News

IGCSE International Programအတွက် ပညာသင်ဆုများ ပေးအပ်သွားမည်

RVi CENTRE YANGON

RVi CENTRE YANGON က ၂၀၁၃ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့တွင် ဖွင့်လှစ်မည့် IGCSE International Program အတွက် ပညာသင်ဆုများ (scholarship) ပေးအပ်သွားမည်ဖြစ်ကြောင်း သိရပါသည်။ ယင်းပညာသင်ဆု၏ ရည်ရွယ်ချက်မှာ ဉာဏ်ရည်ဉာဏ်သွေး ထက်မြက်၍ ပင်ကိုယ် အရည်အသွေး ထူးချွန််သော မြန်မာကျောင်းသား၊ ကျောင်းသူများကို နိုင်ငံတကာ ပညာရေးအဆင့်သို့ တက်လှမ်းနိုင်ရန် ပြင်ဆင်ရာတွင် အဆင်ပြေချောမွေ့စေရန် ဖြစ်သည်။ ပညာသင်ဆု အနေဖြင့် ၁၀၀%အထိ သင်တန်းကြေး ကင်းလွတ်ခွင့်များ ပေးအပ်သွားမည်ဖြစ်ပြီး ယင်းပညာသင်ဆုများအတွက် Scholarship Test ကို ဇူလိုင်လ (၁၆)ရက်နေ့တွင် ကျင်းပပေးမည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ ပညာသင်ဆု လျှောက်ထားရန် စိတ်၀င်စားသော တက္ကသိုလ်၀င်တန်း အောင်မြင်ထားသူ ကျောင်းသား၊ ကျောင်းသူများ အနေဖြင့် ဇူလိုင်လ (၁၃)ရက်နေ့ နောက်ဆုံးထား၍ Scholarship Test ဖြေဆိုရန် စာရင်းပေးသွင်းရမည် ဖြစ်ပါသည်။

Cambridge IGCSE Programသည် အထက်တန်း ကျောင်းသား ကျောင်းသူများအတွက် ကမ္ဘာပေါ်တွင် လူကြိုက်အများဆုံး နိုင်ငံတကာ သင်ရိုးညွှန်းတမ်း တစ်ခုဖြစ်ပါသည်။ ယင်းသည် ကျောင်းသား ကျောင်းသူများ၏ စမ်းသပ် တီထွင်မှုဆိုင်ရာ အတွေးအခေါ်များ၊ စူးစမ်းလေ့လာ၍ ပြဿနာ အဖြေရှာနိုင်မှုစွမ်း ရည်ကို ဖွံ့ဖြိုးတိုးတက်စေလျှက် အနာဂတ် ပညာရေးအတွက် အကောင်းဆုံး သင်ယူပြင်ဆင်မှုများကို ဖန်တီးပေး မည်ဖြစ်ပါသည်။ Cambridge IGCSE Certificateများကို နိုင်ငံတကာမှ အသိအမှတ်ပြု လက်ခံကြပြီး USA, UK, Australia, New Zealand, Singapore နိုင်ငံတို့ရှိ Polytechnicsများ၊ Colleges များ၊ Private Universitiesများ အပါအ၀င် ကမ္ဘာ့နေရာအနှံ့အပြားရှိ အထင်ကရ တက္ကသိုလ်များသို့ ၀င်ခွင့် လျှောက်ထားရာတွင် အထောက်အကူ ရရှိနိုင်ပါသည်။

သို့ဖြစ်ပါ၍ တက္ကသိုလ်၀င်တန်း အောင်မြင်ပြီးနောက် နိုင်ငံရပ်ခြားတွင် သွားရောက် ပညာသင်ယူလိုသော မြန်မာကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတကာ သင်ကြားမှု ပုံစံနှင့် ရင်းနှီးနေစေရန်နှင့် နိုင်ငံတကာ ကျောင်းသားများနှင့် ယှဉ်ပြိုင်ရာတွင် အခက်အခဲ မရှိစေရန် ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ကြောင်းနှင့် RVi CENTRE YANGONမှ ဖွင့်လှစ်သော IGCSE International Program သည် နိုင်ငံရပ်ခြားသို့ သွားရောက် ပညာမဆည်းပူးမီ အခြေခံ ခိုင်မာစေရန်နှင့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်မှုရှိစေရန် တက်ရောက်သင့်သော သင်တန်းတစ်ခု ဖြစ်ကြောင်း သိရပါသည်။ သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက RVi CENTRE YANGON @ Poe Sein Study Studio အမှတ် 12G, ဖိုးစိန်လမ်း၊ တာမွေမြို့နယ်၊ ဖုန်းနံပါတ် 541-886၊ 551-697သို့ ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *