News

Samsung ရဲ့ စမတ်ဖုန်း နဲ့ တက်ဘလက် (၁၀ ) ခုမှာ Android 4.4 KitKat Update ရရှိမည်

Phandroid Website သတင်းအရ Samsung Devices (၁၀) ခုမှာ Android 4.4 KitKat Update ရရှိမယ်ဟု သိရပါတယ်။ Samsung က မကြာမီ အချိန်မှာ Smartphone နဲ့ Tablet တွေကို Android 4.4 KitKat Update ပေးမယ်လို့ မျှော်လင့်ရပါ တယ်လို့ Phandroid Website မှာ ဖော်ပြထားပါတယ်။ Android 4.4 KitKat Update ရရှိမည့် Smartphone နဲ့ Tablet များကတော့

Samsung Galaxy S4 SGH-i337

Samsung Galaxy S4 Active SGH-i537

Samsung Galaxy S4 Zoom SM-c105a

Samsung Galaxy Note 8.0 SGH-i467

Samsung Galaxy Note 3 SM-N900a

Samsung Galaxy Note 2 SGH-i317

Samsung Galaxy Mega SGH-i527

Samsung Galaxy Tab 3 7.0 SM-t217a

Samsung Galaxy S3 SGH-i747

Samsung Galaxy S3 Mini SM-g730a

တို့ပဲ ဖြစ်ပါတယ်။

အပေါ်မှာ ဖော်ပြထားတဲ့ Device အမျိုးအစား တချို့မှာ Carriers တွေနဲ့ ချိတ်ဆက်ထားတဲ့အတွက်ကြောင့် Carrier များရဲ့ မော်ဒယ် များပါ အဆိုပါ စာရင်းမှာ ပါ၀င်လာနိုင်ပါတယ်။ (AT&T) မှ Galaxy S3 သာ စာရင်းထဲမှာ ပါရှိပေမယ့် တခြား အမေရိကန် Carriers ရဲ့ အမျိုးအစားများလည်း Update စာရင်းမှာ ပါ၀င်လာနိုင်ပါတယ်။ အခုလောလောဆယ်မှာတော့ ပိုလန်မှ Galaxy Note 3 က Android 4.4 KitKat ကို Update ရရှိပြီး ဖြစ်ပါတယ်။ Samsung က Update ပေးမယ်လို့ ဖော်ပြတဲ့ သတင်းဌာနကတော့ ဘယ်အချိန်မှာ Update ပေးမယ်ဆိုတဲ့ သတင်း အချက်အလက်ကိုတော့ ဖော်ပြခြင်း မရှိဘူးလို့ သိရပါတယ်။ Samsung မှလည်း Software Update ပေးမယ့် သတင်းနဲ့ ပတ်သက်ပြီးတော့ ပြောဆိုခြင်းမရှိသေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *