Mobile

msi Slidebook S20

msi-slidebook

ပေါ့ပေါ့ပါးပါးနဲ့ အရည်အသွေး ကောင်းကောင်း ကြိုက်သူတွေအတွက် msiရဲ့ Ultrabook တစ်မျိုးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။ Ultrabook တစ်လုံးပုံစံ ဒါမှမဟုတ် Tablet တစ်လုံးပုံစံကို စိတ်ကြိုက် ပြောင်းလဲ အသုံးပြုနိုင်အောင် Keyboardနဲ့ Displayကို Slide ပုံစံလေး အသုံးပြုရမှာ ဖြစ်ပါတယ်။ Display Typeကတော့ 11.6လက်မအကျယ် ရရှိမှာဖြစ်ပြီး Intelရဲ့ Core i5 Processorနဲ့အတူ SSD Driveကိုပါ တပ်ဆင်ပေးထားတဲ့အတွက် Performance ကောင်းကောင်းနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်
အရည်သွေး ကောင်းကောင်း ထုတ်လုပ်ထားတယ် ဆိုပေမယ့် လုပ်ဆောင်နိုင်မယ့် Performanceထက် ဈေးနှုန်းက ပိုများနေတယ်လို့ ထင်ရပါတယ်။ ပြီးတော့ Optical Driveကိုလည်း တပ်ဆင်ပေးထားခြင်း မရှိပါဘူး။

အားသာချက်
Slide ပုံစံလေး ဖြစ်တဲ့အတွက် Tablet moodနဲ့ Ultrabook Moodကို လွယ်လွယ်ကူကူ ပြောင်းလဲ အသုံးပြုနိုင်ပြီး အခြားသော Ultrabookတွေ ထက်စာရင် ပိုပြီး ပေါ့ပါးမှု ရှှိပါတယ်။ Battery Timeကလည်း ကောင်းမွန်တဲ့အတွက် အချိန်ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

Battery Life
Battery သက်တမ်းကလည်း (၆)နာရီ (၂)မိနစ်အထိ အသုံးပြုနိုင်မှာဖြစ်လို့ Battery သက်တမ်း တော်တော်လေး ကောင်းတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

ကိုယ်ထည်ဒီဇိုင်း
msi Slide Book S20 ကိုယ်ထည်ကိုတော့ Tablet ပုံစံရော Laptop ပုံစံပါ နှစ်မျိုး အသုံးပြုနိုင်အောင် ပြုလုပ်ထားပါတယ်။ Laptop ပုံစံ သုံးချင်တယ်ဆိုရင် Tabletရဲ့အပေါ်က Display Panelကို အနောက်ဘက်ကို တွန်းလိုက်ပြီး အပေါ်ကို ဆွဲထောင်ပြီး သုံးလို့ရအောင် Slide Designလေး ပြုလုပ်ထားပါတယ်။ ကိုယ်ထည် Sizeကတော့ အလျား 11.8လက်မ 7.7လက်မနဲ့ 0.8 အထူသာရှိပြီး အလေးချိန် 2.6ပေါင်သာရှိတဲ့ ပေါ့ပေါ့ပါးပါး ကြိုက်သူတွေအတွက် အဆင်ပြေမှာ ဖြစ်ပါတယ်။ Video Call ခေါ်ဆိုမှုကို အသုံးပြုနိုင်ဖို့အတွက် 1MP Webcam တစ်ခု ပါဝင်ပါတယ်။

အသေးစိတ် ဖော်ပြချက်
Display Typeကတော့ Screen Size 11.6လက်မအကျယ်ကို ရရှိမှာဖြစ်ပြီး 1920 x 1080 IPS Panelကို အသုံးပြုပေးထားတာ တွေ့ရပါတယ်။ 1080p အဆင့်ရှိ Movieတွေကို ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Processorကိုတော့ အမြန်နှုန်း 1.7-GHz ရှိတဲ့ Intel Core i5 -3317U Processorနှင့်အတူ RAMကို 4GB ထည့်သွင်း ပေးထားပြီး Storage Spaceအနေနဲ့ SSD (Solit State Drive)ကို 128 GB ထည့်သွင်း ပေးထားပါတယ်။ OSကိုတော့ Microsoft Windows 8ကို သုံးပေးထားပြီး Ultrabook တစ်လုံးရဲ့အရည်အသွေးကို ကောင်းကောင်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Graphicsကိုတော့ Intel HD Graphics 4000ကို သုံးပေးထားပါတယ်။ Wi-Fi ချိတ်ဆက်ဖို့အတွက် ဆိုရင်တော့ 802.11b/g/n အသုံးပြုနိုင်တဲ့ Built in Wi-Fi Adapterပါရှိပြီး Ethernet ချိတ်ဆက်ဖို့အတွက် ဆိုရင်တော့ RJ 45 Port ပါရှိပါတယ်။ Data Transfer ပြုလုပ်ဖို့အတွက်ဆိုရင်တော့ USB 3.0 နှစ်ပေါက် Bluetooth 4.0, Mini HDMI, 2-1 Card Readerတို့ကို တပ်ဆင်ပေးထားပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *