News

“Web Development Foundation” အမှတ်စဉ်(၂) သင်တန်းဖွင့်လှစ်မည်

MCPA

 

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာပညာရှင်အသင်းမှကြီးမှူး၍ Web Development Foundation သင်တန်း တစ်ခုကိုဇူလိုင် (၁၈) ရက်နေ့ ၌ အဆောင် (၁)၊ MCPA Lab Room၊ လှိုင်မြို့နယ်တွင် စတင်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ပြောင်းလဲနေသော နည်းပညာခေတ်တွင် လိုက်လျောညီထွေမှုဖြစ်စေရန် Web Technology များသည် အရေးပါကြောင်း၊ နည်းပညာခေတ်တွင် တက်လှမ်းကြမည့် သူများအတွက် အခြေခံအုတ်မြစ်သည် အသက်ပမာ လိုအပ်ပါကြောင်း အုတ်မြစ်ခိုင်မှ ရေရှည်တည်တံ့ခိုင်မြဲမည် တိုးတက် စည်ပင်နိုင်မည်လည်း ဖြစ်ပြီး နည်းပညာခေတ်တွင် Web Developer တစ်ယောက်အနေနှင့် ရပ်တည်နိုင်ရန် ဤသင်တန်းအား အစပျိုးအနေဖြင့် မရှိမဖြစ် တက်ရောက်သင့်ကြောင်း သိရပါသည်။

နိုင်ငံခြားသွားရောက်မည့် ကျောင်းသားများ၊ ကွန်ပျူတာကျောင်းဆင်းပြီးများ မကြာခင် လုပ်ငန်းခွင်ဝင်မည့်သူများ၊ ဘလော့ခ်များ ပိုင်ဆိုင်ပြီး ပြင်ဆင်မွမ်းမံလိုသူများ၊ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ မဖြစ်မနေ တက်ရောက်သင့်သော သင်တန်းလည်း ဖြစ်ပါသည်။ သမာရိုးကျနည်းလမ်းများထက် Problem Solving, Mind Mapping and Planning အစရှိသော နည်းလမ်းများဖြင့် အတွေ့အကြုံရှိသော၊ ပြည်တွင်းနှင့် နိုင်ငံတကာပရောဂျက်များလက်တွေ့ေရးသားနေသောကို၀ိန်း @ ကိုေ၀လင်းထွန်း မှ သင်ကြားမည် ဖြစ်ပြီး Web Technology များဖြင့် လုပ်ကိုင်နေပြီး မိမိကိုယ်မိမိအားမရနေသူများလည်း အခြေခံခိုင်မာစေရန် တက်ရောက်နိုင်ပါသည်။ သင်တန်းပြီးဆုံးပါကခေတ်စားနေသော PHP, ASP.Net, J2EE အစရှိသောနည်းပညာများကို ထောက်ကူပေးနိုင်မည် ဖြစ်ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်နိုင်ရန် အလေ့အကျင့်ကောင်းများလည်း ရရှိနိုင်မည် ဖြစ်ပါသည်။

ပါဝင်မည့်အကြောင်းအရာများမှာ-

  • Introduction to Web technologies
  • HTML
  • CSS
  • Basic Photoshop
  • Introduction to HTML5
  • Introduction to PHP Programming

သင်တန်းကာလမှာ ဇူလိုင် (၁၈) ရက် မှ စက်တင်ဘာ (၂၀)ရက်အထိဖြစ်ပြီး ညနေ ၅း၀၀မှ ၇း၀၀ နာရီအထိ(ကြာသပတေး၊ သောကြာ)နေ့များတွင် သင်တန်းပို့ချသွားမည် ဖြစ်ပါသည်။

သင်တန်းကြေးမှာ ၁၀၀၀၀၀ (တစ်သိန်းကျပ်)နှင့် MCPA Member ဖြစ်ပါက ၅၀၀၀၀ (ငါးသောင်းကျပ်)သာ ပေးရမည် ဖြစ်ပြီး သင်တန်းသားဦးရေကို (၁၂) ဦးသာ လက်ခံမည် ဖြစ်သဖြင့် သင်တန်း တက်ရောက်လိုသူများသည် ဇူလိုင်လ (၁၇)ရက်နေ့ ညနေ (၄) နာရီနောက်ဆုံးထား၍ MCPA ရုံးခန်းသို့ လာရောက်လျှောက်ထားနိုင်ပါသည်။ အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင်(၄)၊ အခန်း(၄)၊ ဖုန်းနံပါတ် ၀၁-၆၅၂-၂၇၆၊ ၀၉-၇၃၀-၈၈၃-၀၀သို့ စုံစမ်းမေးမြန်းနိုင်ကြောင်းသတင်းရရှိပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *