Telecom Engineer ဖြစ်သင်တန်း HCNG နှင့် MBB သင်တန်းခွဲသစ်များကို KMD နှင့် Huawei တို့ပူးပေါင်းပြီး KMD မြေနီကုန်းစင်တာတွင် ဖွင့်လှစ်မည်။
သင်တန်းတက်ရောက်လိုသူများအနေဖြင့် Telecom နှင့်ပတ်သက်သောမည်သည့် အခြေခံမှ မလိုအပ်ဘဲ အခက်အခဲမရှိတက်ရောက်နိုင်ရန် အတွက် အခြေခံသင်တန်းများဖြစ်တဲ့ Huawei Certified Network Graduate ( HCNG ) နှင့် Mobile Broadband Network ( MBB ) ကိုဦးစွာဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပါသည် ။ HCNG သင်တန်းမှာ ၃ လတာ ကြာမြင့်မည် ဖြစ်ပြီး သင်တန်းတက်ရောက်သူများအနေဖြင့် ICT အခြေခံများ ၊ Network အခြေခံများကို စတင်လေ့လာပြီး Core Network, Access Network, Transmission Network, GSM/WCDMA Network အစရှိတဲ့ Network ပိုင်းဆိုင်ရာများကိုစာတွေ့လက်တွေ့ သင်ကြားပို့ချ ပေးသွားမည် ဖြစ်ပါသည်။ MBB ကတော့ သင်တန်းကာလ ၁ လသာကြာမြင့်ပြီး Mobile Brand Network အတွက် Tower တိုင်တပ်ဆင်ခြင်း၊ တည်ဆောက်ခြင်း၊ BTS တပ်ဆင်ခြင်း၊ စမ်းသပ်ခြင်းတို့ကို Huawei ပစ္စည်းကိရိယာများအပါဝင် အခြားသောပစ္စည်းကရိယာများဖြင့်ပါ လက်တွေ့တပ်ဆင်ခြင်းများကို KMD နှင့် Huawei မှ ဆရာ၊ ဆရာမများအပြင် Huawei မှ Engineer များကိုယ်တိုင် လုပ်ငန်းခွင် အတွေ့အကြုံများကိုဆွေးနွေးသင်ကြားပေးသွားမည်ဖြစ်ပါတယ်။
သင်တန်းပြီးတက်ရောက်အောင်မြင်ပြီးသူများအနေဖြင့် KMD နှင့် Huawei မှ ပေးအပ်မည့် သင်တန်းဆင်းလက်မှတ်ရရှိမည်ဖြစ်ပြီး Huawei International Online Exam များကို ဖြေဆိုနိုင်ရန်အတွက်လည်း Huawei နှင့် KMD မှထောက့်ပံ့ပေးသွားမည်ဖြစ်ပါသည်။ Telecom နည်းပညာဆိုင်ရာ Company ကြီးများတွင် အလုပ်အကိုင်အခွင့်အရေးရှိနိုင်ရန် စာတွေ့ရော လက်တွေပါ ကျွမ်းကျင်ပိုင်နိုင်သွားမည်ဖြစ်ပါသည်။လုပ်ငန်းခွင်ဝင် အတွေ့အကြုံရှိပြီးသူများနှင့် အခြေခံအဆင့် သင်တန်းများ တက်ရောက်ပြီးသူများအတွက် Telecom Advanced သင်တန်းများဆက်လက်ဖွင့်လှစ်သွားမည်ဖြစ်ပါတယ်။ မြေနီကုန်းစင်တာ၌ ၂၄ ရက်နေ့တွင် HCNG (Mon–Fri : 1pm to 4 pm) တန်းခွဲသစ်နှင့် MBB (Mon– Fri : 9 am to 12 pm) တန်းခွဲသစ်ကို စတင်ဖွင့်လှစ်သွားမည် ဖြစ်ပါတယ်။ HCNG သင်တန်းကာလမှာ ၃ လ ကြာမြင့်ပြီး၊ သင်တန်းကြေး ၃ သိန်းခွဲဖြစ်ပါတယ်။ MBB သင်တန်းကာလမှာ ၁ လကြာမြင့် သင်တန်းကြေး ၂ သိန်းခွဲဖြစ်ပါတယ် ။
KMD နှင့် Huawei မှ လက်တွဲ၍ ပူးပေါင်းဖွင့်လှစ်သော Telecom Training နှင့် ပတ်သက်၍ မေးမြန်းစုံးစမ်းလိုပါက ဖုန်း KMD ဝ၁-၇၀ဝ-၈၉၅၊ ၃၈၁-၁၂၉၊၃၈၁-၀၃၅ သို့ဆက်သွယ်မေးမြန်း နိုင်ပါသည် ။