Gadgets

Toshiba LED PS200E

toshiba

PS200Eဟာ Toshibaက တီထွင်ထားတဲ့ Regza Engine အမျိုးအစား Video Processing Circuit နည်းပညာကို အသုံးပြုထားပါတယ်။ VPCရဲ့ အားသာချက်က TVအနေနဲ့ သူလက်ခံရရှိတဲ့ Signalတွေကို နဂိုရှိနေတဲ့ Resolutionထက် သာလွန်ကောင်းမွန်အောင် လုပ်ငန်းတွေ ထပ်ချဲ့ပြီး ကြည်လင် ပြတ်သားတဲ့ ပုံရိပ်တွေ ပြန်လည် ထုတ်ပေးတာ ဖြစ်ပါတယ်။ Resolution စုစုပေါင်း 1920×1080 ရှိမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Regzaနဲ့ LED Backlight နည်းပညာကိုပါ ပေါင်းစပ်ထားတော့ Brightnessနဲ့ အလင်းဖြာထွက်မှု အပိုင်းတွေမှာ အကောင်းဆုံး ဖြစ်သွားစေမှာ ဖြစ်ပါတယ်။ အသံပိုင်းမှာလည်း အရင်တုန်းက အသုံးပြုခဲ့တဲ့ Speakerတွေနေရာမှာ High Efficiency Speakerတွေကို အစားထိုး သုံးစွဲထားတာ တွေ့ရပြီး အသံထွက် ရှင်းလင်းပြတ်သားမှုနဲ့ Bass အသံ တည်ငြိမ်မှုတွေမှာ အကောင်းဆုံးလို့ ဆိုပါတယ်။ Video Formatပေါင်း ၂၈ခုကို Runပေးနိုင်မှာ ဖြစ်ပြီးတော့ လူသုံးများတဲ့ AVI, PS, TS/Tp, VOB, MOV, MP4, ASFနဲ့ 3GPP စတာတွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Audio အပိုင်းမှာတော့ MP3, MP4, WAWနဲ့ WMAစတဲ့ Audio Formatလေးခုကို Run ပေးနိုင်မှာ ဖြစ်ပါတယ်။ Input Portတွေ အဖြစ် HDMI Port သုံးခု၊ AV, DVD, PC, RF Port နှစ်ခုနဲ့ USB Portတွေ ပါရှိမှာပါ။ ဒါကြောင့် PS200Eဟာ ကြည်လင် ပြတ်သားမှု အကောင်းဆုံးနဲ့ တွဲဖက်သုံးစွဲနိုင်မှု အများဆုံးဖြစ်မယ့် TVကောင်း တစ်လုံး ဖြစ်ပါတယ်။ ဈေးနှုန်းက ၄၉၀,၀၀၀ကျပ် ဖြစ်ပြီး၊ ဖုန်းနံပါတ် ၀၉-၇၃၂-၄၂၁-၀၉မှာ ၀ယ်ယူရရှိနိုင်မှာ ဖြစ်ပါတယ်။
Ref: www.homestore.sg

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *