Gadgets, News, Review

Toshiba Mini 360 Duo Flash Drive ( OTG )

Toshiba Mini 360 Duo Flash Drive ( OTG )

ချစ်စရာကောင်းတဲ့ Design လေးနဲ့ အတူအသုံးပြုသူအဆင်ပြေစေမယ့် အရည်အသွေးများနဲ့ Japan Brand Toshiba ရဲ့ Mini 360 Duo Flash Drive (OTG) ဖြစ်ပါတယ်။ အရွယ်အစားသေးငယ်ပေမယ့် သိပ်သည်းကျစ်လစ်တဲ့ ကိုယ်ထည်နှင့် ပြုလုပ်ထားပါတယ်။ USB 3.0 အမြန်နှုန်းအမျိုးအစား ဖြစ်တာကြောင့် Data များကူးယူပေးပို့မှုမြန်ဆန်ပြီး USB 3.0 Port တွင်သာမကအခြား USB 2.0 , USB Port များတွင်လည်းအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Windows, Linux နှင့် Mac OS အသုံးပြုသောမည်သည့် PC နှင့် Notebook များတွင်မဆိုချိတ်ချက်အသုံးပြုနိုင်ပါတယ်။ Mini 360 Duo ရဲ့တဖက်မှာသာမာန် USB တွေမှာအသုံးပြုမယ့် USB ခေါင်းဖြစ်ပြီးကျန်တစ်ဖက်မှာကတော့ Smartphone, Tablet များတွင်အသုံးပြုနိုင်တဲ့ mini USB ခေါင်းပါဝင်ပါတယ်။

On The Go ( OTG ) နည်းပညာကိုထောက်ပံ့ပေးတဲ့ မည်သည့် Smartphone၊ Tablet နှင့် Mobile ပစ္စည်းအမျိုးအစား နှင့်မဆိုတိုက်ရိုက် ချိတ်ဆက်အသုံးပြုနိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် PC ထဲမှ အချက်အလက်များကို Phone၊ Tablet များအတွင်းသို့ အလွယ်တကူ ကူးယူနိုင်မှာဖြစ်သလို Mino 360 Duo ကိုချိတ်ဆက်ပြီး Video၊ Photo များကိုတိုက်ရိုက် ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။ Windows PC အသုံးပြုသူများအတွက် Mino 360 Duo အတွင်းအသင့် ပါဝင်သော Password Protection Software နှင့် Data များကိုစိတ်ချမှုရှိစေရန် Lock ပြုလုပ်ထားနိုင်ပါတယ်။ အပြာ၊ လိမ္မော်၊ ပန်းအရောင် နှင့် အနက် အရောင်အသွေး (၄) မျိုးရှိပြီး Lifetime Warranty ပါဝင်တဲ့ Toshiba Mini 360 Duo Flash Drive(OTG) 8GB ကိုဈေးနှုန်း ၈,၅၀ဝ ကျပ်ဖြင့်လည်းကောင်း၊ 16GB ကိုဈေးနှုန်း ၁၀,ဝ၀ဝ ကျပ်ဖြင့်လည်းကောင်း KMD Sales Centre များတွင် ဝယ်ယူရရှိနိုင်ပါတယ်။ အသေးစိတ် သိရှိလိုပါကဖုန်း KMD 01-381-129, 381-035 ,381-776, 245-180 သို့ ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *