Gadgets

Acer S230L Abd

acer-monitor

Acerရဲ့ မော်ဒယ်လ်သစ် S230L Abdဟာ Screen အရွယ်အစား ၂၃ လက်မရှိမှာ ဖြစ်ပြီး Widescreen အမျိုးအစား ဖြစ်ကာ Full HD အရည်အသွေး ရုပ်ထွက်များအား 1920×1080 Pixel နှုန်းနဲ့ ပြသပေးနိုင်မယ့် LED စနစ်သုံး Slim မော်နီတာတစ်လုံး ဖြစ်ပါတယ်။ Contrast Ratioက 100,000,000:1 ရှိမှာ ဖြစ်ပြီး၊ Aspect Ratiomက 16:9ရှိမှာ ဖြစ်ကာ Brightnessက 250 cd/m2ရှိမှာပါ။ ပြသပေးနိုင်မယ့် အရောင်ပေါင်း ၁၆.၇ သန်း ဖြစ်တာကြောင့် HD အမျိုးအစား ရုပ်သံတွေကို အကောင်းဆုံး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။ Response Time အပိုင်းမှာ မြန်နှုန်းက 5 mill secထိ မြန်ဆန်မှာ ဖြစ်လို့ Action Senceတွေအတွက် အသင့်တော်ဆုံး ဖြစ်ပါတယ်။ အရောင်ကိုတော့ အနက်ရောင် တစ်မျိုးတည်းကိုသာ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။ Viewing Angel အပိုင်းမှာ ရေပြင်ညီအဖြစ်နဲ့ ၁၇၀ ဒီဂရီနဲ့ ဒေါင်လိုက် အနေအထားမှာ ၁၆၀ ဒီဂရီကနေအထိ ကြည်လင်ပြတ်သားစွာ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ စွမ်းအင် အသုံးချမှုမှာ ၂၃.၉ ၀ပ်ပဲဖြစ်လို့ စွမ်းအင်လည်း ချေွတာနိုင်မှာ ဖြစ်ပါတယ်။ အလေးချိန် စုစုပေါင်းက ၁၀ ပေါင်ပဲ ရှိမှာ ဖြစ်ပြီး အရွယ်အစားက ၀.၅× ၂၁.၆× ၁၅.၁ လက်မပဲ ရှိမှာ ဖြစ်ပါတယ်။ Portအပိုင်းမှာ DVIနဲ့ VGA Portတွေသာ ပါ၀င်မှာ ဖြစ်ပြီး Speaker ထည့်သွင်း တည်ဆောက်ထားခြင်း မရှိတာ တွေ့ရတာကြောင့် ၀ယ်ယူသုံးစွဲမယ် စိတ်ကူးရင်တော့ Speaker တစ်စုံကိုပါ တစ်ခါတည်း ၀ယ်ယူရပါလိမ့်မယ်။ ဈေးနှုန်းက ၁၅၁,၂၀၀ပဲ ဖြစ်ပြီး ဖုန်းနံပါတ် ၀၁-၂၂၁-၆၈၃မှာ ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။
Ref: www.amazon.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *