Mobile

ရေအောက် ကင်မရာအဖြစ် သုံးလို့ရတဲ့ Sony Xperia Z

sony-xperiaz

Sonyက ထုတ်တဲ့ ဖုန်းတွေဟာ ကင်မရာ ကောင်းမွန်တဲ့ နေရာမှာတော့ အစဉ်အလာ ရှိပြီးသား ဖြစ်ပါတယ်။ Sony Xperia Zရဲ့ ကင်မရာက ရေအောက် အနက် (၁)မီတာ (၃ပေမှာ) မိနစ်သုံးဆယ် ကြာအောင် ရိုက်ကူးလို့ ရတယ်လို့ သိရပါတယ်။ ရေအောက် အနက်ကြီးကို ယူသွားပြီး ရိုက်ဖို့ အဆင်မပြေပေမယ့် ဖုန်းတစ်လုံးရဲ့ စွမ်းဆောင်ရည် အနေနဲ့ကတော့ ဒါဟာ ကောင်းမွန်တဲ့ လုပ်ဆောင်ချက် တစ်ခုပဲ ဖြစ်ပါတယ်။

ဒီကင်မရာကို သုံးပြီး ရေကူးကန်ထဲမှာ ဗီဒီယိုဖိုင်တွေ ရိုက်ရတာ ပျော်ဖို့ကောင်းမှာပါ။ 13.1MP ရှိတဲ့ ကင်မရာက ရုပ်ထွက်ကောင်းမွန်တဲ့ ဓာတ်ပုံတွေ ရိုက်ကူးဖို့ အဆင်ပြေတဲ့အတွက် Smart Phone Cameraတွေထဲမှာ အကောင်းဆုံး စာရင်းဝင်ပါတယ်။

1.5GHz Quad-Core Processor၊ 2GB RAMနဲ့ Built-in Storage 16GB ပါဝင်တဲ့ Sony Xperia Zဟာ ဓာတ်ပုံရိုက် ဝါသနာပါတဲ့ ဖုန်းအသုံးပြုသူတွေအတွက် သင့်တော်ပြီး လှပဆန်းသစ်တဲ့ Andriod OSသုံး Smart Phone တစ်လုံးပဲ ဖြစ်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

One thought on “ရေအောက် ကင်မရာအဖြစ် သုံးလို့ရတဲ့ Sony Xperia Z

  1. sumon says:

    ၆သိန္း နီးနီးဘဲ ။

Leave a Reply

Your email address will not be published. Required fields are marked *