News

Online မှာ အတုအယောင် Comments တွေရေးသား စေခိုင်းမှုကြောင့် ဒဏ်ငွေ $340,000 Samsung ပေးဆောင်ရမည်

Samsung က သူ့  ရဲ့  ပြိုင်ဖက်တွေနဲ့ပတ်သက်ပြီး အတုအယောင် Comments, သိက္ခာကျစေတဲ့ အကြောင်းအရာတွေကို ရေးသားခိုင်းစေမှု ကိုစစ်ဆေးသိရှိပြီးနောက် ဒဏ်ငွေ $340,000 ပေးဆောင်ရတော့မှာဖြစ်ပါတယ်။ April လတုန်းက Taiwan Fair Trade Commission (FTC) က စတင်စုံစမ်းစစ်ဆေးမယ်လို့ ပြောကြားခဲ့ပါတယ်။

စုံစမ်းစစ်ဆေးမှုက Samsung မှာအပြစ်ရှိကြောင်းတွေ့ရှိခဲ့ပါတယ်။ FTC က Taiwan Online Forum တွေမှာ မဟုတ်မမှန်တဲ့ အကြောင်းအရာတွေရေးသားဖို့ Samsung က စာရေးသူတွေ၊အလုပ်သမားတွေကိုသီးသန့် ခန့်အပ်ထားတယ်လို့ပြောပါတယ်။ဆက်လက်ပြောဆိုရာမှာ Samsung က ဒီကိစ္စကိုကိုယ်တိုင်ပြုလုပ်တာမဟုတ်ဘဲတစ်ခြား Marketing Company တွေကိုခိုင်းစေခဲ့တာဖြစ်ပါတယ်။ အဲဒီ Marketing Company နှစ်ခုကို $100,000 ပြစ်ဒဏ်ချမှာဖြစ်ပါတယ်။

HTC နဲ့ပတ်သက်ပြီးဝေဖန်တိုက်ခိုက်မှုတွေပေါ်ပေါက်လာတဲ့အချိန်မှာ Samsung ကိုစတင်သံသယရှိခဲ့ကြတာဖြစ်ပါတယ်။ဒါပေမယ့် FTC ရဲ့  အစီရင်ခံစာမှာတော့ တိုက်ခိုက်ခံရတဲ့ Company တွေကို နာမည်တပ်ပြောဆိုခြင်းမရှိဘဲ Samsung ကသူ့ပြိုင်ဖက်တွေကို အနိုင်ယူဖို့မဟုတ်မမှန်လုပ်ကြံမှုတွေရှိခဲ့တယ်လို့ပဲရေးထားပါတယ်။ Samsung ငှားရမ်းထားတဲ့ ဝေဖန်သူတွေရဲ့လှုပ်ရှားမှုတွေကိုလည်း FTC ကစုံစမ်းလေ့လာခဲ့ပါတယ်။

သီးခြားရပ်တည်နေတဲ့ အဖွဲ့အစည်းဖြစ်စေ Company ထဲက အဖွဲ့အစည်းဖြစ်စေ ဒီလိုလျှိ့၀ှက် Marketing အဖွဲ့တွေကို “astroturfing” လို့ခေါ်ကြပါတယ်။ ဒီလိုအဖွဲ့အစည်းတွေကို ငှားရမ်းခိုင်းစေခဲ့တာ ဟာ ဆိုရင် Samsung အတွက် ဒါဟာ ပထမအကြိမ်မဟုတ်ဘဲ ဒီနှစ်အတွင်းမှာ နှစ်ကြိမ်မြောက်စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။ Samsung က The Verge ကို ပြောကြားရာမှာတော့ သူ့ရဲ့  Customer တွေကိုတော့ ရိုးရိုးသားသားပဲဆက်ဆံခဲ့တယ် လို့ပြောကြားပါတယ်။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *