News

ကချင်အမျိုးသမီး ဒေါ်လဖိုင်ဆိုင်းရော် ရာမွန်မက်ဆေးဆေးဆု ချီးမြှင့်ခံရ

Ramon Magsaysay Award

ကချင်ပြည်နယ်တွင် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော ကချင်အမျိုးသမီး ဒေါ်လဖိုင်ဆိုင်းရော် (Laphai Seng Raw)ကို ဖိလစ်ပိုင်နိုင်ငံက ခေါင်းဆောင်မှုဆိုင်ရာ ဂုဏ်ထူးဆောင်ဆု ဖြစ်သော Ramon Magsaysay ဆုချီးမြှင့်လိုက်ကြောင်း ဖိလစ်ပိုင် အခြေစိုက် မက်ဆေးဆေး ဖောင်ဒေးရှင်းမှ ကြေညာလိုက်ကြောင်း သိရပါသည်။

ဒေါ်လဖိုင်ဆိုင်းရော်သည် စစ်ပွဲများဖြစ်ပွားနေသော ဒေသတွင်းမှာ လူထုကျန်းမာရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို လုပ်ဆောင်နေသူတစ်ဦးဖြစ်ပြီး မြန်မာနိုင်ငံက စစ်မက် ဖြစ်ပွားနေသော ဒေသများမှာ လူသားချင်း စာနာမှု အကူအညီပေးနေသော မေတ္တာဖောင်ဒေးရှင်း၏ အကြီးအကဲတစ်ဦးလည်း ဖြစ်ပါသည်။ ရာမွန်မက်ဆေးဆေးဆုသည် Ramon Magsaysay Awards Foundationအား ဖိလစ်ပိုင် သမ္မတဟောင်း၏ အမည်ကို အစွဲပြုခေါ်ဆိုထားပြီး ၎င်းမှ ချီးမြှင့်သည်ကို အာရှနိုဗယ်ဆုအဖြစ် အသိအမှတ်ပြုထားကြသည်။

ယခုနှစ် မက်ဆေးဆေးဆုရှင်များအဖြစ် ဒေါ်လဖိုင်ဆိုင်းရော်အပြင် အာဖဂန်နစ္စတန် အလယ်ပိုင်း ဗန်ယန်ခရိုင် အုပ်ချုပ်ရေးမှုး အမျိုးသမီး Habiba Sarabi၊ ဖိလစ်ပိုင် ဆရာဝန် Emesto Domengo၊ နီပေါနှင့် အင်ဒိုနီးရှားမှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်တို့ကို ချီးမြှင့်လိုက်ကြောင်းလည်း သိရပါသည်။

အာဖဂန် နစ္စတန်နိုင်ငံက ဒေသဆိုင်ရာ အစိုးရအဖွဲ့၏ ထူထောင်ရေး လုပ်ငန်းများကို ဦးဆောင်နေသူ ယာဘီဘာ ဆရာဘီသည် ဆင်းရဲမွဲတေမှုနှင့် ခွဲခြားဆက်ဆံမှု အဆိုးဆုံး အနေအထားကနေ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို လုပ်ဆောင်နေသကဲ့သို့ ပညာရေးနှင့် အမျိုးသမီး အခွင့်အရေးများအတွက် လှုပ်ရှားသူတစ်ဦးဖြစ်သည်ဟု သိရသည်။ ဤဆုသည် ငွေကြေးအားဖြင့် အမေရိကန် ဒေါ်လာ ၅သောင်း ပါဝင်ပြီး ဇူလိုင်လ ၃၁ရက်နေ့မှာ မနီလာ၌ အခမ်းအနားဖြင့် ချီးမြှင့်မည်ဟု သိရပါသည်။

Ref: ပြည်သူ့ဆန္ဒဂျာနယ်

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *