Education, Review

Vivitek

Vivitek အမှတ်တံဆိပ်အနေနဲ့ ၁၉၉၄ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး Qumi (DPC74A) အိတ်ဆောင်အရွယ် ပရိုဂျက်တာကို ထိုင်ဝမ်အခြေစိုက် Delta Electronics က ထုတ်လုပ်ပေးခဲ့ပါတယ်။ ၂၀၀၁ မှာဖြန့်ချိခဲ့တဲ့ အဲဒီပရိုဂျက်တာဟာ Vivital Qumi အမှတ်တံဆိပ်နဲ့ဖြစ်ပြီး ပထမဆုံး အိတ်ဆောင် 3D, HD, LED ပရိုဂျက်တာအဖြစ် ကြေညာခဲ့ပါတယ်။

အလေးချိန်က ၆၁၇ ဂရမ်ပဲ ရှိပါတယ်။ LED နဲ့ 3D ပေါင်းစပ်နည်းပညာကို Texas Instruments ကနေ ရယူခဲ့ပါတယ်။ ဟိုးယခင်တုန်းက LED နည်းပညာရဲ့အားသာချက်တွေက မီးစာ(filament) အခြေခံတဲ့မီးသီးတွေနဲ့ နှိုင်းယှဉ်ရင် ပိုသေးပြီး ကုန်ကျစရိတ်သက်သာပါတယ်။ အပူရှိန်တက်တာမျိုး LED မှာမရှိပါဘူး။ တာရှည်ခံပါတယ်။ ထိန်းသိမ်းပြုပြင်စရိတ် နည်းပါတယ်။ ပါဝါစားသုံးမှု အင်မတန်လျော့နည်းပါတယ်။ ဒါ့ကြောင့် ခေတ်ဟောင်းမီးစာသုံးတဲ့ ပရိုဂျက်တာတွေနေရာမှာ LED ကို ဦးစားပေးသုံးလာခဲ့ကြတာဖြစ်ပါတယ်။

အဆင့်မြင့် LED ပရိုဂျက်တာတွေကို ၂၀၁၀ ပြည့်နှစ်တဝိုက်က ထုတ်လုပ်ခဲ့ရာ Vivitek ဟာ ရှေ့ပြေးဖြစ်ခဲ့ပါတယ်။ Vivitek ရဲ့ သုတေသနနဲ့ဖွံ့ဖြိုးရေးဌာန(R&D) ကို ထိုင်ဝမ်မှာ အခြေစိုက်ပြီးတော့ စက်ရုံတွေကိုတော့ တရုတ်ပြည်မမှာ ထားရှိပါတယ်။

Vivitek ရဲ့ တစ်ခုသောရည်ရွယ်ချက်ကလည်း ပညာရေးကဏ္ဍမှာ သင်ထောက်ကူပစ္စည်းတွေ ထုတ်လုပ်နိုင်ဖို့ဖြစ်တော့ ပရိုဂျက်တာတွေနဲ့အတူ Vivitek ဟာ ကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်ဖြစ်လာခဲ့ပါတယ်။ Vivitek ကနေ ပညာရေးသုံး ပရိုဂျက်တာတွေကနေ အိမ်တွင်းရုပ်ရှင်ရုံပရိုဂျက်တာတွေအထိ ပရိုဂျက်တာအမျိုးအစားစုံလင်အောင် ထုတ်လုပ်လျက်ရှိနေပါတယ်။

Vivitek အမှတ်တံဆိပ် ပရိုဂျက်တာတွေကို ICT.com.mm ကနေ အခုပဲ ထိုင်ရာမထ ဝယ်လို့ရနေပါပြီ။

https://www.ict.com.mm/brand/vivitek/

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *