How-to

Gmailမှာ Contactsတွေရဲ့ Social Profilesတွေကိုပါ ဖော်ပြပေးမယ့် Rapportive

Screen shot 1

Gmailမှာ Contactတစ်ယောက်စီက အီးမေးကို ဖတ်တဲ့အခါမှာ ညာဘက် Sidebarမှာအဲဒီ Contactရဲ့ Social Profileတွေကို တွေ့မြင်ချင်ရင်တော့ Rapportiveဆိုတဲ့ Browser Extensionကိုသုံးပါ။ Soical Profileတွေကို တွေ့မြင်နိုင်ပြီးအဲဒီ Contact နဲ့ Social Networkတွေမှာ အလွယ်တကူ ဆက်သွယ်လို့ရတဲ့အတွက် အဆင်ပြေစေပါတယ်။

Rapportive Extensionကို Chrome,Firefox,Safari, Mailplaneစတဲ့ Browserတွေမှာ သုံးနိုင်ပါတယ်။ Rapportiveကို အင်စတောလုပ်ပြီးရင် သင့်ရဲ့ LinkedIn, Facebook, Google accountsတွေနဲ့ ချိတ်ဆက်ပေးပါ။

Screen shot 2

Rapportiveကို အသုံးပြုရင် သင့် Gmail Inboxမှာ Contactsတွေရဲ့ သတင်းအချက်အလက်တွေကို စုံစုံလင်လင် တွေ့မြင်နိုင်ပါတယ်။ Contacts တွေရဲ့ Tweetsတွေ၊ Facebook Postsတွေကိုလည်း Gmail Inboxကနေ ကြည့်နိုင်ပါသေးတယ်။ Rapportiveရဲ့ Twitter Boxကနေလည်း Follow, Retweet, Reply ပြုလုပ်နိုင်သလို၊ Facebook Postsတွေမှာလည်း ကွန်းမန့်တွေ ရေးနိုင်ပါတယ်။ Contactတွေရဲ့ Facebook, Twitter, Google Plus, LinkedIn Profile Pageတွေကိုလည်း အလွယ်တကူ သွားရောက်နိုင်ပါတယ်။ တစ်ခြား Google Productsတွေဖြစ်တဲ့ Blogger, Picasaတွေရဲ့ Profileတွေကိုလည်း ဖော်ပြပေးနိုင်ပါတယ်။

Screen shot 3


Rapportiveကို http://rapportive.com/ မှာ အင်စတော လုပ်နိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *