Gaming

pid

pid-game

ဒီအပတ် Game Review ကဏ္႑အတွက် အောက်တိုဘာ ၃၁ ၂၀၁၂ မှာ Might and Delight (www.mightanddelight.com) ကနေ ဖြန့်ချိခဲ့တဲ့ MSRP (Entertainment Software Rating Board) ရဲ့ E10+ (Everyone 10 and older) အမျိုးအစား ဖြစ်ပြီး 2012 မှာ European Innovative Game Award (www.innovative-games.eu) ကို လျာထားခြင်း ခံခဲ့ရတဲ့ Pid ဆိုတဲ့ Game ကို မိတ်ဆက်ပေးလိုက်ပါတယ်။
Pid Game ဟာ ဖန်တီးမှု စွမ်းအားကောင်းကောင်း ပုံစံဆန်းသစ်မှု ကောင်းကောင်းတွေနဲ့ retro-flavored platforming ဖြစ်ပြီး စွန့်စားခန်း ဒီဇိုင်းတွေကို လူတိုင်းနဲ့ ရင်းနှီးပြီးသားဖြစ်တဲ့ 2D ကစားပုံကစားနည်း အပေါ်အောက်၊ အောက်အပေါ် သွားပုံသွားနည်းအတိုင်း ဖြစ်ပါတယ်။ ဆော့ဖြစ်မယ်ဆိုရင် အဓိကဇာတ်ကောင်ဖြစ်တဲ့ Kurt ဆိုတဲ့ ကောင်လေး နေရာကနေ ၀င်ရောက် ဆော့ရမှာ ဖြစ်ပါတယ်။ Kurt ဆိုတဲ့ ကောင်လေးဟာ ေ၀းလှံခေါင်းပါးတဲ့ တစ်ခြားဂြိုလ်မှာ သောင်တင်နေပြီး အိမ်ပြန်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။

သူ့ရဲ့ အိမ်ပြန်လမ်းမှာ များပြားလှတဲ့ မြို့များ၊ ရဲတိုက်များ ပဟေဠိဆန်တဲ့ ထပ်ခိုးအဆင့်ဆင့်များ၊ လေဟာနယ်ထဲက အခန်းများ၊ အိပ်မက်ဆန်တဲ့ အခန်းများ၊ ကြောက်စရာကောင်းတဲ့ ကမ်ဘာကြီးတစ်ခုလို ဆီးကြိုနေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Kurt ရဲ့ အဓိက ရန်သူ (တိုက်ခိုက်ရမဲ့သူ) များ ဖြစ်ကြတဲ့ ပုံစံအမျိုးမျိုး အသွင်သွင်ဆောင်တဲ့ စက်ရုပ်တွေက သူ့ရဲ့အိမ်ပြန်လမ်းကို တားဆီးကြမှာ ဖြစ်ပါတယ်။
ဒါ့အပြင် Kurt နဲ့ မဟာမိတ်ဖွဲ့ဖို့ အလားအလာ မရှိတဲ့ လျှို့၀ှက်အဖွဲ့အစည်းအကြီးကြီးကလည်း ရှိပါသေးတယ်။ သူတို့ဟာဆိုရင်လည်း Kurt ရဲ့ ရောက်ရှိတဲ့ အိမ်ပြန်လမ်းတိုင်းမှာ နည်းလမ်းပေါင်းစုံနဲ့ ညှို့ယူဖမ်းစား တားဆီးမှာ ဖြစ်ပါတယ်။

Pid ဟာ co-op mode (Cooperative gameplay) နည်းနဲ့ Player နှစ်ယောက် အတူတူ စွန့်စားခန်းများ ဉာဏ်စမ်း လှည့်ကွက်များကို လုံခြုံ လွယ်ကူစွာ Level များကို ကျော်နိုင် ကစားနိုင်၊ ကူညီနိုင်ကြမှာ ဖြစ်ပါတယ်။ နှစ်ဦးလုံးဟာ တစ်ဦးနဲ့ တစ်ဦး ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ ဖြစ်နေ ပါလိမ့်မယ်။ အကယ်၍ Player နှစ်ယောက် အတူတူ ကစားဖြစ်တယ်ဆိုရင် တစ်ဦးတစ်ယောက်တည်း ကစားတာထက် ပိုအဆင်ပြေမှာဖြစ်ပြီး Game အခန်းတိုင်း အခန်းတိုင်းကို လွယ်ကူစွာ အောင်မြင်နိုင်မှာ ဖြစ်ပြီး အရှေ့မှာ ပိုစိတ်၀င်စားစရာကောင်းတဲ့ အခန်းတွေက ဆီးကြိုနေပါလိမ့်မယ်။
Pid Game ရဲ့ နောက်ခံ တေးဂီတဟာဆိုရင်လည်း Game အခန်းတိုင်းဆီမှာ သူ့အခန်းနဲ့သူ လိုက်ဖက်တဲ့ ဂီတကို ဖန်တီးထားတာတွေ့ရပြီး Player ဟာ ကစားနေရင်း Level တွေတက်ဖို့ တစ်စိတ်တစ်ဒေသအထိ ပံပိုးနိုင်တယ်လို့ ဆိုထားပါတယ်။

Pid Game ဂီတကို Retro Family (www.youtube.com/user/TheRetroFamily)လို့ ခေါ်တဲ့ Game တွေ၊ ရုပ်ရှင်တွေအတွက် အလေးပေး ရေးစပ် သီးကုံးပေးတဲ့ အဖွဲ့က ရေးစပ်ထားတယ်လို့ ဆိုပါတယ်။

ဒီ Game ကို Xbox, PC နဲ့ Mac မှာ ဆော့နိုင်မှာဖြစ်ပြီး၊ PlayStation အတွက်တော့ အနည်းငယ်ကြာမှ ဖြန့်ချိမယ်လို့ သိရပါတယ်။ Pid Game အကြောင်းကို ပိုမို သိလိုတယ်ဆိုရင်တော့ (www.pidgame.com) မှာ အသေးစိတ် ၀င်ရောက်ဖတ်ရှုနိုင်မှာ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *