Gadgets

Sharp Aquos LC-60 E69U

Sharp-Apuos-LC-60-E69U

အားသာချက်
Screen Sizeက လက်မ ၆၀ တောင်ရှိတာမို့ ပုံရိပ်တွေကို မြင်ကွင်းကျယ် ကြည်ရှုနိုင်ပါလိမ့်မယ်။ Display Formatက 1080p ရှိမှာဖြစ်ပြီး Refresh Rateနှုန်း 120Hz နဲ့ စွမ်းအင်ချေွတာနိုင်မှုမှာ မှတ်ချက်အကောင်းဆုံး ရရှိထားပါတယ်။ အနက်ရောင်နဲ့ အလင်းရောင် ပြန့်ထွက်မှုတွေက LED TVတွေနဲ့တောင်မှ နိုင်းယှဉ်ကြည့်နိုင်တယ် ဆိုပါတယ်။ ပြီးတော့ Displayအပိုင်းမှာ လက်မ ၆၀ အပြည့်ပြသပေးမှာဖြစ်လို့ Brand မမှန်တဲ့ ပစ္စည်းတွေလိုမျိုး Screen View လျော့တာတွေ မရှိပါဘူး။

အားနည်းချက်
အားနည်းချက်အနေနဲ့တော့ TVအိမ် အနည်းငယ်ထူထဲတာက ပထမတစ်ချက်ပါ။ ဒါပေမဲ့ အကြမ်း ခံနိုင်ရည်ကတော့ ပါးလွှာတဲ့ TVတွေနဲ့စာရင် သာလွန်တာမို့လို့ အပြစ်လို့တော့ မဆိုနိုင်ပါဘူး။ ဒုတိယတစ်ချက်က Setting အပိုင်း၊ Connection အပိုင်းတွေဟာ Smart TVတွေရဲ့ အရည်အသွေးတွေလောက် မမှီတာပါပဲ။

Speaker
Speakerကလည်း 16 Wattပဲ ထုတ်လုပ်ပေးနိုင်မှာဖြစ်လို့ အသံပိုင်းတော့ အားနည်းတာ တွေ့ရပါတယ်။ ဒါပေမဲ့လည်း အဲဒီပြဿနာက ခုခေတ်မှာ လွယ်လွယ်နဲ့ ဖြေရှင်းနိုင်နေတာပါ။ ဘာကြောင့်လဲဆိုရင် အိမ်တိုင်း လိုလိုမှာက TVမှာပါတဲ့ Built In Speakerတွေထက်စာရင် External Speakerတွေ Wooferတွေကို တစ်မျိုးမဟုတ် တစ်မျိုးတော့ သုံးနေကြတယ် မဟုတ်လား။ နောက်ဆုံးတစ်ခုကတော့ CCFL Backlightingစနစ်က LED TVတွေလိ်ု စွမ်းအင် မချေွတာပေးနိုင်တာ ဖြစ်ပါတယ်။

ဈေးနှုန်း
အဓိက အားသာချက် တစ်ခုကတော့ ချိုသာတဲ့ ဈေးနှုန်းဖြစ်ပြီး ၀ယ်ယူသူတိုင်းရဲ့ ထောက်ခံချက်ကို ရရှိနေပါတယ်။ ဈေးကွက်အပေါ် မူတည်ပြီးတော့ Sharp Aquos LC-60 E69Uဟာ အနိမ့်ဆုံး ဒေါ်လာ ၇၇၈ကနေ အမြင်ဆုံး ၉၇၉ ဒေါ်လာအထိ ရှိနိုင်ပါတယ်။ ဒါကလည်း အခြေစိုက်ထုတ်လုပ်တဲ့ ကုမ္ပဏီရဲ့ တည်နေရာနဲ့ တင်သွင်းတဲ့ ဈေးကွက်ရဲ့ အကွာအေ၀းတွေကြောင့် ဈေးနှုန်းကွာဟချက် ဖြစ်နေရတာပါ။

General Feature
Input Portအနေနဲ့က HDMI Portသုံးခုပါရှိမှာဖြစ်သလို Component Inputက နှစ်ခုနဲ့ PC Inputတွေပါ ပါ၀င်တာတွေ့ရပါတယ်။ Screen Resolutionက 1080 Pixelရှိမှာ ဖြစ်ပါတယ်။ အလေးချိန်က ၈၆ ပေါင်ဖြစ်လို့ သယ်ယူမှုမှာတော့ အနည်းငယ် အခက်အခဲ ဖြစ်စေနိုင်ပါတယ်။ အရောင်ကတော့ အနက်ရောင် တစ်မျိုးတည်းကိုပဲ တင်သွင်းရောင်းချထားပါတယ်။ Image Aspect Ratioက 16:09 ဖြစ်ပါတယ်။ အာမခံအပိုင်းကိုတော့ တစ်နှစ်သာ ခွင့်ပြုထားလို့ Warrantyက နည်းနေတာတွေ့ရပါတယ်။ ဒါကြောင့် ဈေးနှုန်း သက်သာပြီး ရုပ်ထွက်ကောင်းမွန်တဲ့ Sharp Aquos LC-60 E69U LCD TVကိုတော့ အ၀ယ်စာရင်းမှာ ထည့်ထားရင် မမှားနိုင်ဘူးလို့ ဆိုလိုက်ပါရစေဗျာ။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *