တိုရန်တို အခြေစိုက် Nymi စမတ်လက်ပတ် ကို တီထွင်သူ Bionym နဲ့ Password Manager ဖြစ်သည့် PasswordBox တို့ ပူးပေါင်းလိုက်ပြီဖြစ်ပါတယ်။ Company နှစ်ခုသည် မိုဘိုင်းဖုန်းများ တွင် ၀က်ဆိုက်များ ကို လျှင်မြန်စွာ Login ၀င်ရောက်နိုင်ရန် နှလုံးခုန်နှုန်း ကို အသုံးပြုမှာ ဖြစ်ပါတယ်။
PasswordBox က Password Manager ဖြစ်ပြီး Password များကို သိမ်းဆည်းပေးနိုင်သလို ကွန်ပြူတာ ၊ မိုဘိုင်း ၊ တက်ဘလက်များ တွင် ၀က်ဆိုက်များ ကို အလွယ်တကူ Login ၀င်ရောက်နိုင်ပါတယ်။ PasswordBox နဲ့ Nymi တို့ ပူးပေါင်းခြင်းဟာ ၀က်ဆိုက်များ မှာ Login ၀င်တဲ့ နည်းပညာ ကို ဆန်းသစ်နိုင်မှာ ဖြစ်ပါတယ်။ Nymi က Proximity Sensor နဲ့ Gesture များကို အသုံးပြုပြီး Login ၀င်ပေးမှာ ဖြစ်ပါတယ်။
Nymi က PasswordBox ရဲ့ မိုဘိုင်းဖုန်းများ မှာ ခလုတ်တစ်ချက်နှိပ်ရုံနဲ့ Login ၀င်ပေးနိုင်တဲ့ “1-Tap” စွမ်းဆောင်ချက် ကို အသုံးပြုမှာ ဖြစ်ပါတယ်။ Nymi နဲ့ တွဲဖက် အသုံးပြုခြင်းဖြင့် ခလုတ်တစ်ချက်နှိပ်စရာ မလိုတော့ဘဲ အလိုအလျှောက် Login ၀င်ပေးနိုင်ပါတယ်။ PasswordBox နဲ့ ပူးပေါင်းခြင်းဖြင့် Nymi ရဲ့ စွမ်းဆောင်ချက် ကို ပြသခွင့်ရမှာ ဖြစ်တယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။ Nymi ကို ပြီးခဲ့တဲ့နှစ်က စတင်ရောင်းချပေးခဲ့တာဖြစ်ပါတယ်။
Bionym က နှလုံးခုန်နှုန်း နဲ့ Bitcoin Wallet ကို ၀င်ရောက် နိုင်တဲ့ ၀န်ဆောင်မှု ကို ပြုလုပ်မယ်လို့ အရင်က ကြေညာခဲ့ဖူးပါတယ်။ Bionym ရဲ့ Login နည်းပညာ ဟာ စားသုံးသူများ ကို စွဲဆောင်နိုင်မယ်လို့ ကျွမ်းကျင်သူများ က သုံးသပ်ပါတယ်။
သာမာန် အားဖြင့် PasswordBox ကို ၀ယ်ယူအသုံးပြုရတာဖြစ်ပေမယ့် Company နှစ်ခု သဘောတူညီချက်အရ Nymi ကို ၂၀၁၅ ခုနှစ် ဇူလိုင်လ မတိုင်မီမှာ ကြိုတင်မှာယူသူများ ဟာ ၀န်ဆောင်မှု ကို တစ်သက်တာ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် တစ်လလျှင် (၁၂) ဒေါ်လာ ကုန်ကျသည့် ၀န်ဆောင်မှု ကို တစ်သက်တာ အခမဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။