News

ကမ္ဘာ်ဘ့အဆင့် နည်းပညာ ကုမ္ပဏီကြီးဖြစ်သည့် HTC နှင့် စံမြန်မာ၊ KMD တို့ ပူးတွဲ ဖွင့်လှစ်လိုက်သည့် HTC Concept Store နှင့် Sevice Centre များ

htc-kmd

နည်းပညာ ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် HTC နှင့် စံမြန်မာ၊ KMD ကုမ္ပဏီတို့ ပူးပေါင််းလက်တွဲ၍ HTC Concept Store နှင့် Service Centre များကို ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း သိရှိရပါတယ်။ HTC Concept Store များသည် Phone အရောင်းဆိုင် သက်သက်မဟုတ်ဘဲ HTC ၏ နောက်ဆုံးထွက်ရှိလာသည့် ကမ္ဘာ့ အဆင့်မီ နောက်ဆုံးပေါ် နည်းပညာများကို ၀ယ်ယူစရာ မလိုဘဲ စိတ်ပါ၀င်စားသူများ ကိုယ်တိုင် စမ်းသပ်နိုင်ရန် စီစဉ်ပေးထားသောနေရာများလည်း ဖြစ်ပါတယ်။ သာမန် စကားပြောရုံ ဖုန်းတစ်လုံးထက် ပိုတဲ့ လုပ်ငန်းစုံ သုံးလို့ရတဲ့ Magic Device တစ်ခုကို မိတ်ဆက်ပေးခဲ့ပြီး ပြည်တွင်းမှ အသုံးပြုသူနှင့် developerများအတွက်ပါ အဆင်ပြေစေမည့် ec၀ systemကိုပါ မိတ်ဆက် ပေးထာတယ်လို့ သိရပါတယ်။ မိတ်ဆက်ပေးခဲ့တဲ့ HTC Model (၆) မျိုးမှာ – Desire C, Desire VC, Desire X, One X, One X + နဲ့ Butterfly Model များပဲ ဖြစ်ပါတယ်။ Butterfly Model ဆိုလျှင်လည်း တခြားနိုင်ငံ အတော်များများထက် ဦးစွာ မြန်မာနိုင်ငံတွင် ဖြန့််ဖြူးပေးခြင်း ဖြစ်ကြောင်း သိရှိရပါတယ်။

HTC Concept Storeများကို ယခုနှစ််မှ ဖွင့်လှစ်နိုင်ရခြင်းမှာ HTC Handset များသည် မြန်မာနိုင်ငံ၏ Telecom စနစ်များနှင့် ကိုက်ညီမှု ရှိမရှိ၊ ခရီးသွားစဉ် အသုံးပြုလျှင် လိုင်းချို့ယွင်း ပြတ်တောက်မှု ရှိမရှိ၊ မြို့ကြီးများတွင် ဖုန်းအသုံးပြုမှု များသောအခါ Application မျိုးစုံ သုံး၍ ရမရ၊ Auto Run နေချိန်တွင် Radio Signal Quality ပြောင်းလဲမှု ရှိမရှိ စသည့် စမ်းသပ်မှု မျိုးစုံ ပြုလုပ်စေခြင်း၊ ServiceEngneer များကို ပြည်တွင်း ပြည်ပလုပ်ငန်းခွင် သင်တန်းများ တက်ရောက်စေရခြင်းနှင့် အကြိမ်ကြိမ် စစ်ဆေးပြီးမှ အကောင်းဆုံး ထုတ်လုပ်ထားခြင်းတို့ကြောင့် ဖြစ်ပါတယ်။

ထို့အပြင် KMD အနေနဲ့ ကမ္ဘာ့ပထမဦးဆုံး မြန်မာစာ Eco System စံနစ်ပါ၀င်သော HTC Smart Phone တွေကို မိတ်ဆက်ရာမှာ အာမခံသက်တမ်းကို တစ်နှစ်ခွဲအထိ Service တိုးမြှင့်ပေးသွားမှာ ဖြစ်ကြောင်း ၊ ၎င်းဖုန်းတွေရဲ့ သာလွန်ကောင်းမွန်တဲ့ Feature တွေကို လေ့လာသင်ယူနိုင်ဖို့ အခမဲ့ User Experience Training တွေကိုလည်း စီစဉ်ပေးသွားမှာဖြစ်ကြောင်းနှင့် အခြား မြို့ကြီးတွေမှာလည်း HTC Concept Store တွေ အများအပြား ဖွင့်လှစ်သွားဖို့လည်း စီစဉ်လျက်ရှိကြောင်း သတင်းကောင်းများအဖြစ် တင်ဆက်လိုက်ရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *