News

Samsung Galaxy Tab 3 မိတ်ဆက်ပြီ

Samsung Galaxy Tab 3

Samsung Galaxy Tab၏ Series အသစ်ဖြစ်သည့် မျိုးဆက်သုံးခုမြောက် Tab 3ကို သြဂုတ်လ ၂ရက် မွန်းလွဲ ၂နာရီက Park Royal Hotel၌ ပစ္စည်းသစ် မိတ်ဆက်ပွဲ ကျင်းပခဲ့သည်ဟု သိရသည်။ အဆိုပါ Galaxy Tab 3 မျိုးဆက်သစ်ကို အရွယ်အစား သုံးမျိုး ထုတ်လုပ်ထားပြီး တစ်နှစ်တာ အာမခံချက်ဖြင့် ထုတ်လုပ်ဖြန့်ချိသွားမည် ဖြစ်သည်ဟု ဆိုသည်။

“အခု ထွက်တဲ့ Tabက ပါးပါးလေးတွေ၊ ပေါ့လည်း ပေါ့တယ်။ Applicationsတွေကို သုံးတဲ့အခါ ပိုမြန်တယ်။ သူ့ကို Tabletလည်း သုံးလို့ရသလို SIMကတ် ထည့်သုံးလို့လည်း ရတယ်။ အဲဒီအထဲမှာမှ 7” Tab 3တစ်ခုတည်းပဲ ဖုန်းအသွင်တစ်မျိုးနဲ့ Tablet အသွင်ဆိုပြီး ပုံစံနှစ်မျိုး ထုတ်လုပ်ပေးထားပါတယ်”ဟု Samsungမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Sansung Galaxy Tab 3အား 7”, 8”, 10.1”သုံးမျိုး ထုတ်လုပ်ပေးထားပြီး ၎င်း Tabများသည် မိသားစု Share ပြုလုပ်ကာ အသုံးပြုနိုင်ပြီး Group Play ပြုလုပ်၍ ဂိမ်းများ ဆော့နိုင်သည်ဟု သိရသည်။ အဆိုပါ Galaxy Tab3များသည် ဘက်ထရီအားဖြင့် ယင်းအထဲတွင် ပါဝင်သော ဆော့ဖ်ဝဲအားလုံးကို အသုံးပြုနိုင်သည့် အားအင်များ ထည့်ထားသောကြောင့် တစ်ရက်လုံး၊ ဘက်ထရီအား ခံနိုင်သည်ဟု သိရပြီး ဈေးနှုန်းများအားဖြင့် နှစ်သိန်းကျော်နှင့် လေးသိန်းကျော်အထိ ရှိသည်ဟု ဆိုသည်။

 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *