Mobile

Samsung Galaxy Y I509 (CDMA)

Samsung-Glaxy-y-1509(CDMA)

Samsungရဲ့ CDMA ဟန်းဆက် နောက်တစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အရင်တစ်ပတ်က မိတ်ဆက်ပေးခဲ့တဲ့ ဟန်းဆက်ရဲ့ မော်ဒယ်နဲ့ သိပ်မကွာလှပေမယ့် လုပ်ဆောင်နိုင်မှုတွေမှာတော့ ကွာဟမှုတွေ ရှိတာကြောင့် စိတ်ကြိုက် ဖြစ်မယ့် ဟန်းဆက်ကို ရွေးချယ်နိုင် လေ့လာနိုင်အောင် တင်ပြပေးလိုက်ပါတယ်။

Operating System
Operating Systemက Android v2.3ကို အသုံးပြုထားတာ တွေ့ရပါတယ်။ CPUရဲ့ မြန်နှုန်းက 830 MHzရှိမှာ ဖြစ်တာကြောင့် မော်ဒယ်မြင့် ဟန်းဆက်တွေလောက်တော့ လျင်မြန်အောင် စွမ်းဆောင်ပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဈေးကွက်မှာ အ၀င်နည်းတဲ့ CDMA ဟန်းဆက်တွေထဲမှာတော့ မြန်နှုန်းမြင့် ဟန်းဆက် တစ်ခုအဖြစ် ရပ်တည်နေနိုင်တာ တွေ့ရပါတယ်။ RAM အပိုင်းမှာ 290 MB ပါရှိမှာဖြစ်လို့ Appတွေကို စိတ်ကြိုက်ထည့်သွင်း အသုံးပြုနိုင်ပါလိမ့်မယ်။

Network Type
CDMA စနစ်သုံး ဟန်းဆက်ဖြစ်ပြီး Sim Card ထည့်သွင်းဖို့ နေရာက တစ်နေရာပဲ ပါ၀င်မှာဖြစ်လို့ အားနည်းချက်သဘောမျိုး ဖြစ်နေစေပါတယ်။ ထည့်သွင်း အသုံးပြုနိုင်မယ့် Sim အမျိုးအစားက Normal Sim ဖြစ်ပါတယ်။

Display
Touch Screen စနစ်သုံး ဟန်းဆက်ဖြစ်ပြီး Screen အကျယ်က ၃ လက်မ အပြည့် ရှိပါလိမ့်မယ်။ ပြသပေးနိုင်မယ့် Pixel ပမာဏက 240×320 Pixel ဖြစ်တာမို့ ရုပ်ထွက်ပိုင်းမှာ လိုအပ်ချက် အနည်းငယ် ရှိမှာပါ။ ဒါပေမယ့် အရည်အသွေးမြင့် ဟန်းဆက် မဟုတ်သလို တန်ဖိုးမြင့် ဟန်းဆက် မဟုတ်တာကြောင့် ပြစ်ချက်ရယ်လို့တော့ မဆိုနိုင်ပါဘူး။ Screen အမျိုးအစားက TFT Capacitive Touch-Screen စနစ်ကို အသုံးပြုထားတာကြောင့် သုံးစွဲချိန် ကြာမြင့်လို့ အပူချိန်တက်တာတွေ၊ အပူလှိုင်း ထုတ်လွှတ်မှုတွေ လျော့နည်းပါလိမ့််မယ်။ Screenက ထုတ်ပေးနိုင်မယ့် အရောင်ပေါင်းက ၂၅၆,၀၀၀ ဖြစ်လို့ ရုပ်ထွက်ပိုင်းမှာ ညံ့တယ်လို့ မဆိုနိုင်ပါဘူး။

Body
ဖုန်းရဲ့ အရွယ်အစားက ၁၀၄ × ၅၈ × ၁၁.၅ မီလီမီတာ ရှိမှာဖြစ်ပြီး အလေးချိန်က Battery အပါအ၀င် ၉၈ ဂရမ်သာ ရှိမှာဖြစ်လို့ ပေါ့ပါးတဲ့ ဟန်းဆက်တစ်ခု ဖြစ်ပါတယ်။

Connectivity and Port
3.5 မီလီမီတာ အရွယ်ရှိမယ့် Head Jack တစ်ခု ပါ၀င်မှာ ဖြစ်ပြီး Mediaတွေကို Play လုပ်ပြီး နားဆင်နိုင်မှာပါ။ ဒါ့အပြင် Power Chargerအတွက် Input Portလည်း ပါ၀င်မှာ ဖြစ်ပါတယ်။ GPRS စနစ်နဲ့အတူ 3G, 4G/LTE ကွန်ယက်တွေမှာပါ သုံးစွဲနိုင်မှာ ဖြစ်လို့ အားသာချက်တွေ ဖြစ်စေပါတယ်။
ဒါ့အပြင် Input/ Output လုပ်ဆောင်ချက်တွေ အတွက် USB 2.0 Port တစ်ခု ပါ၀င်ဦးမှာ ဖြစ်ပါတယ်။ Wireless စနစ်မှာတော့ Wi-Fi စနစ်နဲ့ Bluetoothတွေကို သုံးစွဲနိုင်မှာပါ။

Memory
External Memory တပ်ဆင် ထည့်သွင်းပေးထားမှုက 180 MBပဲ ရှိတာမို့ ဟန်းဆက် ၀ယ်ယူတာနဲ့ တစ်ပြိုင်နက် SD Cardကိုပါ တစ်ခါတည်း ၀ယ်ယူသုံးစွဲမှ အဆင်ပြေပါလိမ့်မယ်။ SDကို Extended လုပ်နိုင်မှုက 32 GBထိ မြှင့်တင် သုံးစွဲနိုင်ပါလိမ့်မယ်။

Camera
Camera အပိုင်းကတော့ 2 Mega Pixel စွမ်းအားပဲရှိတဲ့ ကင်မရာကို သုံးထားလို့ ပုံရိပ်ဖမ်းယူနိုင်မှုမှာ အားနည်းနိုင်ပါတယ်။ Geo-Tagging စနစ်ကိုပါ တွဲဖက် သုံးစွဲနိုင်မှာ ဖြစ်ပြီး၊ Resolution စုစုပေါင်းက 1600×1200 Pixel ရှိပါလိမ့်မယ်။ Secondary ကင်မရာ ပါ၀င်တပ်ဆင်ထားခြင်း မရှိတာ တွေ့ရပါတယ်။ ဒါ့အပြင် HD Video ရိုက်ကူးမှုတွေ လုပ်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ Flash Light တပ်ဆင် ထားခြင်းမရှိပဲ Auto Focusလည်း သုံးစွဲလို့ မရပါဘူး။

Battery and Price
Standard Battery Lithium-Ionကို အသုံးပြုထားပြီး စွမ်းရည်က 1200 mAh ရှိပါတယ်။ Stand By အခြေအနေအဖြစ် 2G ကွန်ယက်မှာ နာရီပေါင်း ၈၅၀နဲ့ 3G ကွန်ယက်မှာ နာရီပေါင်း ၄၅၀ အသုံးခံပါလိမ့်မယ်။ Talk Tmeမှာတော့ 2G ကွန်ယက်ကို ၁၇ နာရီနဲ့ 3G ကွန်ယက်ကို ၆.၃ နာရီကြာအောင် သုံးစွဲနိုင်ပါလိမ့်မယ်။ ဈေးနှုန်းက အနီးစပ်ဆုံးအဖြစ် အိနိ္ဒယမှာ ရူပီး ၇၄၄၅နဲ့ ဖြန့်ချိထားပါတယ်။
Ref: www.flipkart.com

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *