Education, Lifestyle, News

Computer Hardware နှင့် Network အကြောင်းစိတ်ဝင်စားသူများအတွက် လက်တွေ့သင်ကြားပေးမည့် သင်တန်းKMD တွင်ဖွင့်လှစ်မည်။

Computer Hardware နှင့် Network အကြောင်းစိတ်ဝင်စားသူများအတွက် အခြေခံမှ စ၍ ပြင်ဆင်နိုင်သည်အထိလက်တွေ့သင်ကြားပေးမည့် သင်တန်းKMD တွင် ဖွင့်လှစ်မည်။

Computer Hardware နှင့် Network အကြောင်းစိတ်ဝင်စားသူများအတွက် အခြေခံမှစ၍ ပြင်ဆင်နိုင်သည်အထိလက်တွေ့သင်ကြားပေးမည့် သင်တန်းKMD တွင် ဖွင့်လှစ်မည်။Computer တစ်လုံးကို ကိုယ်တိုင်ကျွမ်းကျင်စွာ တပ်ဆင်၊ ပြင်ဆင်လိုသူများအနေဖြင့် လေ့လာသင်ယူနိုင်ရန် လက်တွေ့ကျကျ သင်ကြားပေးမည့် Practial A+ သင်တန်းဖြစ်ပါတယ်။သင်တန်းသားတိုင်းကို လက်တွေ့သင်ယူ လေ့လာနိုင်ရန်အတွက် တစ်ဦးလျှင် စက်တစ်လုံးနှုန်းဖြင့် သင်ကြားပေးမည် ဖြစ်ပါတယ်။ Desktop နှင့် Notebook များ၏ အစိတ်အပိုင်းများကို ဖြုတ်/တပ် ပြင်ဆင် လှဲလှယ်ခြင်း များ၊ Windows တင်ခြင်း ပြန်လည်ပြုပြင်ခြင်းများ နှင့် Network ချိတ်ခြင်းများကိုပါ သင်ကြားပေး ပါမည် ဟုသိရပါတယ်။ Hardware Error, Windows Error များကိုလေ့လာခြင်း ပြန်လည်ပြု ပြင် ထိန်းသိမ်းခြင်းများလည်း ပါဝင်မည်ဖြစ်ပြီး လုပ်ငန်းခွင်သို့ ဝင်ရောက်လုပ်ကိုင်နိုင်ရန်အတွက် ဦးစားပေးသင်ကြားပေးမည် ဖြစ်ပါတယ်။ ယခုသင်တန်းကို Computer Hardware Technician အဖြစ် လုပ်ငန်းသို့ ဝင်ရောက်လုပ်ကိုင်လိုသူများ ၊ ကွန်ပျူ တာအကြောင်း အခြေခံမှစ၍ နားလည် လိုသူများအတွက် သင့်တော်မည်ဖြစ်ပါတယ်။ Practial A+ သင်တန်းကို တက်ရောက်လိုသူ များအတွက် အောက်တိုဘာလ ၂၁ ရက်နေ့တွင် တာမွေ နှင့် မြေနီကုန်း KMD Centre တွင်လည်းကောင်း၊ ၂၄ ရက်တွင် လှည်းတန်း KMD Centre တွင်လည်းကောင်း တန်းခွဲသစ်များကို ဖွင့်လှစ်သင်ကြားပေးသွားမည် ဖြစ်ကြောင်းသိရှိရပါတယ်။ သင်တန်းကြေး ၄၆,ဝ၀ဝ ကျပ်ဖြင့် သင်တန်းကာလတစ်လ (နာရီ ၃၀) ကြာမြင့်မည်ဖြစ်ပါတယ်။ သီတင်းကျွတ်ကာလတွင် KMD စင်တာ များ၌ Training Discount Register ပြုလုပ်ထားသူများအနေဖြင့် Discount အစီအစဉ်များ ဖြင့်လည်း သင်တန်းအပ်နှံနိုင်ပါတယ်။ အသေးစိတ် စုံစမ်းသိရှိလိုပါကဖုန်း KMD 01-527-436,524-400,541-328 သို့ ဆက်သွယ်နိုင်ပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *