News

ဆိုနီက ရေစိုခံစမတ်ဖုန်း အသစ်ထုတ်လုပ်ဦးမည်

ကမ္ဘာကျော် နည်းပညာကုမ္ပဏီ Sonyအနေနဲ့ လာမယ့် စက်တင်ဘာ ၄ရက်နေ့မှာ ရေစိုခံ စမတ်ဖုန်းအသစ် တစ်လုံး ထုတ်လုပ်ဖြန့်ချိ သွားနိုင်ဖွယ်ရှိတယ်လို့ သတင်းရရှိပါတယ်။ အဆိုပါ သတင်းဟာ ဆိုနီရဲ့ ဗီဒီယိုတစ်ခုကနေ ထွက်ပေါ်လာတာ ဖြစ်ပြီး စမတ်ဖုန်းရဲ့ Spec:တွေကိုတော့ အတိအကျ မသိရသေးပါဘူး။ ခန့်မှန်းပြောဆိုချက်တွေ အရတော့ အဆိုပါစမတ်ဖုန်းကို “Xperia Z1”လို့ နာမည်ပေးထားပြီး မျက်နှာပြင်အကျယ် ၅လက်မနဲ့ Qualcomm Snapdragon 800 Chipsetတပ်ဆင် အသုံးပြုကာ ကင်မရာကိုလည်း 21MPအရည်အသွေး ရှိမယ်လို့ သိရပါတယ်။ Processorကတော့ လက်ရှိထွက်ထားတဲ့ Xperia Z Ultraနဲ့ အတူတူပဲ ဖြစ်ပြီး Z Ultraထက် ကင်မရာပိုကောင်းမယ် လို့ဆိုပါတယ်။ သတင်းထွက်ခဲ့တဲ့ ဗီဒီယိုထဲမှာတော့ ဆိုနီရဲ့ စမတ်ဖုန်း ဘယ်လောက်အကြမ်းခံကြောင်းကို ရေထဲမှာ နှစ်မြှုပ်ပစ်တဲ့ ပုံစံမျိုးနဲ့ သရုပ်ဖော်တင်ဆက် ထားတာကိုတွေ့ရပါတယ်။ မြန်မာအိုင်စီတီ ပရိသတ်ကြီးကော ဆိုနီပရိသတ် ဆိုရင်“Sony Xperia Z1”နဲ့ ပတ်သက်ပြီး ဘယ်လိုထင်မြင်မိပါသလဲ?

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *