News

ပြတင်းပေါက်အစား Display များ တပ်ဆင်ထားတဲ့ လေယာဉ်ပျံ

Spike Aerospace က ပြတင်းပေါက်အစား Display များတပ်ဆင်ထားတဲ့ Supersonic Jet လေယာဉ်ပျံ ကို ထုတ်လုပ်မယ်လို့ ကြေညာပါတယ်။ လေယာဉ် နံရံများ ကို Display များနဲ့ အစားထိုး တပ်ဆင်ထားပါတယ်။ လေယာဉ် ရဲ့အပြင်ဘက်မှာ ကင်မရာများ တပ်ဆင်ထားမှာဖြစ်ပြီး ရိုက်ကူးတဲ့ ဗီဒီယို တွေကို အတွင်းဘက် နံရံ Display မှာ ပြသမှာဖြစ်ပါတယ်။ လေယာဉ်စီးနင်းသူများ က ပတ်၀န်းကျင်က ရှုခင်းတွေ ၊ ကမ္ဘာမြေပေါ်က မြို့ပြအဆောက်အဦးတွေ၊ တိမ်တွေကို ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။

Supersonic Jet လေယာဉ် ဟာ အလွန်လျှင်မြန်ပြီး အမေရိကန် ပြည်ထောင်စု Los Angeles ကနေ ဂျပန်နိုင်ငံ တိုကျိုမြို့ ကို ငါးနာရီအတွင်း မှာ ပို့ဆောင်ပေးနိုင်ပါတယ်။ နယူးယောက် ကနေ လန်ဒန် ကို သုံးနာရီအတွင်းမှာ ပို့ဆောင်ပေးနိုင်ပါတယ်။

Spike Aerospace ရဲ့ စိတ်ကူးကို ရေးဆွဲထားတဲ့ပုံ မှာ လေယာဉ် အတွင်းပိုင်းရဲ့ ပုံစံ ကို ပြသထားပါတယ်။ PowerPoint လို Presentation မှာ လေယာဉ် ဟာ ရှုခင်းတွေရဲ့ အထက်မှာ ပျံသန်းနေတာ ကို ပြသထားပါတယ်။ လေယာဉ် ရဲ့ Display ကို ဂိမ်းကစားဖို့ နဲ့ လုပ်ငန်းသုံး Spreadsheets တွေ အတွက် အသုံးပြုနိုင်မယ်လို့ သရုပ်ပြပုံတစ်ချို့ က ဖော်ပြထားပါတယ်။

Virgin Galatic က အာကာသခရီးသွား ၀န်ဆောင်မှု ကို လာမယ့် နှစ်အနည်းငယ် အတွင်းမှာ စတင်ပြုလုပ်ပေးတော့မှာဖြစ်ပါတယ်။ အဲဒီအာကာသယာဉ်မှာ Display များတပ်ဆင်ထားပြီး အာကာသ ကို ကြည့်နိုင်မယ်ဆိုရင် အလွန် ထူးခြားတဲ့အတွေ့အကြုံကို ရရှိမှာဖြစ်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

2

3

4

5

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *