Gadgets, Review

LiteON

LiteON ဟာ ထိုင်ဝမ်ကုမ္ပဏီဖြစ်ပြီး LEDs, semiconductors, computer chassis, monitors, motherboards, optical disc drives တွေ အဓိကထုတ်လုပ်ပါတယ်။

LiteOn ကို ၁၉၇၅ ခုနှစ်မှာ ထိုင်ဝမ်ရှိ Texas Instruments မှ ဝန်ထမ်းဟောင်းတွေဖြင့် စတင်တည်ထောင်ခဲ့ပါတယ်။

မူလစီးပွားရေးလုပ်ငန်းမှာ optical ထုတ်ကုန်ဖြစ်တဲ့ LEDs မီးသီးအမျိုးမျိုးဖြစ်ပါတယ်။ အဲဒီနောက် Power Conversion Division ကို စတင်ခြင်းဖြင့် ကွန်ပျူတာ power supply ပစ္စည်းတွေကို ထုတ်လုပ်ဖြန့်ချိခဲ့ပါတယ်။

၁၉၈၃ ခုနှစ်အရောက်မှာတော့ LiteOn အီလက်ထရောနစ်လုပ်ငန်းဟာ ကနဦးအများပိုင်ရောင်းချခြင်းဖြင့် ထိုင်ဝမ်စတော့အိတ်ချိန်းစာရင်းဝင် နည်းပညာကုမ္ပဏီဖြစ်လာခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်မှာ LiteON ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့တစ်ဦးတည်းသောကိုယ်စားလှယ်တော်အဖြစ် Dragon Group ကို ခန့်အပ်ခဲ့ပါတယ်။

၂၀၀၆ ခုနှစ်မှာ Lite-On အိုင်တီကော်ပိုရေးရှင်းဟာ BenQ ကော်ပိုရေးရှင်းရဲ့ Optical Disk Drive လု်ပငန်းတစ်ခုလုံးကို ဝယ်ယူနိုင်ခဲ့ပြီး ကမ္ဘာ့ထိပ်တန်း ODD(Optical Disc Drive) ထုတ်လုပ်သူ ၃ ဦးအနက် ၁ ဦးအဖြစ် ရပ်တည်လာနိုင်ခဲ့ပါတယ်။

၂၀၀၇ ခုနှစ်၊ မတ်လမှာ LiteOn အိုင်တီကော်ပိုရေးရှင်းအနေနဲ့ Philips & Lite-On Digital Solutions ကော်ပိုရေးရှင်း (PLDS) အဖြစ် သူတို့ရဲ့ optical disc drive ဌာနခွဲအတွက် Koninklijke Philips Electronics N.V. နဲ့ ဖက်စပ်ဖွဲ့စည်းခဲ့ပါတယ်။

မကြာသေးမီနှစ်တွေအတွင်းမှာပဲ LiteON ဟာ အိုင်တီနဲ့မိုဘိုင်းလ်နှင့်ဆက်သွယ်ရေးပစ္စည်း ထုတ်လုပ်မှုအာရုံစိုက်မှုကို cloud computing၊ LED light, မော်တော်ကား၊ စမတ်ထုတ်လုပ်မှုနှင့် 5G + AIoT အသုံးချမှုတွေအဖြစ် တိုးချဲ့ပြောင်းလဲလာခဲ့ပါတယ်။

LiteONဟာ ခေတ်သစ်ပြောင်းလဲမှုတွေနဲ့ စိန်ခေါ်မှုတွေကို ၎င်း၏လက်ရှိအားသာချက်နဲ့အတူ ကမ္ဘာလုံးဆိုင်ရာဖောက်သည်တွေအတွက် photonics(ဖိုတွန်နစ်)၊ စွမ်းအင်ချွေတာခြင်းနဲ့ စမတ်နည်းပညာတွေ ဆက်လက်လုပ်ဆောင်လျက်ရှိပါတယ်။

LiteOn အမှတ်တံဆိပ် 24x Internal DVD-RW Writer တွေနဲ့ 8x External DVD RW Writer (Ultra Slim) တွေကို ICT.com.mm မှာ ဝယ်လို့ရပါပြီ။

https://www.ict.com.mm/brand/liteon/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *