Mobile

Toshiba ရဲ့အလန်းစား Gaming Laptop တစ်လုံး

Toshibaကတော့ ပါးလွှာတဲ့ ကိုယ်ထည်၊ မြင့်မားတဲ့ ဈေးနှုန်းနဲ့အတူ Gaming Laptop တစ်ခုကို ဖြန့်ချိလိုက်ပြီ ဖြစ်ပါတယ်။ Intelရဲ့ Core i7 CPU, Nvidia GPU ဂရပ်ဖစ်၊ အချက်အလက် သိုလှောင်ဖို့ 1 TB Hard Drive, Touch Screen စတာတွေ တပ်ဆင်ထားတဲ့ Toshiba Satellite S55t-A5277 လက်ပ်တော့ဟာ CNET ရဲ့အဆင့်သတ်မှတ်ချက် အရတော့ “Very Good” လို့ဆိုထားပါတယ်။

ဒါပေမယ့် ၉၉၉ဒေါ်လာသတ်မှတ်ထားတဲ့ ဈေးနှုန်းနဲ့ Resolution နည်းပါးတဲ့ ၁၅လက်မ Screen ကတော့ မကောင်းတဲ့အချက်တွေပါပဲ။ ဂိမ်းဆော့တာ၊ ရုပ်ရှင်တွေကြည့်တာတွေကို လည်း စိတ်အနှောင့်အယှက် ဖြစ်စေမှာပါ။ Toshiba ရဲ့အဆိုပါ Laptopဟာ Mainstreamထဲကို ၀င်လာတဲ့ ပါးလွှာတဲ့ Gaming Laptop ဖြစ်ပေမယ့် သူ့မှာ တပ်ဆင်ထားတဲ့ Displayကတော့ အထင်ကြီးလောက်စရာ မရှိဘူးလို့ ဆိုပါတယ်။

ကျွန်တော့်အနေနဲ့ကတော့ Laptopတစ်လုံးကို သဘာ၀ကျကျ ပါးလွှာပြီး ကြည့်ကောင်းတာမျိုး သဘောကျပါတယ်။ အရည်အသွေးမြင့် Touch Screen ပါ၀င်တဲ့အပြင် ဂိမ်းဆော့ဖို့အတွက်လည်း သင့်တင့်တဲ့ Graphics Card ပါရမယ်ပေါ့ဗျာ။ အဲ… ပြီးတော့ ဈေးလည်းအရမ်း မမြင့်စေချင်ဘူးဗျ။

Toshiba Satellite S55t-A5277 ကတော့ အဲဒါတွေအတွက် အာမခံပေးမယ့် ဒီကမ္ဘာပေါ်ရောက်ရှိလာတဲ့ နောက်ဆုံးထွက် ပစ္စည်းပေါ့။ ဒါပေမယ့် ဖြန့်ချိတဲ့ အရေအတွက်တော့ နည်းတယ်ဗျ။ “Perfect Laptop” တစ်လုံးဖြစ်လုလုပါပဲ။ Intel Core i7 CPU, Nvidia GeForce 740M graphics card, 12GB RAM နဲ့ 1TB Hard Driveစတာတွေ တပ်ဆင်ထားပြီး အားလုံးပေါင်းမှ ဒေါ်လာ၉၉၉ ကျသင့်မှာပါ။

ဒါဖြင့် မကြိုက်တဲ့အချက်က ဘာတွေလဲ? တကယ်လို့သင့်မှာ ဂိမ်းတွေကစားဖို့ Solid CPU-GPU Combo ရှိတယ်ဆိုရင် အဲဒါနဲ့တွဲဖက်ဆော့ဖို့ သင့်တော်တဲ့ Screenတစ်ခု လိုချင်မှာပါ။ အဲဒီမှာ Toshibaရဲ့ အဆိုပါ Laptop ကိုမနှစ်သက်စရာတွေ ဖြစ်လာခဲ့တာပါပဲ။ လက်ရှိမှာသုံးနေကြတဲ့ Windows 8 အတွက် လိုအပ်ချက်တစ်ခုဖြစ်တဲ့ Touch Screenကို အဲဒီ Laptopမှာ တပ်ဆင်ထားပေမယ့် 13866×768 pixels Resolution ကတော့ နည်းပါတယ်။ ၉၉၉ဒေါ်လာတောင် ပေးရတဲ့Laptop တစ်လုံးဟာ အနည်းဆုံး 1600×900 Resolution မရှိရတဲ့ ကိစ္စကို ဘ၀င်မကျပါဘူး။ အဲဒါတွေထက် Laptopမှာ တပ်ဆင်ထားတဲ့ Screen ဟာလည်းကြည့်လို့ သိပ်မလှပါဘူး။

Toshiba S55t-A5277 Laptopကို Mainstream Gamin Laptop တစ်ခုအနေနဲ့သာမက ပါးလွှာပြီး မြင်ကွင်း၁၅လက်မရှိတဲ့ နေ့စဉ် Productivity Machine အဖြစ်ပါ မျှော်မှန်းထားပေမယ့် ၎င်းရဲ့ Display မကောင်းတဲ့ ကိစ္စက အနှောင့်အယှက် ဖြစ်စေပါတယ်။ Toshiba ကထွက်ခဲ့တဲ့ Toshiba Qosmio X75 နဲ့ Razer Blade တို့ကတော့ ဈေးလည်းအတော်ကြီးပြီး အရည်အသွေးလည်းကောင်းတဲ့ Gaming Laptop တွေဖြစ်ပါတယ်။
Display မကောင်းတဲ့ အပြစ်လေးကလွဲလို့ ပါးလွှာတဲ့ကိုယ်ထည်၊ Optical Driveနဲ့ Ports တွေအများအပြား ပါ၀င်ကာ၊ Components ကောင်းကောင်းနဲ့ နေ့စဉ်အသုံးပြုဖို့ သင့်တော်တဲ့ Laptopတစ်လုံး ဖြစ်ပါတယ်။

အဆိုပါ Laptopမှာ Windows 8(64-bit), Bluetooth 4.0, Networkချိတ်ဆက်ဖို့ Gigabit Ethernet, 802.11 b/g/n Wireless, DVD-RW(Read, Write), 1TB 5400 rpm hard driveနဲ့ Graphic 2GB, RAM 12GB 1600 MHZ DDR3 SDRAM စတာတွေပါ တပ်ဆင်ထားပါတယ်။ 2.4 GHz Intel Core i7-4700MQ Processorကို တပ်ဆင်ထားပြီးတော့ 15.6 inches အရွယ်ရှိ 1366×768 Resoultionနဲ့ Touch Screen Display ပါ၀င်ပါတယ်။ USB3.0 Portနှစ်ခု၊ USB2.0 Portတစ်ခုနဲ့ SD Card Readerလည်း ပါ၀င်ပါတယ်။ အသံပိုင်းဆိုင်ရာမှာလည်း Stereo Speakerဖြစ်ပြီးတော့ Headphone, Microphone Jacksတွေ တပ်ဆင်ထားပါတယ်။

Videoရုပ်ထွက်ပိုင်းမှာတော့ HDMIအပြင် VGAပါ ထောက်ပံ့ပေးထားတာကို တွေ့ရပါတယ်။ Toshiba ရဲ့ S55t-A5277Laptopဟာ ရှေ့ကထွက်ခဲ့တဲ့ Satellite မော်ဒယ်တွေနဲ့ များများစာစား မကွာခြားပေမယ့် 2013 Back-To-School ရာသီအတွက် ရည်သန်ပြီး ဒီဇိုင်းဆွဲထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ ကိုယ်ထည်ဟာ Brushed အလူမီနီယံနဲ့ Black Plasticကို ပေါင်းစပ်ဖန်တီးထားတာ ဖြစ်ပြီး ရုံးမှာ၊ ကော်ဖီဆိုင်မှာ၊ အိမ်မှာ ကောင်းကောင်းအလုပ်လုပ် နိုင်မယ့် Understated Two-Tone ဒီဇိုင်းပုံစံမျိုးပဲ ဖြစ်ပါတယ်။ ဒီစနစ်ဟာ ဒေါ်လာရာဂဏန်းနဲ့အထက် ဖြစ်ခဲ့မယ်ဆိုရင်တော့ ဈေးနှုန်းသင့်တင့်တဲ့ ပလတ်စတစ်လို ပုံစံမျိုးနဲ့ ထုတ်မှာဖြစ်ပါတယ်။

Razer’s Balde Gaming Laptop လောက်တော့မပေါ့ပါးပေမယ့် အဆိုပါ Laptopဟာ ကျွန်တော်တို့ မြင်ဖူးသမျှ 14 or 15 inches Ultrabook-Style တွေနီးပါး ကောင်းမွန်တာကိုတွေ့ရပါတယ်။ ၅ပေါင်သာ အလေးချိန်ပိုခဲ့ပြီး ဆံချည်မျှင်ထက် တစ်လက်မထူကာ Core i7 CPUနဲ့ GPUတပ်ဆင်ထားမှုဟာလည်း အတော်လေးကောင်းမွန်ပါတယ်။

Toshiba ရဲ့Keyboard Styleဟာ လေးထောင့်အတုံးပုံစံတွေမျိုး ဖန်တီးထားပြီး သင့်ရဲ့လက်ချောင်းတွေနဲ့ စာရိုက်တဲ့အခါမှာ နစ်၀င်သွားတဲ့ ခံစားမှုမျိုး စိတ်ကျေနပ်ဖွယ် ရရှိစေမှာပါ။ ကီးဘုတ်ဟာ မကြာသေးခင်ကမှ ထုတ်လုပ်ထားတဲ့ Toshiba Qosmio X75လိုပဲ သပ်ရပ်လှပတဲ့အပြင် သီးသန့်ပါ၀င်တဲ့ Full-Size Num Pad Keyboard လည်းပါ၀င်လာပါတယ်။ Toshiba လက်ပ်တော့တွေဟာ များသောအားဖြင့် Spacebar တိုကြပါတယ်။ ဒါပေမယ့် Function Keyတွေကတော့ ပြောင်းပြန်ပါပဲ။ Volume, Brightness နဲ့ အခြားControl တွေအတွက် Fn ခလုတ်ကိုနှိပ်ထားစရာလည်း မလိုတော့ပါဘူး။ F1ကနေ F12 အထိ ခလုတ်တွေကို Control အသီးသီးနဲ့ စီစဉ်ထားတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် Keyboardဟာ Backlitပါတဲ့။ ဒါဟာဈေးနှုန်းသင့်တင့်တဲ့ Laptopတွေမှာတော့ တော်တော်ကောင်းမွန်တယ်လို့ ဆိုနိုင်ပါတယ်။

Laptopတွေမှာပါတဲ့ Click Padဟာဆိုရင်တော့ ဒီToshiba မှာ ဘယ်ဘက်ကိုကပ်သွားပါတယ်။ Offset Keyboardရဲ့ အလယ်မှာအဆိုပါ Click Padရှိပေမယ့် Num Padပါ၀င်သွားတဲ့ အတွက် ဘယ်ဘက်ကို ရောက်သွားတာ ဖြစ်ပါတယ်။ ပြီးတော့ အဆိုပါ Click Padဟာ အတန်အသင့်ကြီးမားပါတယ်။ ဒါကြောင့် Multitouch Gestureတွေနဲ့၊ Two-Finger Scrolling လုပ်တဲ့အခါမှာ အဆင်ပြေချောမွေ့ပါတယ်။

ဘယ်ကုမ္ပဏီကမှ Toshibaလိုမျိုး ရှုပ်ထွေးနေတဲ့ Windows 8 Tile Interfaceကို မကျွမ်းကျင် ကြပါဘူး။ Defaultအနေနဲ့ ဆိုရင်တော့ WildTangent Games တွေအတွက် Full-Size, Half-Size Tileတွေနဲ့ သင့်ကိုမိတ်ဆက်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Vimeo, Hulu Plus, Norton, eBay, I Heart Radio စတဲ့ Appတွေလည်း ပါတာပေါ့။ ဒါတွေဟာ လွန်ခဲ့တဲ့နှစ်တွေတည်းက စက်ရုံသုံးစံနှုန်းတွေ ဖြစ်ခဲ့တာပါ။ PC (Personal Computer) ပြုလုပ်ရောင်းချသူ အများစုဟာလည်း အသုံးပြုသူတွေအနေနဲ့ နေ့စဉ်အသုံးပြုတဲ့ အခါမှာ Tiles, Icons, Shortcutsတွေနဲ့ ပေါ့ပေါ့ပါးပါး သုံးရတာကို နှစ်သက်တယ်ဆိုတာ သိလာကြပါတယ်။

အဆိုပါLaptopရဲ့ ဘေးမှာ အသုံး၀င်တဲ့ HDMI Portတစ်ခု ပါ၀င်လာခြင်းနဲ့အတူ ခေတ်မမီတော့တဲ့ VGA Portတစ်ခုလည်း ပါ၀င်လာပါတယ်။ ဒါကို မလိုချင်ဘူးဆိုရင်တော့ Toshibaကပဲ ထုတ်လုပ်ထားတဲ့ Satellite S50ကို ၅၄၉ဒေါ်လာခန့်နဲ့ ၀ယ်ယူနိုင်ပါသေးတယ်။ အဆိုပါ Laptopမှာတော့ Core i3, 500GB HDD, 8GB RAMနဲ့ GPUတော့ ပါ၀င်လာခြင်း မရှိပါဘူး။ အဆိုပါ Satellite Versionတွေ အားလုံးဟာ 1366×768 Pixelနဲ့ Touch Screenတွေပဲ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *