ဝါရှင်တန် တက္ကသိုလ် မှ ပညာရှင်များ က အပါးလွှာဆုံး LED ကို တီထွင်လိုက်ပြီး အက်တမ်သုံးခုအရွယ် အထူသာရှိပါတယ်။ အဲဒီပါးလွှာပြီးခေါက်ချိုးနိုင်တဲ့ LED များဟာ အနာဂတ် Portable Device များ မှာ အသုံးပြုလာမယ့် စံနှုန်း တစ်ခုဖြစ်လာမှာ လို့ သုတေသနပညာရှင် Xiaodong Xu က Nature Nonotechnology က ထုတ်ဝေခဲ့တဲ့ စာတမ်းမှာ ရေးသားထားပါတယ်။
Xu က အလွန်ပါးလွှာတဲ့ LED တွေကို ကွေးညွှတ်နိုင်တဲ့ ချပ်၀တ်တန်ဆာကွန်ပြူတာများမှာ အသုံးပြုနိုင်မှာဖြစ်တယ်လို့ မှတ်ချက်ပြုထားပါတယ်။ ဒါပေမယ့် သာမာန် LED တွေနေရာမှာလည်း အစားထိုး အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ အလုပ်ဟာ အလင်းပေးခြင်း ၊ မြင်လွှာဆက်သွယ်မှု နဲ့ အလွန်သေးငယ်တဲ့ လေဆာ ပြုလုပ်မှု နယ်ပယ်တွေမှာ တိုးတက်ဖွံ့ဖြိုးလာစေမှာ ဖြစ်ပါတယ် လို့ Xu ကပြောပါတယ်။
Xu က ဒီထက်သေးငယ်တဲ့ LED ကို ပြုလုပ်နိုင်ခြင်း မရှိဘူးလို့ မပြောထားဘဲ သူတို့ရဲ့ LED က အလွန်သေးငယ်တယ်လို့သာပြောထားပါတယ်။ သုတေသနအဖွဲ့ က အနာဂတ် မှာ အခုလို အလွန်ပါးလွှာတဲ့ LED တွေကို ထုတ်လုပ်ဖို့အတွက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းတွေကို လည်း ရှာဖွေတွေ့ရှိမယ်လို့ မျှော်လင့်နေပါတယ်။ အခုတီထွင်မှု ဟာ သေးငယ်တဲ့ ပစ္စည်းတွေပြုလုပ်တဲ့ နည်းပညာနယ်ပယ်မှာ တော့ ကြီးမားတဲ့အောင်မြင်မှု တစ်ခုဖြစ်ပါတယ် လို့ သုတေသနအဖွဲ့ မှ Jason Ross က ပြောပါတယ်။