News

မော်တော်ယာဉ်လမ်းညွှန်ဆိုင်းဘုတ်သစ်များ စတင်တပ်ဆင်ပေးခြင်းဖြင့် မော်လမြိုင်မြို့၏ ယာဉ်ကြောအဆင်ပြေအောင် SCG က ကူညီပေးမည်။

မော်တော်ယာဉ်လမ်းညွှန်ဆိုင်းဘုတ်သစ်များ စတင်တပ်ဆင်ပေးခြင်းဖြင့် မော်လမြိုင်မြို့၏ ယာဉ်ကြောအဆင်ပြေအောင် SCG က ကူညီပေးမည်

အာဆီယံ၏ရှေ့ဆောင်စီးပွားရေးအုပ်စုကြီးဖြစ်သော SCG က မွန်ပြည်နယ်၊ မော်လမြိုင်မြို့၏လမ်းမများတွင် ယာဉ်များဘေးအန္တရာယ်ကင်းရှင်းရေးနှင့် လမ်းညွှန်ပေးသည့်ဆိုင်းဘုတ်များ တပ်ဆင်ပေးခြင်းဖြင့် ယာဉ်လမ်းကြောင်းဆိုင်ရာ ကူညီဆောင်ရွက်ပေးမှုအသစ်ကို စတင်လိုက်ပါသည်။ မော်တော်ယာဉ်တိုက်မှုနှင့် တိမ်းမှောက်မှုများ မြင့်မားလာခြင်းကြောင့် မော်လမြိုင်မြို့ခံများနှင့် လာရောက် လည်ပတ်ကြသူများအား ယာဉ်လမ်းကြောင်းများအဆင်ပြေချောမွေ့စေမည့် လမ်းညွှန်လမ်းကြောင်း ဆိုင်းဘုတ်များကို ကျယ်ကျယ်ပြန့်ပြန့် ချိတ်ဆက်ညွှန်ပြနိုင်အောင် ဖန်တီးပေးနိုင်ရန်အတွက် မော်လမြိုင်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့တို့နှင့်အတူ SCG က ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ အာဆီယံဒေသတွင်းပြည်သူများ၏ လူနေမှုအဆင့်အတန်းကို မြှင့်တင်ပေးရန်ဟူသော SCG ၏ ရည်မှန်းချက်အတိုင်း မိမိလုပ်ငန်းများဆောင်ရွက်နေသောဒေသတွင်နေထိုင်သူလူထုအတွက် ကူညီဆောင်ရွက်ပေးမှု လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်ပေးနေပါသည်။

လွန်ခဲ့သည့် လေးလတာကာလအတွင်း မော်လမြိုင်မြို့တစ်ခွင်တွင် မော်တော်ယာဉ်ကြောင်းလမ်းညွှန် ဆိုင်းဘုတ် ပေါင်း ၅၀ဝ ကျော်ကို စိုက်ထူခဲ့ပြီးဖြစ်ပါသည်။ ဘာသာနှစ်မျိုးဖြင့် ရေးသားညွှန်ပြထားသော လမ်းညွှန်ဆိုင်းဘုတ် က ယာဉ်လမ်းကြော ပိတ်ဆို့မှုချောမွေ့စေပြီး လမ်းညွှန်ယာဉ်ကြောအတိုင်း အလွယ်တကူ မောင်းနှင်နိုင်စေမည် ဖြစ်သည်။ မော်တော်ယာဉ် မောင်းနှင်သူများ၏ အသက်အန္တရာယ် လုံခြုံရေးအတွက် အထူးအလေးထား လိုက်နာရမည့် စည်းကမ်းများဖြစ်သော ယာဉ်မောင်းထိုင်ခုံခါးပတ် ပတ်ထားရန်၊ ဖုန်းမပြောရန်စသည့် ပညာပေးဆိုင်းဘုတ်များကိုလည်း စိုက်ထူထားပြီဖြစ်သည်။ မော်လမြိုင်မြို့သို့ လာရောက်လည်ပတ်ကြသည့် ခရီးသည်အရေအတတွက်ဆက်တိုက်တိုးပွား လာနေသောကြောင့် ကျေးရွာများအလိုက် လှိုက်လှဲစွာကြိုဆိုပါ၏ဟူသော ဆိုင်းဘုတ်များနှင့် မြို့ရွာမြေပုံများ စိုက်ထူထားခြင်းက ဧည့်သည်များအား နွေးထွေးပျူငှာစွာကြိုဆိုသော မြို့တစ်မြို့ဖြစ်အောင် ဖန်တီးပေးထားပါသည်။

“ဒီလမ်းညွှန်ဆိုင်းဘုတ်တွေဟာဆိုရင် ယာဉ်လမ်းကြောင်း သွားလာရာတွင် အဆင်ပြေချောမွေ့စေပြီး ပိုမိုလွယ်ကူတဲ့ လမ်းညွှန်မှုတွေကို ဖြစ်စေမှာဖြစ်သလို ယာဉ်လမ်းကြောင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မတော်တဆဖြစ်မှုတွေကို လျှော့ချပေးမှာပါ။ ထိုင်ခုံခါးပတ် အသုံးပြုခြင်းစတဲ့ အသက်ကယ် သတိပေးလမ်းညွှန်းမှုတွေကို ဖော်ပြပေးမှာပါ။ ဒီစီမံကိန်းဟာဆိုရင် ဆိုင်ကယ်စီးသူတွေကို အသိပညာပေးခြင်းမှာ စံသတ်မှတ်ချက်တစ်ခု ဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်” ဟု မွန်ပြည်နယ် စည်ပင်သာယာရေးဝန်ကြီး ဒေါက်တာတိုးတိုးအောင် မှပြောသည်။ အစိုးရတာဝန်ရှိလူကြီးများ နှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကာ SCG မှ လမ်းညွှန်ဆိုင်းဘုတ်များ လွှဲပြာင်းပေးအပ်ခြင်း အခမ်းအနားကို သြဂုတ်လ ၂၆ ရက်နေ့တွင် စည်ပင်သာယာရေးရုံးတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ယာဉ်မောင်းသူများနှင့် ခြေလျင်လမ်းလျောက်သူများအား SCG က လေ့လာဆန်းစစ်မှုများ မကြာသေးမီက ပြုလုပ်ခဲ့ရာ ဤသို့ပြုလုပ်ပေးသည့်အတွက် အကျိုးဖြစ်ထွန်းကြောင်းတုံ့ပြန်ချက်များ ရရှိခဲ့ပါသည်။ “လမ်းညွှန် ဆိုင်းဘုတ်တွေက လမ်းပျောက်နေတဲ့ ဒေသခံတွေအတွက်တောင် ကူညီပေးနိုင်ပါတယ်။ ဒီဆိုင်းဘုတ်တွေကမြို့ထဲမှာယာဉ်အန္တရာယ်ကင်းအောင်နဲ့ ယာဉ်ကြောသွားလာ မှုကိုလည်း လွယ်ကူအောင်ကူညီပေးတယ်” ဟုယာဉ်မောင်းသူများကပြောဆိုပါသည်။ ခြေလျင်သွား လာသူများက “ဒီဆိုင်းဘုတ်မျိုးတွေကမြို့တွေရောလမ်းတွေရောအတွက်အလွန်အရေးပါတဲ့အခြေခံ လိုအပ်ချက်တွေပါ။ မော်လမြိုင်မြို့သူ/သားတွေသာလမ်းညွှန်ချက်အတိုင်းလိုက်နာကြမယ်ဆိုရင် ယာဉ်တိုက်မှုအန္တရာယ်တွေ လျော့ကျသွားမယ်လို့ ယုံကြည်ပါတယ်” ဟုဆွေးနွေးပြောဆိုခဲ့ပါသည်။

ဤစီမံချက်အနှစ်အရသာနှင့်ပတ်သက်ပြီးယာဉ်မောင်းတစ်ဦးက “အစီအစဉ်ကလူထုအထွက်လည်း အကျိုးရှိတယ်။ အန္တရာယ်ကင်းကင်းမောင်းနှင်ရေးနဲ့ပတ်သက်ပြီးတော့လည်း လူထုရဲ့အာရုံစိုက်လာ အောင် ကူညီပေးနိုင်တယ်” ဟုထုတ်ဖော်ပြောကြားခဲ့ပါသည်။ SCG မြန်မာ၏ Government & Public Affairs Manager ဖြစ်သော Mr. Sorasak Keeratichokichaikul က “ဒီနှစ်အနည်းငယ် အတွင်းမှာ ကားအရေအတွက် တိုးလာပြီးယာဉ်လမ်းညွှန်စည်းကမ်းဆိုင်းဘုတ်တွေ ယိုယွင်းပျက်စီးလာတာကြောင့် မြန်မာနိုင်ငံတစ်ဝန်းကမြို့တွေမှာ ယာဉ်တိုက်မှုအန္တရာယ်တွေ များသည်ထက်များလာတာ တွေ့ရပါတယ်။ ဒေသခံအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီးမော်တော်ယာဉ်မောင်းသူတွေနဲ့ ခြေလျင်လျှောက်သူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းရေးပညာပေးအစီအစဉ်တွေ ကျွန်တော်တို့ တိုးမြှင့် ဆောင်ရွက်သွားမှာပါ” ဟုပြောပါသည်။

“ဆိုင်းဘုတ်တွေ စတင်စိုက်ထူထားပြီးကတည်းက ယာဉ်တိုက်မှုတွေ လျော့ကျသွားတယ်လို့ တာဝန်ရှိ သူတွေကသတင်းပေးကြပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ရှေ့ဆောင်လှုဒါန်းမှုက ပြည်သူ လူထုအတွက် ကောင်းစွာထိရောက်မှုရှိသောကြောင့် ကျွန်တော်တို့ အလွန်ပီတိဖြစ်ရပါတယ်”ဟုလည်း ဖြည့်စွက်ပြောကြားခဲ့ပါသည်။ လမ်းညွှန်ဆိုင်းဘုတ်များအပြင် SCG ၏ အရည်သွေးမြင့်ထုတ်ကုန်ပစ္စည်းများကို အသုံးပြုပြီး ယာဉ်ထိန်းရဲရုံ အသေးသုံးခုကိုလည်းမော်လမြိုင်မြို့၏ ယာဉ်ကြောကြပ်သော သံလွင်တံတားအနီး တွင်တစ်ခု၊ မောင်ငံမီးပွိုင့် နှင့် အထက(၇)ကျောင်းအနီး လမ်းဆုံတို့တွင်တစ်ခုစီ တည်ဆောက်ပေးနေပြီဖြစ်ပါသည်။ မော်လမြိုင်တွင် SCG ၏ ဘက်စုံပါဝင်သော ဘိလပ်မြေစက်ရုံမှာလည်း တည်ဆောက်စဲဖြစ်ပြီး ရပ်ရွာလူထုအကျိုးအတွက် တာဝန်သိတတ်စွာဆောင်ရွက်မည်ဖြစ်ပါသည်။ ပြည်တွင်းလိုအပ်ချက်များကိုလည်းအနာဂတ်တွင် SCG က ဆက်လက်ရှာဖွေဆောင်ရွက်သွားပါမည်။

လမ်းညွှန်ဆိုင်းဘုတ်များစတင်စိုက်ထူပေးခြင်းသည် မြန်မာပြည်သူလူထု၏ လူမှုဘဝအဆင့်မြင့်မား လာစေရန် SCG က ဆောင်ရွက်ပေးနေသော CSR အစီအစဉ်များ၏ တစ်စိတ်တစ်ဒေသဖြစ်ပါသည်။ မော်လမြိုင်မြို့နှင့် ရန်ကုန်မြို့ရှိထူးချွန်ကျောင်းသားလေးများ၏ တစ်နှစ်စာပညာသင်စရိတ်နှင့် ထောက်ပံ့ငွေချီးမြှင့်ပေးနေသော Sharing the Dream အစီအစဉ်မှာလည်း လေးနှစ်တာ ကာလ အတွင်းသို့ ဝင်ရောက်လာပြီဖြစ်ပါသည်။ ယခုနှစ်အစောပိုင်းကလည်း မြို့နှစ်မြို့ရှိမူလတန်းကျောင်းများသို့ မြေငလျင်ဘေးအန္တရာယ်မှ လုံခြုံစေရေးနှင့် ကြိုတင်ပြင်ဆင်မှုများဆိုင်ရာ သင်ယူမှုထောက်ကူပစ္စည်းများကို ဖြန့်ဝေပေးခဲ့ပြီး သဘာဝဘေးအန္တရာယ်ကျ ရောက်ချိန်တွင် မည်သို့တုန့်ပြန်ပြုမူရမည်ကိုကျောင်းသားလူငယ်များအားသင်ကြားပေးခဲ့ပါသည်။

SCG အကြောင်း

အာဆီယံဒေသတွင် ထိပ်တန်း စီးပွားရေးလုပ်ငန်းကြီး တစ်ခုဖြစ်သော SCG တွင် အဓိကလုပ်ငန်းသုံးဖြစ်သည့် SCG ဘိလပ်မြေ အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ SCG ဓာတုပစ္စည်းလုပ်ငန်းနှင့် SCG စက္ကူလုပ်ငန်းတို့ပါဝင်သည်။ SCG လက်အောက်တွင် ကုမ္ပဏီ ၂၀ဝ ကျော်နှင့် ဝန်ထမ်းပေါင်း ၄၉,ဝ၀ဝ ခန့်ရှိကာ ၎င်းသည် ဖောက်သည်များ၏ လက်ရှိ၊ နောင်အနာဂတ် လိုအပ်ချက်များနှင့် လျော်ညီသည့် တီထွင်ဆန်းသစ်သော ကုန်စည်နှင့်ဝန်ဆောင်မှုများကို ထုတ်လုပ်ဖြန့်ချိပါသည်။ ဒေသတွင်းချဲ့ထွင်မှုအဖြစ် မြန်မာနိုင်ငံတွင် လွန်ခဲ့ သော နှစ်ပေါင်း ၂၀ ကျော်က လုပ်ငန်းစတင်ခဲ့ပါသည်။

SCG သည် မြန်မာနိုင်ငံတွင် ပထမဆုံး ဘက်စုံပါဝင်သော ဘိလပ်မြေ စက်ရုံကို ဘတ်ငွေ ၁၂,၄၀ဝ သန်း မြှုပ်နှံကာ တည်ဆောက်မည့် အစီအစဉ်ကို မကြာသေးမီက ကြေညာခဲ့ပါသည်။ ထိုဘိလပ်မြေ စက်ရုံကို မော်လမြိုင်မြို့တွင် တည်ကာ ၂၀၁၆ ခနုစှ် နှစ်လည်မှ စတင်လုပ်ငန်းလည်ပတ်နိုင်မည်ဟု မျှော်လင့်ထားသည်။ ဤစီမံကိန်းသည် မြန်မာနိုင်ငံနှင့် အာဆီယံဒေသတွင် ဘိလပ်မြေ အိပ်ဆောက်ပစ္စည်း လုပ်ငန်း ကြီးထွားလာမှုကို ကူညီပံ့ပိုးလိုသည့် ကုမ္ပဏီ၏ ရည်မှန်းချက်ကို ဖော်ပြနေပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *