Mobile

HTC Desire X

htc-desire-x

Incredibly Smart Authentic Sound

စွမ်းအားနှစ်ဆနှင့် အ့ံသြဖွယ်ရာကင်မရာကို SMARTPHONE ရဲ့ အဆင့်အတန်းနဲ့အညီပေါင်းစပ်ထားတဲ့ HTC Desire X.

မယုံနိုင်စရာကောင်းလောက်တဲ့ နည်းပညာ

အံ့သြဖွယ်ကောင်းလှတဲ့ ကင်မရာ၊စတူဒီယိုထဲမှာ နားဆင်နေရတဲ့အလား ထင်မှားလောက်တဲ့ Beats Audio ရဲ့ အစွမ်း၊စွမ်းအားနှစ််ဆထက်တဲ့ အခါမှာ တော့ လှပသပ်ရပ်ပြီး (၄) လက်မအရွယ်ရှိတဲ့မှန်နဲ့အတူ မယုံနိုင်စရာကောင်းလောက်တဲ့ X-Factoer စူပါပါဝါရှိတဲ့ HTC Desire X ဆိုတဲ့ဖုန်းလေး ပေါ် ပေါက်လာပါတယ်။

အစွမ်းထက်လှတဲ့ ကင်မရာရဲ့ ရိုက်ချက်

လှပဆန်းကြယ်တဲ့ ပုံလေးတွေကို ပိုင်ဆိုင်လိုပါသလား။ BSI ပါတဲ့ အဆင့်မြင့်ဆုံး f2.0 မှန်ပြောင်းနဲ့အတူ ပေါင်းစပ်ထားတဲ့ Imagechip နည်းပညာတွေရဲ့ ကျေးဇူးကြောင့် အံ့ဖွယ်ပုံရိပ်တွေကို အလင်းရောင် ကင်းမဲ့တဲ့ အမှောင်ထဲမှာတောင် Desire X ရဲ့ ကင်မရာတိုင်းက အကောင်းဆုံးဖြစ်အောင် ရိုက်နိုင်ပါ တယ်။ ပုံပေါင်း(၃၀) ကို မရပ်မနားတရစပ် ရိုက်ကူးနိုင်စွမ်းရှိတဲ့အချက်ကလည်း ဒီကင်မရာရဲ့ အစွမ်းကို ပြီးပြည့်စုံ သွားစေပါတယ်။ သင်ရိုက်လိုသမျှ ပုံ တွေကို အကောင်းဆုံးဖြစ်ဖို့ ဒီကင်မရာက လုံး၀တာ၀န်ယူပါတယ်။

Beats Audio ™

HTC Smartphone ဟာလို်သလို ညှိယူလို့ရတဲ့ Beats Audio ™ နဲ့ပေါင်းစပ်တီထွင်ထားတဲ့ တစ်ခု တည်းသော ဖုန်းဖြစ်ပါတယ်။ အသံကီးအမျိုးမျိုးကို အနိမ့်ဆုံးမှ အမြင့်ဆုံးအထိ ကြည်လင်ပြတ်သားစွာ နားဆင်နိုင်မှာ ဖြစ်ပါတယ်။ အသံသွင်းပညာရှင်တစ်ယောက် အသံသွင်းနေစဉ်ကြားရတဲ့ နဂိုအသံ အတိုင်းကို တောက်လျှောက်နားထောင်နိုင်မှာ ဖြစ်ပါတယ်။

စွမ်းအားနှစ်ဆရှိတဲ့ Processor ရဲ့ စွမ်းဆောင်မှု

မြန််ဆန်တဲ့ Dyal –Core Processor နဲ့အတူ များများဆန့်တဲ့ RAM (စက်ရဲ့ ခေတ္တယာယီ သိမ်းဆည်းဖို့ နေရာ) ကို အသုံးပြုထားတဲ့အတွက် သင်ခိုင်းစေ သမျှကို လျင်မြန်စွာတုံ့ပြန်နိုင်တဲ့အပြင် ယနေ့ခေတ်ရဲ့ အဆင့်အမြင့်ဆုံး၊ ပေါ်ပြူလာအဖြစ်ဆုံး apps တွေကို တစ်ပြိုင်တည်းအသုံးပြုနိုင်ပါတယ်။

အလိုလိုကြားခံဆက်သွယ်ပေးသောနည်းစနစ်

Desire X ရဲ့ ပြည့်၀စုံလင်ပြီး အလိုလို လွယ်ကူစွာသုံးနိုင်တဲ့ ဆော့၀ဲလ်တွေက သင့်ကို အကောင်းဆုံး အတွေ့အကြုံတွေရရှိစေဖို့ စွမ်းဆောင်ပေးပါလိမ့် မယ်။ Lockscreen-to-app ကို သုံးပြီး ဖုန်းကိုသော့ခတ်လို့ ရတဲ့အပြင် ဖုန်းထဲမှာရှိတဲ့ apps တွေကို လဲလိုသလို စိတ်ကြိုက်လော့က်ခ် (Lock) လုပ်ထား လို့ရပါတယ်။ Smart Dial ကို သုံးပြီး လူနာမည်ကိုဖြစ်စေ၊ဖုန်းနံပါတ်ကိုဖြစ်စေ ရိုက်နှိပ်ပြီး ဖုန်းစာအုပ်ထဲက လူတွေကို အလွယ်တကူရှာဖွေနိုင်ပါတယ်။ အကောင်းဆုံးကတော့ တာရှည်အသုံးပြုနိုင်ခြင်းပဲ ဖြစ်ပါတယ်။ နောင်ထွက် ပေါ်လာမယ့် အဆင့်ပိုမြင့်တဲ့ နည်းစနစ်အင်္ဂါရပ်တွေကို DesireXမှာဆက်လက် အသုံးပြုနိုင်မှာပါ။

ပုံစံ

Desire X ရဲ့ ခေတ်ပေါ်လှပတဲ့ အသွင်ပုံသဏ္႑ာန်ဟာ အခုဖော်ပြမယ့် ဖုန်းရဲ့ အသုံး၀င်မှုတွေကို ပိုပြီး ပေါ်လွင်စေပါတယ်။ သေးသွယ်တဲ့ ပုံစံရှိတဲ့အတွက် သင့်ရဲ့လက်ထဲမှာဖြစ်ဖြစ်၊ အိတ်ကပ်ထဲမှာဖြစ်ဖြစ် အလွယ်တကူ သယ်ဆောင်လို့ရတဲ့ အရွယ်အစားပါ။ အံ့မခန်းလှတဲ့ ဘက်ထရီရဲ့ အစွမ်းပကားကြောင့် သင့်ရဲ့များပြားလှတဲ့အလုပ်တွေကို စိတ်ပူပန်မှုမရှိဘဲ အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်မှာပါ။

တောက်ပတဲ့ အသွင်အပြင်

လေးလက်မအရွယ်ရှိတဲ့ WVGA (ပိုကြီးတဲ့ ဗီဒီယို ရုပ်ထွက်စနစ်) ကို သုံးထားတဲ့ စူပါ LCD မှန်ကို သုံးထား တဲ့အတွက် အရာအားလုံးကို ပီပြင်စွာမြင်နိုင်ပြီး အသုံးပြုရာမှာ ပိုမိုလွယ်ကူစေပါတယ်။ ကောင်းမွန်သော ရုပ်ပုံမြင်ကွင်းတွေနဲ့ အထူးကြည်လင်ပြတ်သားမှုကြောင့်လည်း ဗီဒီယိုနဲ့ဂိမ်းတွေကို အသုံးပြုတဲ့ အခါမှာ တစ်မူထူးခြားတဲ့ ခံစားမှုတွေ ပေးစွမ်းမှာဖြစ်ပါတယ်။

Dropbox ဆော့၀ဲလ်နဲ့ ပေါင်းစည်းသုံးစွဲခြင်း

*၅မီဂါပစ်ဆာရှိတ့ဲ ဓာတ်ပုံပေါင်း (၂၀၀၀၀) သို့မဟုတ် သီချင်းပုဒ်ရေ (၆၀၀၀၀)**( ၁၇ ရက်ဆက်တိုက် နားထောင်နိုင်တဲ့ သီချင်းပုဒ်အရေအတွက်နှင့် ညီမျှသော)၊ စာရွက်စာတမ်းတွေပါ သိမ်းဆည်းထားနိုင်ပြီး၊ အချိန်မရွေး သင့်ရဲ့ဖုန်းမှတစ်ဆင့် လိုသလိုအသုံးချနိုင်ပါတယ်။

ဖုန်းရဲ့အသေးစိတ်အချက်အလက်များ

မော်ဒယ်လ်: တီ၃၂၈အီး
CPU ရဲ့မြန်ဆန်မှုနှုန်း: ၁ဂီဂါဟာ့ဇ်(1GHz) Dual-Core
ဆော့ဒ်၀ဲလ်: Android ကို အခြေခံထားတဲ့ HTC Sense ဆော့ဒ်၀ဲလ်
ဖိုင်တွေသိမ်းဆည်းဖို့ နေရာစုစုပေါင်း ဖုန်းထဲမှာ ၄ဂျီဘီ*နေရာသိမ်းဆည်းနိုင်ပြီး၊ Dropbox ထဲမှာ ၂၅ဂျီဘီကို ၂နှစ်အလကား အသုံးပြုနိုင်ပါတယ်။
အရွယ်အစား၊အလေးချိန် : ၁၁၈မီလီမီတာ(အလျား)၊ ၆၂မီလီမီတာ (အနံ)၊၉.၃မီလီမီတာ(အထူ)၊ ၁၁၄ဂရမ်အလေးချိန်(ဘက်ထရီ အပါအ၀င်)
ဖုန်းရဲ့အသွင်အပြင် : ၄လက်မအရွယ်ရှိပြီး WVGA (ပိုကြီးတဲ့ ဗီဒီယို ရုပ်ထွက်စနစ်) ကိုသုံးထားတဲ့ မှန်၊ ၄၈၀×၈၀၀ ပစ်ဆာ(အစက်တွေ ပေါင်းစည်းထားတဲ့ ) ရုပ်ထွက်စွမ်းရည်။
အသံ : Beats Audio ™ ရဲ့ နည်းစနစ်
နက်ေဝါ့က်ဒါ : UMTS Dual Band (၉၀၀/၂၁၀၀ မီဂါဟာ့စ်ဒ်) GSM/GPRS/EDGE Quad-band(၈၅၀/၉၀၀/၁၈၀၀/၁၉၀၀မီဂါဟာ့စ်ဒ်
ဆက်သွယ်မှု : ၃.၅ မီလီမီတာ စတူဒီယိုနားကြပ်နှင့်ဆက်သွယ်ရန်အပေါက် Bluetooth® Wi-Fi®Micro-USB အပေါက်
အပို : MicroSD™ (အသေးစား ဆင်းကဒ်ထည့်ရန်နေရာ)
ကင်မရာ : ၅မီဂါပစ်ဆာရှိသော ကင်မရာဖြင့် f2.0/၂၈ မီလီမီတာမှန်ပြောင်း BSI and ImageChip LED flash ဖြင့် Auto focus
ဘက်ထရီ : ပြန်လည်အားသွင်းနိုင်သော Li-ion ဘက်ထရီအမျိုးအစား၊ Capacity ၊၁၆၅၀mAh

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *