Gadgets, Review

Chromecast Vs Apple TV Vs Roku 3 တို့ကိုနှိုင်းယှဉ်သုံးသပ်ခြင်း

မီဒီယာတွေကို တီဗီကိုထုတ်လွှင့်နိုင်တဲ့ Streaming Box တွေကို ၀ယ်ယူမယ်ဆိုရင် Chromecast, Roku, Apple TV တို့ ကို ရွေးချယ်နိုင်ပါတယ်။ ဈေးကွက်ထဲမှာတော့ Streaming Box များစွာ ရှိပေမယ့် အဲဒီသုံးခုကတော့ နာမည်အကြီးဆုံးဖြစ်ပြီး အကောင်းဆုံးလည်းဖြစ်ပါတယ်။ သူတို့အားလုံးရဲ့ဈေးဟာ ဒေါ်လာ (၁၀၀) အောက်သာ ရှိပါတယ်။ အဲဒီ သုံးခုထဲက ဘယ်တစ်ခုက သင့်အတွက် သင့်တော်လဲဆိုတာကို စဉ်းစားနိုင်ဖို့ ဝေဖန်သုံးသပ်ပေးလိုက်ပါတယ်။

Roku 3 ($99)

2

Apps တစ်ထောင်ကျော် အသုံးပြုနိုင်ခြင်း။

အသုံးပြုနိုင်တဲ့ App များပြားမှုအပေါ်အခြေခံသုံးသပ်မယ်ဆိုရင် Roku က အကောင်းဆုံးဖြစ်ပါတယ်။ Netflix, Amazon Instant, HBO Go, Hulu Plus, Pandora, Spotify, Rdio, MLB. TV, Amazon Cloud Player, Vudu, PBS, TWC TV, YouTube တို့အပါအ၀င် Apps တစ်ထောင်ကျော် အသုံးပြုနိုင်ပါတယ်။ Roku က Channel အသစ်တွေကို ဖြည့်တင်းပေးနိုင်တဲ့ နေရာမှာ လည်း အစောဆုံး ဖြစ်ပါတယ်။

Remote မှာ Headphone Jack ပါရှိခြင်း။

Roku 3 ရဲ့ Remote မှာ Headphone တပ်ဆင်ပြီးအသုံးပြုနိုင်ပါတယ်။ အခန်းထဲက အခြားလူတွေကို အနှောင့်အယှက်မဖြစ် စေဘဲ ထုတ်လွှင့်သမျှကို Headphone ကနေ နားထောင်လို့ ရတဲ့အတွက် အဆင်ပြေပါတယ်။ အထူးသဖြင့် ညဘက်တီဗီကြည့်တဲ့ သူတွေအတွက် ကောင်းမွန်တဲ့ စွမ်းဆောင်ချက်ဖြစ်ပါတယ်။

လျှင်မြန်မှု

Roku 3 မှာ အရင် ထုတ်လုပ်ခဲ့ဖူးတဲ့ Roku Box တွေမှာထက် လျှင်မြန်တဲ့ Chip ကို အသုံးပြုထားပါတယ်။ ပြိုင်ဖက် Streaming Box တွေထက်လည်း ပိုမိုမြန်ဆန်တာတွေ့ရပါတယ်။

Cross-platform search

Roku မှာ Cross-platform search စွမ်းဆောင်ချက်ပါရှိပါတယ်။ Netflix, Hulu Plus, Amazon Instant, HBO Go, Vudu, Crackle, M-Go, and Blockbuster တို့က မီဒီယာတွေကို တစ်ပြိုင်နက် ရှာဖွေနိုင်ပါတယ်။ ဒီစွမ်းဆောင်ချက်က Roku ရဲ့ အလွန်ကောင်းမွန်တဲ့ စွမ်းရည်ဖြစ်ပါတယ်။

ဈေးနှုန်း

ဒေါ်လာတစ်ရာ တန်ကြေးက သိပ်တော့မများပေမယ့် Chromecast သုံးခုရဲ့ ဈေးနှုန်း နဲ့ ညီမျှနေပါတယ်။ Roku 3 ရဲ့ စွမ်းဆောင်ချက်တွေအကုန်လုံးကို မလိုအပ်ဘူးဆိုရင် Chromecast လို အခြား Streaming Box တွေကိုရွေးချယ်နိုင်ပါတယ်။

Personal Media တွေကြည့်မယ်ဆိုရင် Plex လိုအပ်ပါတယ်။

Roku က အွန်လိုင်းမီဒီယာတွေကို App တွေကတစ်ဆင့်ကြည့်ရင် အဆင်ပြေပေမယ့် ကိုယ့်ရဲ့ မီဒီယာဖိုင်တွေကို ကြည့်ဖို့ဆိုရင် အလုပ်အနည်းငယ်ပိုပါတယ်။ Roku ရဲ့ USB Port က Support ပေးတဲ့ ဖိုင်ဖော်မက် တွေကလည်း အကန့်အသတ် ရှိပါတယ်။ ဒါပေမယ့် Plex Media Server ကို အသုံးပြုလို့ရပါတယ်။ Plex Software ကို အသုံးပြုဖို့ ချိတ်ဆက်ထားတဲ့ ကွန်ပြူတာ လိုအပ်တဲ့အတွက် အလုပ်ရှုပ်တယ်လို့ ပြောတာဖြစ်ပါတယ်။

Google Chromecast ($35)

3

Google က Chromecast ကို ၂၀၁၃ ခုနှစ် ဇူလိုင်လ မှာ (၃၅) ဒေါ်လာ နဲ့ စတင်ရောင်းချခဲ့ပါတယ်။ နောက်ပိုင်းမှာ Hulu Plus, Pandora, Google Music, Plex , Vevo, HBO Go တို့ကို ထည့်သွင်းပေးလိုက်တဲ့အတွက် ပိုမို ကောင်းမွန်လာပါတယ်။

ဈေးနှုန်း အလွန်သက်သာခြင်း။

Chromecast ရဲ့ ဈေးနှုန်းက ဒေါ်လာ (၃၅) လောက်သာ ရှိတဲ့အတွက် အလွန်ဈေးသက်သာတာဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ Apps တွေနည်းပါးနေသေးပေမယ့် Google က လိုအပ်ချက်တွေကို အမြဲဖြည့်ဆည်းပေးနေပါတယ်။ Google က အရင်ထုတ်လုပ်ခဲ့တဲ့ Google TV, Nexus Q တို့လောက် Support ပေးမှု မရှိပါဘူး။

အရွယ်သေးငယ်ခြင်း။

Roku 3 နဲ့ Apple TV တို့က သေးငယ်ပေမယ့် Chromecast က ပိုမိုသေးငယ်ပြီး Memory Stick အရွယ်လောက်သာ ရှိပါတယ်။ နေရာတကာမှာ သယ်ဆောင်အသုံးပြုနိုင်ပြီး တီဗီနောက်မှာ အလွယ်တကူ တပ်ဆင်အသုံးပြုနိုင်ပါတယ်။ တီဗီမှာ တပ်ဆင်ထား တယ်ဆိုတာကိုတောင် မြင်တွေ့ရမှာမဟုတ်ပါဘူး။ Chromecast က TV ရဲ့ USB Port ကနေအားကို ရယူအသုံးပြုတယ်ဆိုတာ ကိုတော့ သိသင့်ပါတယ်။ Power Adapter ကနေလည်း အားသွင်းနိုင်ပါတယ်။ ခရီသွားတဲ့အခါ ယူဆောင်အသုံးပြုဖို့ သင့်တော် ပါတယ်။

အဓိက App တွေပါရှိခြင်း။

Chromecast မှာ App တွေနည်းပါးပေမယ့် အဓိက App တွေဖြစ်တဲ့ Netflix, YouTube တို့ ပါရှိပါတယ်။

App တွေပိုမိုများပြားလာမည်။

Chromecast နဲ့ အသုံးပြုနိုင်တဲ့ Apps တွေဟာ တစ်ဖြည်းဖြည်း များပြားလာပါတယ်။ ဒါပေမယ့် Amazon Instant, Spotify, Rdio တို့ကို အသုံးပြုလို့မရသေးပါဘူး။ Google က မကြာသေးမီကပဲ Chromecast အတွက် Software Development Kit (SDK) ကို ထုတ်လုပ်ပေးလိုက်တဲ့အတွက် Chromecast အတွက် Apps များစွာ ပေါ်ထွက်လာတော့မှာဖြစ်ပါတယ်။ ဒါပေမယ့် Roku ကိုမီဖို့ အချိန်အနည်းငယ် လိုအပ်မှာဖြစ်ပါတယ်။

Cross-platform search စွမ်းရည် မပါရှိခြင်း။

Chromecast မှာ Roku လို မီဒီယာတွေကို Channel များစွာမှာ တစ်ပြိုင်နက် ရှာဖွေနိုင်တဲ့ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ချက် မပါရှိပါဘူး။

TV ရဲ့ User Interface မရှိခြင်း နဲ့ Remote မပါရှိခြင်း။

Roku 3 နဲ့ Apple TV တို့လိုမဟုတ်ဘဲ Chromecast ကနေ မီဒီယာတွေကို တီဗီမှာ ကြည့်ရင် တီဗီမှာ ကြည့်ရတာနဲ့ မတူပါဘူး။ နောက်ပြီး မီဒီယာတွေကို ထိန်းချုပ်ဖို့အတွက် စမတ်ဖုန်းကိုအသုံးပြုရတာဖြစ်ပါတယ်။ Roku 3, Apple TV တို့မှာ စမတ်ဖုန်းကနေ ထိန်းချုပ်ဖို့ App သီးသန့်ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် Remote တွေလည်း ပါရှိပါတယ်။

Screen Mirror စွမ်းဆောင်ချက်က အလုပ်ကောင်းမွန်စွာ မလုပ်ပါဘူး။

Chromecast မှာ Screen Mirror စွမ်းဆောင်ချက်ကို Beta အနေနဲ့ ထည့်ပေးထားပါတယ်။ Chrome Browser က Tab တွေကို တီဗီမှာ ပြပေးနိုင်တဲ့ စွမ်းဆောင်ချက်ဖြစ်ပေမယ့် တကယ်အသုံးပြုကြည့်တဲ့အခါမှာ ကောင်းမွန်စွာ အလုပ်လုပ်နိုင်ခြင်း မရှိသေး ပါဘူး။ အထူးသဖြင့် အခြား Screen Mirror စွမ်းဆောင်ချက်ပါတဲ့ Apple TV နဲ့ မကြာသေးမီက ထုတ်လုပ်ခဲ့တဲ့ Mac Laptops များနဲ့ နှိုင်းယှဉ်ရင် အလွန်ညံ့ဖျင်းပါတယ်။

Apple TV ($99)

4

Apple TV ဟာ အစောဆုံးထွက်ရှိခဲ့တဲ့ Streaming Box ဖြစ်ပေမယ့် နောက်ပေါ်တွေထက်ကောင်းမွန်တယ်လို့ ပြောလို့မရပါဘူး။

Apple ရဲ့ ဂေဟစနစ်မှာပဲ အလုပ်လုပ်ပါတယ်။

Apple TV က iTunes Account မှာ ၀ယ်ယူထားတဲ့ TV Shows, Movies, Music စတာတွေကိုပဲ တီဗီမှာ ထုတ်လွှင့်ပေးနိုင် ပါတယ်။ iTunes Match ကို အသုံးပြုရင် Cloud မှာ သိမ်းထားတဲ့ မီဒီယာတွေကို တီဗီမှာ ကြည့်နိုင်ပါတယ်။ iTunes Radio ကို အသုံးပြုနိုင်ဖို့ မကြာမီက ထည့်သွင်းပေးလိုက်ပါတယ်။

AirPlay စွမ်းဆောင်ချက်က ကောင်းမွန်ပါတယ်။

iOS Device တွေမှာ ထည့်သွင်းထားတဲ့ App တိုင်းနီးပါးက သီချင်း၊ ဓာတ်ပုံ၊ ဗီဒီယို တွေကို Apple TV မှာ ကြည့်နိုင်ပါတယ်။ Apple TV က Support မပေးတဲ့ App တွေကိုတောင် အသုံးပြုနိုင်ပါတယ်။ ဥပမာအားဖြင့် Apple TV Box မှာ Pandora App မပါရှိပေမယ့် iPhone, iPad တို့က Pandora App ကို အသုံးပြုပြီး တီဗီမှာ ကြည့်နိုင်ပါတယ်။

Apps

Apple TV မှာ Apps တွေနည်းပါးပေမယ့် ပြီးခဲ့တဲ့နှစ်က နာမည်ကြီး HBO, Watch ESPN တို့ကို ထည့်သွင်းပေးလိုက်ပါတယ်။

Roku ထက် Apps တွေနည်းပါးပါတယ်။

Roku 3 မှာ Apps များစွာ ပါရှိပြီး Cross-platform search စွမ်းဆောင်ရည် ပါရှိပါတယ်။ Headphone တပ်ဆင်အသုံးပြုနိုင်တဲ့ Remote ပါရှိပါတယ်။ Roku 3 နဲ့ Apple TV ဟာ ဈေးနှုန်း တူညီပေမယ့် Roku 3 မှာ ဖော်ပြပါ အားသာချက်တွေ ရှိပါတယ်။

iTunes ကို မှီခိုရခြင်း။

Apple TV Box မှာ iTunes က ရုပ်ရှင်၊ သီချင်း တွေကို ကြည့်ရှုနိုင်ပါတယ်။ iTunes အသုံးပြုသူတွေအတွက် ဒါက ပြဿနာတစ်ခု မဟုတ်ပေမယ့် Amazon, Vudu တို့လို အွန်လိုင်း စတိုးဆိုင်တွေကနေ ၀ယ်ယူ ငှားရမ်း ကြည့်ရှုချင်ရင်တော့ အခက်တွေ့ပါတယ်။ အဲဒီ၀န်ဆောင်မှု နှစ်ခု စလုံးကို Apple TV Box မှာ အသုံးပြုလို့မရသေးပါဘူး။

Streaming Box သုံးခုစလုံးဟာ ဈေးသက်သာပြီး စွမ်းဆောင်ရည်ကောင်းမွန်ပါတယ်။ iOS အသုံးပြုသူတွေအတွက် Apple TV က သင့်တော်ပြီး Android နှစ်သက်သူတွေအတွက် Chromecast က အဆင်ပြေပါတယ်။ အခုလောလောဆယ်မှာတော့ Roku 3 က အကောင်းဆုံးလို့ ပြောလို့ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “Chromecast Vs Apple TV Vs Roku 3 တို့ကိုနှိုင်းယှဉ်သုံးသပ်ခြင်း

Leave a Reply

Your email address will not be published. Required fields are marked *