News

Qualcomm က Toq စမတ်နာရီ ကိုရောင်းပြီ

နောက်ဆုံးထုတ် စမတ်နာရီ ဖြစ်တဲ့ Qualcomm ရဲ့ Toq စမတ်နာရီ ကို ကြိုတင်မှာယူနိုင်ပါပြီ။ အစောဆုံး၀ယ်ယူသူတွေအတွက် အနက်ရောင် ရရှိမှာဖြစ်ပြီး အင်္ဂါနေ့ က စတင်ရောင်းချပေးလိုက်ပါတယ်။ ဒီဇင်ဘာလ (၂) ရက်နေ့မတိုင်မီ ရောင်းချမှာမဟုတ်ပေမယ့် Qualcomm ရဲ့ Website မှာကြိုတင်မှာယူနိုင်ပါတယ်။ ဒေါ်လာ ၃၅၀ သတ်မှတ်ထားပြီး ရက်သတ္တပတ် တစ်ပတ် မှ သုံးပတ်အတွင်းပို့ဆောင်ပေးမှာဖြစ်ပါတယ်။ အဖြူရောင် စမတ်နာရီ ကို မကြာမီ ရောင်းချမယ်လို့ သိရပါတယ်။

Toq က Bluetooth ကို အသုံးပြုပြီး Jelly Bean နဲ့ သူ့ အထက် OS အသုံးပြုတဲ့ Android Phone တွေနဲ့ ချိတ်ဆက် နိုင်မှာဖြစ်ပါတယ်။ Mirasol Display နည်းပညာ ကို စမတ်နာရီ မှာ အသုံးပြုထားတဲ့အတွက် နာရီ ရဲ့ Display ကို အမြဲတမ်း မြင်နေရမှာဖြစ်ပြီး အလင်းရောင် များတဲ့ နေရာမှာလည်း နာရီ မျက်နှာပြင် ကို ကောင်းစွာ ဖတ်ရှုနိုင်မှာဖြစ်ပါတယ်။

စမတ်နာရီ မှာ ကြိုးမဲ့ အားသွင်းစနစ်ပါရှိပါတယ်။ ဒါ့အပြင် Wireless Stereo ပါရှိပြီး Wireless Headphones တွေကို Bluetooth ကနေတစ်ဆင့် ချိတ်ဆက်နိုင်ပါတယ်။

Qualcomm က Samsung , Sony , Pebble နဲ့ တစ်ခြား စမတ်နာရီ ထုတ်လုပ်တဲ့ Company တွေနဲ့ စမတ်နာရီ ဈေးကွက် မှာ ယှဉ်ပြိုင်တော့မှာဖြစ်ပါတယ်။ မကြာမီမှာ Apple ,Google,, ZTE တို့က လည်း ဒီပြိုင်ပွဲထဲ ပါ၀င်လာဖွယ်ရှိပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *