News

Google Apps များမှာ ရိုက်နှိပ်ထားတဲ့ စကားလုံးများ ကို အကြံပြုပြသပေးနိုင်တဲ့ စွမ်းဆောင်ချက်ပါရှိလာတဲ့ Google Keyboard (Android)

Google က Android အတွက် Google Keyboard App အသစ် ကို ပြုလုပ်ပေးလိုက်ပြီး Google Apps , Service များမှာ ရိုက်နှိပ်ဖူးတဲ့ စကားလုံးများ ကို အကြံပြုပြသပေးနိုင်တဲ့ စွမ်းဆောင်ချက် အသစ် ပါရှိလာပါတယ်။ Keyboard ရဲ့ Color Scheme ကို အဖြူရောင် နဲ့ အပြာရောင် ပြောင်းနိုင်လာပါတယ်။ အရင်ဗားရှင်းတွေမှာ ဖြစ်ပေါ်တတ်တဲ့ အမှားတွေကို ပြင်ဆင်ထားပါတယ်။ တည်ငြိမ်မှု ပိုမိုကောင်းမွန်လာပါတယ်။

Google Apps တွေက ဒေတာ တွေကို ရယူပြီး အကြံပြုချက်တွေ ပြသပေးနိုင်တဲ့အတွက် Google Keyboard ရဲ့ စွမ်းဆောင်ချက် က ပိုမိုကောင်းမွန်လာပါတယ်။ အမှားပြင်ဆင်ချက်တွေလည်း ပိုမိုကောင်းမွန်လာပါတယ်။ ဒေတာ တွေကို ဖုန်းမှာ သိမ်းထားတာဖြစ်တဲ့အတွက် ဖျက်ပစ်နိုင်သလို အဲဒီ စွမ်းဆောင်ချက် ကို Disable လုပ်နိုင်ပါတယ်။

Google က ကီးဘုတ် ကို ဗားရှင်း 2 ကနေ ဗားရှင်း 3.0.19373 သို့ အဆင့်မြှင့်ပေးလိုက်တာဖြစ်ပါတယ်။ Google Keyboard အသစ် ကို အောက်က လင့် ကနေ ရယူနိုင်ပါတယ်။

Download Google Keyboard

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *