင့်ကြည့်ရေး၊ လုံခြုံရေး၊ ထောက်ပံ့ရေး၊ နယူးကလီးယား စက်ရုံများမှာ အကျိုးကျေးဇူးများ ဖြစ်ထွန်းမှာဖြစ်ပါတယ်။ ရင်းနှီးမြှပ်နှံမှုကဏ္ဍမှာလည်း တိုးတက်လာမှာပါ။

ဒီနည်းပညာဟာ ထိပ်တန်းအဆင့်ဖြစ်ပါတယ်။ SkyBoxကတော့ သူ့ရဲ့ အရွယ်အစားအလွန်သေးငယ်တဲ့ Satelliteရဲ့ အံ့မခန်းတဲ့ စွမ်းဆောင်ရည်ကို ဂုဏ်ဖော်ပြောဆိုထားပါတယ်။

screen shot 2014-03-07 at 11.26.51 am

စိန်ခေါ်မှုတွေက အာကာသရင်းနှီးမြှပ်နှံမှုတွေဟာ တန်ဖိုးကြီးမားပြီး စရိတ်များပြားသလို အင်မတန်စွန့်စားရတာဖြစ်ပါတယ်။

အာကာသကနေ ပုံရိပ်များ ရိုက်ကူးတဲ့ နည်းပညာရဲ့ နောက်ထပ်ရင်ဆိုင်ရမယ့် အခက်အခဲက Resolutionအလွန်မြင့်မားပြီး ကြည်လင်ပြတ်သားတဲ့ ပုံရိပ်တွေ ဖမ်းယူနိုင်ဖို့နဲ့ Satelliteအများအပြားလွှင့်တင်ဖို့ ဈေးနှုန်းသက်သာရမှာဖြစ်ပါတယ်။

Skyboxကတော့ သူတို့ရဲ့ SkySatဟာ ဖုန်းစာအုပ်အရွယ်သာရှိပြီး 100w မီးသီးလောက်တောင် စွမ်းအင်အသုံးပြုမှုမရှိတဲ့အတွက် အခက်အခဲတွေမရှိဘူးလို့ ထင်မြင်နေပါတယ်။

Skyboxဟာ Googleက မ၀ယ်ယူမီမှာတော့ အာကာသကနေရိုက်ကူးထားတဲ့ ဗီဒီယိုတွေကို ရောင်းချပြီး ၀င်ငွေရှာနေပါတယ်။ နောက်ပြီး SkyNodeလို့ ခေါ်တဲ့ မြေပြင်အခြေစိုက် ဆက်သွယ်ရေး အင်တင်နာတွေကို နိုင်ငံအများအပြားမှာ တပ်ဆင်ထားပါတယ်။ Skyboxဟာ အခုဆိုရင် ကမ္ဘာမြေတစ်ခုလုံးကို ရိုက်ကူးနိုင်ဖို့ Satellite ၂၄ ခုပါတဲ့ နည်းစနစ်ကို တည်ဆောက်ဖို့ စီစဉ်နေပါတယ်။

၂၀၁၃ ခုနှစ် နို၀င်ဘာလမှာ Skyboxက SkySatကို ကမ္ဘာပတ်လမ်းကြောင်းသို့ လွှတ်တင်ခဲ့ပုံကို အောက်က ဗီဒီယိုမှာ လေ့လာနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *