News

အောင်မြင်စွာပြီးစီးခဲ့သည့် Yangon ICT Fair 2013

ယမန်နေ့က ရန်ကုန်မြို့၊ ဦး၀ိစာရလမ်းရှိ တပ်မတော်ခန်းမတွင် မြန်မာပြည်မှ နည်းပညာကုမ္ပဏီများစွာ ပါ၀င်သည့် Yangon ICT Fair 2013 ကို အောင်မြင်စွာကျင်းပပြီးစီးခဲ့သည်။ မိုဘိုင်းဖုန်း၊ ကွန်ပျူတာနှင့် ဆက်စပ်ပစ္စည်းများသာမက အိမ်သုံးလျှပ်စစ်ပစ္စည်းများပါ ခင်းကျင်းပြသခဲ့သည်။ ပြပွဲသို့လာရောက်သူတိုင်းအား ကုမ္ပဏီကြီးများမှ ကံစမ်းမဲများဖောက်ပေးသည့် အစီအစဉ်အပြင် ၀င်ပေါက်၌ Form ဖြည့်ပြီး ကံစမ်းမဲပေးသည့်အစီအစဉ်လည်း ကျင်းပခဲ့သည်။ ကံစမ်းမဲအစီအစဉ်တွင် Toyota Belta ကားတစ်စီး၊ Singapore Universal Studio သို့လည်ပတ်ခွင့်၊ Panasonic VIERA 42” TV နှင့် urBeats In-Ear Headphones စသည်တို့ပါ၀င်ခဲ့သည်။ HTC One, HTC Butterfly, Sony Xperia Z Series နှင့် Samsung Galaxy Series များကို ပရိသတ်များ အထူးစိတ်၀င်စားခဲ့ပြီး 3D TV, Digital Camera, Tablet, Laptop, Desktop များသာမက USB Memory Stick, Accessories လည်း ပြသရောင်းချခဲ့သည်။ အထူးအစီအစဉ်အနေဖြင့် HTC ကဲ့သို့သော မော်ဒယ်မြင့်ဟန်းဆက်များ၊ Laptop, Tablet များ၀ယ်ယူလျှင် ငွေသားချက်ချင်းပြန်အမ်းသည့် အစီအစဉ်လည်းကျင်းပခဲ့သည်။ လာရောက်လေ့လာသူများစွာ ရှိခဲ့ပြီးတပ်မတော်ခန်းမအနေဖြင့် အလားတူပွဲများစွာကို ထပ်မံကျင်းပသွားရန် အစီအစဉ်ရှိကြောင်းသိရသည်။

One thought on “အောင်မြင်စွာပြီးစီးခဲ့သည့် Yangon ICT Fair 2013

  1. KST says:

    နည်းပညာပြတာမဟုတ်ဘူး. ရောင်းမထွက်တဲ့ပစ္စည်းတွေ ဈေးလျော့ပြီး ရောင်းတာ…

Leave a Reply

Your email address will not be published. Required fields are marked *