အမည်အရင်း – ဝင်းသန်း၊ Peter Chou
မွေးသက္ကရာဇ် – ၁၉၅၃
မွေးရပ်ဇာတိ – မန္တလေး၊ မြန်မာ
လက်ရှိနေရပ် – တိုင်ဝမ်
ပညာအရည်အချင်း
၁၉၈၅ ခုနှစ်တွင် National Taiwan Ocean University မှ Electronic Engineering ဘွဲ့ကို ရရှိခဲ့၊
၂၀၀၃ ခုနှစ်တွင် National Chenghi University မှ MBA ဘွဲ့ကို ရရှိခဲ့၊
၂၀၀၆ ခုနှစ်တွင် Harvard Business School မှ Advanced Management Program ကို တက်ရောက်ပြီးဆုံးခဲ့။
အလုပ်အကိုင်
Chief Executive Officer, High Tech Computer Corporation
ယခင် လုပ်ကိုင်ခဲ့ဖူးသည့် ကုမ္ပဏီနှင့်ရာထူး
Digital Equipment Corporation တွင် Server Division Director အဖြစ်
တာဝန်ထမ်းဆောင်ခဲ့
ကိုယ်ပိုင် ခံယူချက်
မိမိကိုယ်ကို သဘာဝမှ ပေးအပ်သော အင်ဂျင်နီယာတစ်ယောက်ဟု သတ်မှတ်ခဲ့
ရရှိခဲ့သည့် အောင်မြင်မှု
ကမ်ဘာ့ ပထမဆုံး Smart Phone ထုတ်လုပ်သော ကုမ္ပဏီများစာရင်းတွင် HTC မှ ပါဝင်ခဲ့၊ HTC နှင့်အတူ ၂၀၀၅ ခုနှစ်တွင် ကမ်ဘာ့အအောင်မြင်ဆုံး
IT ကုမ္ပဏီ ၁၀၀ ၌ နံပါတ် ၁၁ နေရာ သို့ရောက်ရှိခဲ့၊ HTC မှာ အာရှ၏ အကောင်းဆုံးအိုင်တီကုမ္ပဏီ ၅ ခုထဲ၌ တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ခံခဲ့ရ၊
၂၀၁၀ ခုနှစ်တွင် Fast Company မှ ပေးအပ်သည့် ကမ်ဘာ့ဆန်းသစ်အတီထွင်နိုင်ဆုံး ကုမ္ပဏီများထဲတွင် HTC မှာ နံပါတ် ၃၁ နေရာချိတ်ခဲ့၊
၂၀၁၂ ခုနှစ်တွင် ကမ်ဘာ့ တန်ဖိုးအကြီးဆုံး အမှတ်တံဆိပ်များထဲ၌ HTC ၏အဆင့်မှာ နံပါတ်၉၈ နေရာသို့ ရောက်ရှိခဲ့။
အခြားဖော်ပြချက် – Peter Chou သည် ၁၉၉၇ ခုနှစ်အတွင်း HTC ကုမ္ပဏီကို မိတ်ဆွေများဖြစ်ကြသော Cher Weng၊ HT Cho တို့နှင့် ပူးပေါင်း တည်ထောင်ခဲ့ပြီး ထိုစဉ်ကတည်းက ကုမ္ပဏီ၏ CEO ရာထူးနှင့် President ရာထူးနေရာများတွင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မြန်မာအမည် ဝင်းသန်း ခေါ် Peter Chou မှာ မန္တလေးမြို့မှ တိုင်ဝမ်မြို့သို့ ၁၉၈၁ ခုနှစ်တွင် ထွက်ခွာခဲ့ပြီး ငယ်စဉ်က ဆိုးသွမ်းလူငယ်တစ်ဦးအဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်ပါတယ်။
သို့သော်လည်း Chou ဟာ Electronics ပညာရပ်ကို လွန်စွာ စိတ်ဝင်စားခဲ့ပြီး နေအိမ်နှင့် အနီးနားတဝိုက်မှ သူငယ်ချင်း မိတ်ဆွေများ၏ စက်ကိရိယာများကို ပြင်ဆင်ပေးခြင်းဖြင့်
နာမည်ကြီးခဲ့ပါတယ်။
ထိုကဲ့သို့ Electronics ပညာရပ်တွင်ပျော်မွေ့သူ Peter Chou ဟာ မန္တလေးမြို့ ၈၃ လမ်းတွင် လျှပ်စစ်ပြင်ဆိုင်တစ်ခု ဖွင့်လှစ်ခဲ့ကြောင်းနဲ့ သူဟာ Electronics ပညာတွင်သာမက သချာၤပညာတွင်လည်း အတွက်အချက်မြန်သူတစ်ဦးအဖြစ် နာမည်ကျော်သူ ဖြစ်ပါတယ်။
မန္တလေးဒေသကောလိပ်မှာ ဒုတိယနှစ်ကျောင်းသားအဖြစ် တက်ရောက် နေစဉ် (၁၉၈၁)မှာ တိုင်ဝမ်နိုင်ငံကို ပြောင်းရွှေ့သွားခဲ့ခြင်း ဖြစ်ပါတယ်။ Peter Chou ရဲ့ ဝါသနာတွေကတော့ အားလပ်ချိန်တွင် Classical Music များ နားထောင်ခြင်း၊ စာဖတ်ခြင်းနှင့် အနုပညာရသပေါင်းစုံကို အပြည့်အဝ ခံစားခြင်း တို့ဖြစ်ပါတယ်။
အိုင်စီတီဂျာနယ်နှင့် စကား၀ိုင်း
လူတိုင်းအားလုံး သိချင်နေကြတဲ့ ကမ်ဘာကျော် မြန်မာ့ဂုဏ်ဆောင် ၀င်းသန်း (ခေါ်) ပီတာချူးကို ကျွန်တော်တို့ ICT ဂျာနယ်ရဲ့ CEO ကိုယ်တိုင် နေပြည်တော် အနီးတ၀ိုက်တွင် သွားရောက် စကား၀ိုင်း ဖွဲ့ခဲ့ပါတယ်။ ICT ဂျာနယ်ရဲ့ CEO ဦးဖြိုးမင်းမင်းနဲ့ HTC ကုမ္ပဏီရဲ့ CEO တို့ စကား၀ိုင်းမှာ အင်္ဂလိပ်စကားဖြင့် တွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်တဲ့အတွက် ICT ဂျာနယ်အဖွဲ့သားတွေက အနီးစပ်ဆုံး ဘာသာပြန် ဖော်ပြပေးလိုက်ပါတယ်။
ပီတာချူးဟာ မြန်မာစာကို အတော်ကျွမ်းကျင်သေးကြောင်း၊ မြန်မာလူငယ်များကို ကြိုးစားစေလိုတဲ့ ဆန္ဒများ တွေ့ရကြောင်း၊ အလွန်ဖော်ရွေပြီး ကိုယ့်မြေကိုယ့်ဒေသ ပြန်ရောက်နေခြင်းကို အတိုင်းထက်အလွန် ပျော်နေသည့်ပုံရှိကြောင်း ထိုစကား၀ိုင်းမှ အကဲခတ်သုံးသပ်ရပါတယ်။
HTC ရဲ့ CEO တစ်ယောက်ဖြစ်သည့်အားလျော်စွာ ဂျာနယ်အတော်များများမှ သူ၏ ကိုယ်ရေးရာဇ၀င်နှင့် သတင်း အချက်အလက်အချို့ကို ေ၀ေ၀ဆာဆာ တင်ပြပေးလျက် ရှိကြပါတယ်။ ICT ဂျာနယ်ကလည်း လူကိုယ်တိုင်တွေ့ဆုံခွင့်ပေးခဲ့ပြီး မေးခွန်းအားလုံးကို စိတ်ရှည်လက်ရှည် ဖြေကြားပေးခဲ့တဲ့အတွက် မစ္စတာပီတာချူးကို အထူး ကျေးဇူးတင်ပါတယ်။
စကား၀ိုင်းအရ စီးပွားရေးနဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု အခြေအနေများ၊ မြန်မာပြည်ကို မစ္စတာပီတာချူးလိုနေရာမျိုးမှနေ၍ ဘယ်လိုကူညီနိုင်မလဲဆိုတဲ့ မေးခွန်းတွေကို တင်ပြချင်ပေမယ့်လည်း အချိန်တန်မှ ရေးသားခွင့်ရမည်ဆိုသော မျှော်လင့်ချက်ဖြင့် ဒီတစ်ပတ်မှာတော့ အများနဲ့မတူ လူအများစိတ်၀င်စားနိုင်မယ့် မေးခွန်း လေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။
အခုလိုမအားလပ်တဲ့ကြားက လူကိုယ်တိုင် တွေ့ခွင့်ရဖို့ အခွင့်အရေးပေးတာရော၊ အင်တာဗျူးခွင့် ပေးတာအတွက်ပါ အထူး ကျေးဇူးတင်ပါတယ်။
ရပါတယ်ဗျာ။အခုလိုမတွေ့ခင်မှာ ခင်ဗျားသူငယ်ချင်းတွေဆီက တစ်ဆင့် ကြားသိရတာက မြန်မာပြည်ပြန်မလာတာ နှစ်သုံးဆယ် ရှိပြီဆို။
အတိအကျပြောရရင် ၃၃ နှစ်ပါ။
၃၃ နှစ်ကြာပြီးမှ အခုလိုပြန်လာတာ နိုင်ငံရေးအပြောင်း အလဲကြောင့်လား။ တခြားကိစ္စကြောင့်များလား။
နိုင်ငံရေးအပြောင်းအလဲကြောင့် မဟုတ်ပါဘူး။ ကျွန်တော် မြန်မာပြည် ပြန်ချင်တာ လွန်ခဲ့တဲ့ ၁၅ နှစ်လောက် ကတည်းကပါ။
ဒါပေမဲ့ ကျွန်တော် HTC ကို စတင်တည်ထောင်တဲ့ အချိန်ဖြစ်နေတော့ အလုပ်တွေက အရင်နဲ့ မတူဘဲ များသထက်များ၊ ရှုပ်သထက် ရှုပ်နေတာကြောင့်ပါ။ မနှစ်ကမှ တိုင်၀မ်မှာနေတဲ့ ကျွန်တော့် သူငယ်ချင်း တစ်ယောက်နဲ့ အဆက်အသွယ်ရပြီး ဒီနှစ် မေလလောက်ပြန်ရင် ကျွန်တော့်အတွက် အဆင်အပြေဆုံးမို့ သူနဲ့အတူတူ ပြန်လာဖို့ ဆုံးဖြတ်ခဲ့တာပါ။
ပြန်လာဖို့အတွက် ခင်ဗျားရဲ့ Appointment တွေ Cancel လုပ်ခဲ့ရသေးလား။
မလုပ်ခဲ့ရပါဘူး။ ကျွန်တော်အလုပ်အရှုပ်ဆုံး အချိန်တွေက January၊ February၊ March တွေမှာပေါ့။ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်တို့မှာ ပွဲအများကြီး ရှိတယ်လေ။ CES, Mobile Congress, Product Launch တွေပေါ့။ ဒီလကတော့ အဆင်အပြေဆုံးလပါ။
စိတ်၀င်စားစရာ Product အသစ်တွေ Launch လုပ်ဖို့ ရှိလား။
ကျွန်တော်တို့က Launch မလုပ်ခင် ကြေညာလေ့ မရှိပါဘူး။
ဟုတ်ကဲ့ပါ။ အင်တာနက်သတင်းတစ်ပုဒ်အရဆိုရင် ကျွန်တော် နားလည်တာက ခင်ဗျားဟာ ကိုယ့်ကိုယ်ကိုယ် Engineer By Nature လို့ ကြေွးကြော်တယ် ဆိုတာ မှန်ပါသလား။
လုံး၀ မှန်ပါတယ်။
အဲဒီ Statementနဲ့ပတ်သက်ပြီး တစ်ဆိတ်လောက် ရှင်းပြပေးလို့ရမလား။
Hmm! နံပါတ်တစ်ကတော့ ကျွန်တော်က Math နဲ့ Science မှာ တွက်ချက်တာ မြန်တယ်။ အဲဒီဘာသာရပ်တွေက ကျွန်တော့်အတွက် စိတ်၀င်စားဖို့ကောင်းတယ်။ ကျွန်တော် စက်ပစ္စည်းတွေ၊ Electronic ပစ္စည်းလေးတွေကို ထိတွေ့တိုင်းမှာ အလွယ်တကူပဲ နားလည်တယ်လေ။
ပြီးတော့ အဲဒါတွေ ဘယ်လို အလုပ်လုပ်သလဲဆိုတာကို သိချင်စိတ် အရမ်းပြင်းထန်တယ်။ နောက်ပြီး ကျွန်တော်က Physic ကိုလည်း နှစ်သက်တယ်။ တစ်နေ့မှာ Physicist ဖြစ်မယ်လို့တောင် ထင်ခဲ့မိတယ်။
Faraday ကိုလည်း အရမ်းလေးစားခဲ့ပါတယ်။ Mechanics, Electronicsနဲ့ Electricalတွေကိုလည်း ကြိုက်နှစ်သက်ခဲ့ပါတယ်။ ကျွန်တော် ပထမဆုံး ရူပဗေဒအခြေခံသီအိုရီတွေ စတင် ဖတ်တုန်းကတည်းက အဲဒါတွေရဲ့ အလုပ်လုပ်ပုံကို အရမ်းစိတ်၀င်စားခဲ့ပါတယ်။ သံလိုက်လှိုင်းတွေ ဘယ်လို အသုံးပြုရတယ် ဆိုတာတွေ၊ လျှပ်စစ်ဓာတ်ကို ဘယ်လိုထုတ်လုပ်လို့ရတယ် ဆိုတာတွေရောပေါ့။ ကိုယ်ကိုယ်တိုင် Transformer လို့ ယုံကြည်ထားတော့ Calculate The Count ဘယ်လိုလုပ်ရမလဲဆိုတာ သိခဲ့တယ်။ Rectifier ကိုအသုံးပြုပြီးတော့ 220 Volt ကနေပြီး 6 V ကို AC/DC Convert ကိုယ့်ဘာသာကိုယ် ပြောင်းလုပ်နိုင်ခဲ့တယ်။
အဲဒါတွေလုပ်တတ်တာ ဘယ်အချိန်လောက်ထဲကလဲ။
အထက်တန်းကျောင်းသား ဘ၀တည်းကပါ။
ဒါတွေကို မသင်ရသေးဘဲနဲ့ အလိုအလျောက် သိတာလား။
ကျွန်တော် အပြင်ကစာအုပ်တွေဖတ်တယ်။ သူငယ်ချင်းတွေနဲ့ ဆွေးနွေးတိုင်ပင်တယ်လေ။
ဘ၀မှာ ပထမဆုံးဖတ်ခဲ့ဖူးတဲ့ စာအုပ်အကြောင်း ပြောပြပါလား။ ခင်ဗျားကို Inspire ဖြစ်စေတဲ့ စာအုပ်မျိုးပေါ့။
Radio Transistor အကြောင်းရေးထားတဲ့ Sony ကထုတ်တဲ့ စာအုပ်ကလေးပါ။ Sony က Technician တွေအတွက် ထုတ်ေ၀ခဲ့တဲ့ စာအုပ်လေးပေါ့။ နားလည်ရ မခက်ပါဘူး။
ကျွန်တော်တို့ကလည်း လူငယ်တွေကို ဒီစာအုပ်လေး ပြန်ရှာပြီး မျှေ၀ပေးရဦးမှာပေါ့။
ဒါပေါ့ (ရယ်လျှက်)။
Luvre ပြတိုက်မှာ မိုနာလီဆာပန်းချီကားကို ၃ နာရီ လောက်ကြာအောင် ရပ်ကြည့်နေခဲ့တယ်ဆိုတာ ဟုတ်လားဗျ။
ဟုတ်ပါတယ်။ ၃ နာရီလောက်ရှိမလားတော့ မသိဘူး။ အကြာကြီး ရပ်ကြည့်မိတာတော့ အမှန်ပါ။
အဲဒီပန်းချီကားထဲမှာ ဘာကို ရှာဖွေနေတာလဲ။
ကျွန်တော်က Art ကို မြတ်နိုးတာလေ။ Painting တွေရောပေါ့။ ပြီးတော့ မိုနာလီဆာကလည်း အရမ်း ကျော်ကြားတာဆိုတော့၊ Da Vinci ဆိုတာကလည်း အရမ်းလေးစားရတဲ့ Artist တစ်ယောက်ထဲမှာ ပါတယ်လေ။
ဒါနဲ့ ပထမဆုံးပန်းချီကားကို ကျွန်တော်တွေ့တော့ ပန်းချီကား ဖြစ်ပေါ်လာတာနဲ့ပတ်သက်တဲ့ အရာအားလုံးကို သိချင်စိတ် အရမ်းပြင်းပြလာမိတယ်။ ရှာဖွေတွေ့ခဲ့တာကတော့ သူ့ရဲ့ Painting Skill ကိုပေါ့။ သူလိုချင်တဲ့အရာကို ရောက်အောင် ဖော်ကျူးနိုင်တယ်လို့ သုံးသပ်မိပါတယ်။ National Gallery of London မှာလည်း သူ့ရဲ့ Graphite Paintingကို လေ့လာဖူးပါတယ်။ Da Vinci ဟာ Subtle Transition of The Light အရမ်းကောင်းတယ်လို့ သုံးသပ်မိပါတယ်။ Brightness တွေ Colour တွေ ဘယ်လိုအသုံးချခဲ့သလဲဆိုတာ အဲဒီ ပန်းချီကားမှာ လေ့လာခဲ့ရပါတယ်။
ခင်ဗျားမှာပိုင်ဆိုင်သမျှနဲ့ ဒီပန်းချီကားကို ၀ယ်ချင်လို့လား။
ကျွန်တော် မ၀ယ်နိုင်ပါဘူး။
ဒါနဲ့ အားလုံးပြောနေကြတဲ့ ရေဒီယိုပြင်ဆိုင်လေးကို မန္တလေးရောက်တုန်း ပြန်ရောက်ဖြစ်သေးလား။
(လေသံဖျော့လျှက်) ရောက်ဖြစ်ခဲ့ပါတယ်။ အဲဒါက ကျွန်တော်ပိုင်တဲ့ အိမ်ပါ။ မီးလောင်မှုဖြစ်ပြီးတော့ အဆောက်အဦးသစ်တွေနဲ့ ဖြစ်နေပါပြီ။ အခုလို အိမ်ဆိုင်လေးကို ပြန်မြင်ခွင့် မရတဲ့အတွက် ၀မ်းနည်းမိပါတယ်ဗျာ။
Feeling ဘက်ကို ပြောရင်းနဲ့ ရောက်သွားမိပြီဆိုတော့ မြန်မာပြည်ပြန်ရောက်ပြီးနောက် ခံစားရတာလေးတွေ ပြောပြပါဦး။
ကျောင်းနေဘက်သူငယ်ချင်းတွေ ပြန်တွေ့ရတော့ အရမ်းပျော်ပါတယ်။ ပျော်လည်း ပျော်ခဲ့ကြတယ်လေ။ မန္တလေးမှာ ကျွန်တော် သူငယ်ချင်းဟောင်းတွေနဲ့ တစ်နေ့ ၅ ကြိမ် စားကြသောက်ကြတယ်လေ။ နံနက်စာ ၂ ကြိမ်၊ ညနေစာ ၂ ကြိမ်နဲ့ နေ့လည်စာပေါ့။ မြန်မာအစားအစာ အရမ်းနှစ်သက်ပါတယ်။
စားပြီးရင် ထပ်ထပ်ပြီးလည်း စားချင်နေသေးတယ်။ အဲသလို စားသောက်ကြရင်း ငယ်ငယ်တုန်းက အကြောင်းလေးတွေ ပြန်ပြောကြရင်းနဲ့ အားလုံးက ကျွန်တော့်ကို ၀ိုင်းနောက်ပြောင်ကြတယ်။ ခံစားမှု အရမ်းကောင်းပါတယ်။
ငယ်ငယ်တုန်းကလို သူငယ်ချင်းတွေနဲ့ ပြန်နေထိုင်ချင်စိတ် ရှိလား။No။ အနာဂတ်ကိုပဲ ကြည့်တာ ကောင်းပါတယ်။ ပြန်ကြည့်ရင် ၀မ်းနည်းစရာတွေ ပြန်မြင်လာမှာလေ။
မန္တလေးမြို့ကြီး အခုလို အများကြီး ပြောင်းလဲသွားတာကိုလည်း မကြိုက်ပါဘူး။ အခုဆို အရမ်းရှုပ်တယ်။ ကားတွေလည်း အများကြီးပဲ။ နဂိုတုန်းကဆို သစ်ပင်တွေ ငြိမ်ငြိမ်သက်သက်လေးနဲ့၊ လမ်းတွေအားလုံးဟာလည်း ကျွန်တော်တို့အတွက် ကစားကွင်းတွေလိုပါပဲ။
မန္တလေးဟာ Trading Place တစ်ခုဖြစ်လာတယ်လို့ မြင်မိပါသလား။
ဟုတ်ကဲ့။ မြင်မိပါတယ်။
ခင်ဗျားမှာ အခွင့်အရေးရှိရင် မန္တလေးမြို့ကို နဂိုတုန်းကလို ပြန်လည်မွမ်းမံချင်ပါသလား။
ဒါပေါ့။ ကျွန်တော်တွေးထားတာ၊ စိတ်ကူးထားတာတွေ ရှိတယ်လေ။
Wall Street ဂျာနယ်မှာ ခင်ဗျားကို Next SteveJobs လို့ ဖော်ပြဖူးတယ်လေ။ ခင်ဗျားအနေနဲ့ Steve လိုမျိုး သူ့ပရိသတ်တွေကို ကိုယ်တိုင် e-mail ပြန်လေ့ရှိလား။
ကျွန်တော် တစ်ခါတစ်လေတော့ လုပ်ပါတယ်။ အားလုံးကိုတော့ မလုပ်နိုင်ဘူးပေါ့။ E-mailတွေက အရမ်းများတယ်လေ။
မြန်မာလူမျိုးတော်တော်များများက ခင်ဗျားကို မသိကြဘူးဗျ။ ကိုယ့်ကိုယ်ကိုယ် မြန်မာလို့ မပြောချင်တာကြောင့်လား။
မဟုတ်ပါဘူး။ မြန်မာလူမျိုးဖြစ်ရတာ အရမ်းဂုဏ်ယူပါတယ်။ (မြန်မာလိုပြောသည်) ကျွန်တော် မန္တလေးသားအဖြစ်လည်း ဂုဏ်ယူပါတယ်။ မန္တလေးသား အစစ်ပါ။
ဒါဆို ကျွန်တော်တို့ အခု ကမ်ဘာပေါ်က ထင်ရှားတဲ့ မြန်မာလူမျိုးတွေအကြောင်း ပြောကြရအောင်။ တစ်ကမ်ဘာလုံးအတိုင်းအတာအရ ဦးသန့်နဲ့ ဒေါ်အောင်ဆန်းစုကြည်ဆိုရင် သိကြလိမ့်မယ်ဆိုတာ မမှားနိုင်ပါဘူး။ အဲဒီတော့ ခင်ဗျားကို သူတို့နှစ်ယောက်ပြီးရင် တတိယ အထင်ရှားဆုံး မြန်မာလူမျိုးတစ်ယောက်လို့ သုံးသပ်ရင် ဘယ်လိုနေမလဲ။
(ရယ်လျှက်) No No၊ ကျွန်တော်က Low Profile ပဲ နေတတ်ပါတယ်။
နာမည်ကျော် Innovator တော်တော်များများဟာ ဒီလိုပဲ Low Profile နေတတ်ကြတယ်လေ။ ဒါပေမဲ့ ကျွန်တော်တို့အားလုံးက ခင်ဗျားကို မြန်မာ့ဂုဏ်ဆောင် တစ်ယောက်အဖြစ် ဦးသန့်နဲ့ ဒေါ်စုပြီးရင် နေရာထားကြမယ် ဆိုရင်ရော။ အဲသလို နေရာက အရေးမကြီးပါဘူး။ ကိုယ်လုပ်တဲ့ လုပ်ရပ်က လူငယ်တွေအားလုံးကို Inspire ဖြစ်စေတယ်ဆိုရင် ကျေနပ်ပါတယ်။ ကျွန်တော့်ကို ကြည့်ပြီးတော့ ဒီခေတ် လူငယ်တွေ Passion, Dream နဲ့ Confidence အပြည့် ရှိပြီး ကမ်ဘာကြီးကို ပြောင်းလဲဖို့ ကြိုးစားကြမယ်ဆိုရင် အများကြီးပျော်စရာ ကောင်းနေမှာပါ။
ICT လောကထဲက ကမ်ဘာ့နာမည်ကျော်တွေ၊ နိုင်ငံ့ခေါင်းဆောင် တွေနဲ့ တွေ့တဲ့အခါမှာ ခင်ဗျားအနေနဲ့ Confidence ကို ဘယ်လိုမွေးယူသလဲ။
ကျွန်တော်က ငယ်စဉ်ကတည်းက ဒီလိုပါပဲ။ သူငယ်ချင်း တွေက ပြောကြတာတော့ ကျွန်တော်မှာ Strong Personality ရှိတယ်တဲ့။
ကျွန်တော်ကတော့ ယုံကြည်တဲ့အတိုင်းပဲ စကားကို ပြောတတ်ပါတယ်။ အဲဒီလို လုပ်ဆောင်နေတာကြောင့် Challenge များ ပေါ်လာနိုင်ပါတယ်။ ကျွန်တော်အမြင်ကတော့ အဲဒီ Challenge တွေကို Overcome လုပ်နိုင်မယ်ဆိုရင် တန်ဖိုးရှိတဲ့ အရာများကို ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ Presentation တွေမှာတော့ အခု ခင်ဗျာနဲ့ ကျွန်တော် စကားပြောနေတဲ့အတိုင်းပဲ ပြောပါတယ်။ လူတွေက ကျွန်တော်ကို ယုံကြည်မှုရှိတယ်လေ။ ကျွန်တော် ကံကောင်းပါတယ်။
ခင်ဗျား ငယ်ငယ်တုန်းက ရန်ဖြစ်ဖူးလား။
(ရယ်လျှက်) ယောကျ်ားလေးတိုင်း ရန်ဖြစ်ဖူးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်လည်း သမားရိုးကျ ယောကျ်ားလေး တစ်ယောက်ပါပဲ။ ဒါပေမဲ့ ပြဿနာ ဖြစ်မှာကိုတော့ ကျွန်တော် စိုးရိမ်စိတ်ရှိပါတယ်။
နောက်ဆုံး ကျွန်တော်မေးချင်တာက ခင်ဗျားရဲ့ Management နဲ့ ပတ်သက်တဲ့ အတွေ့အကြုံပါ။
ဟုတ်ကဲ့၊ ကျွန်တော့်အလုပ်မှာ ၀န်ထမ်းပေါင်း နှစ်သောင်းကျော် ရှိပါတယ်။ ကျွန်တော်ကတော့ Micro-manager မဟုတ်ပါဘူး။ အလုပ်နဲ့ ၀န်ထမ်းတွေကို အမြဲဂရုစိုက်ပါတယ်။ အခြေအနေတစ်ခုကြောင့် ၀င်ရောက် စွက်ဖက်ရမယ်ဆိုရင်တော့ မော်နီတာ လုပ်ရတာပေါ့။ ပြောင်းလဲသင့်ရင် ပြောင်းရတာပေါ့။
ကျွန်တော်က များသောအားဖြင့် အချိန်တွေမှာ Strategy, Innovation, Product နဲ့ Customer ကိစ္စရပ်တွေနဲ့ ကုန်ဆုံးလေ့ရှိပါတယ်။ Operation & Sale အပိုင်းမှာတော့ ကျွန်တော်တို့မှာ လူတော်တွေ အများကြီး ရှိပါတယ်။ Sale အပိုင်းမှာ အများကြီး ၀င်ပါခဲ့ဖူးပါတယ်။ ဘာကြောင့်လဲဆိုတော့ International Sale အများစုဟာ ကျွန်တော်နဲ့ တိုက်ရိုက်သက်ဆိုင်နေလို့ပါပဲ။ HTC က ကုမ္ပဏီသေးသေးလေးက အစပြုတာဆိုတော့ ကျွန်တော်ကိုယ်တိုင် Mobile Operator တွေနဲ့ Relationship ကို တည်ဆောက်ရတယ်လေ။
Europe နဲ့ USA က CEO တွေဆို ကျွန်တော်နဲ့ပဲ တိုက်ရိုက်လူချင်း တွေ့ချင်ကြတာလေ။ Google, Microsoft, Facebook ရဲ့ ကိစ္စတွေဆိုလည်း ကျွန်တော်ကိုယ်တိုင် ကိုင်ထားတာဆိုတော့ အမြဲတန်းသစ်လွင်နေတဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ဖန်တီးနေရတာပေါ့။ ဒါကြောင့် Mobile Operator အားလုံးဟာ နောက်ဆုံးပေါ် နည်းပညာတွေအကြောင်း သိချင်ရင် ကျွန်တော်နဲ့ပဲ စကားပြောချင်ကြတယ်။ ကျွန်တော့်ရဲ့ ၅၀% အချိန်တွေကိုတော့ Product Innovation Design ပေါ်မှာ အသုံးချပါတယ်။
ခင်ဗျားကိုယ် ခင်ဗျား Innovator လို့ ကြေွးကြော်ပါသလား။
ကျွန်တော်က Innovator ပဲလေ။
ကမ်ဘာပေါ်မှာ ပထမဆုံး smartphone တီထွင်တဲ့ Innovator တစ်ယောက်အနေနဲ့ရော ကြေွးကြော်ပါသလား။ဟုတ်ပါတယ်။ ကျွန်တော် အဲသလို ကြေွးကြော်တာပါ။ ပထမဆုံးတစ်ယောက်လို့တော့ ကျွန်တော် မပြောချင်ပါဘူး။ ဒါပေမဲ့ အစောဆုံးတီထွင်သူတွေထဲက တစ်ယောက်လို့တော့ ပြောနိုင်ပါတယ်။ ဒီ concept က ကျွန်တော့် အတွက်ပါ။ တကယ်တော့ ကျွန်တော်က Mobile Phone Industry ထဲက Veteran တစ်ယောက်ပါ။
နိုင်ငံခြားရောက်မြန်မာတွေအတွက်ရော၊ မြန်မာနိုင်ငံက လူငယ်တွေအားလုံး အတွက်ပါ စကားလက်ဆောင်လေးများ ပြောပေးလို့ရမလား။
မြန်မာလူမျိုးဟာ တီထွင်နိုင်တဲ့ လူမျိုးပါ။ ကျွန်တော်တို့က ကမ်ဘာကြီးကို ပြောင်းလဲနိုင်အောင် လုပ်နိုင်စွမ်း ရှိသူတွေပါ။ ကမ်ဘာကြီးကိုလည်း ဦးဆောင်နိုင်သူတွေပါ။
ကျွန်တော်တို့ကို ဘယ်သူမှ စွမ်းရည်မရှိဘူး၊ မလုပ်နိုင်ဘူးလို့ မပြောနိုင်တော့ပါဘူး။ ကျွန်တော်တို့အားလုံး လိုအပ်တာက Dream နဲ့ Passion ပါပဲ။ ဇောက်ချလုပ်ပါ။ အလုပ်ကြိုးစားပြီး
ယုံကြည်တာကို စွဲစွဲမြဲမြဲလုပ်ကြပါ။
ဤစကား၀ိုင်းဖြစ်မြောက်ရေးအတွက် စိတ်ရင်းစေတနာရင်းဖြင့် ပံ့ပိုးကူညီပေးခဲ့ကြသော မိတ်ဆွေသင်္ဂဟအားလုံးကို ICT Journal မှ အထူးကျေးဇူးတင်ရှိပါသည်။
အားကျမိပါရဲ့ ဦးဝင်းသန်းရေ။တီထွင်မှုတွေ အမြဲဆန်းသစ်နေအောင် htc ကဖန်တီးနိုင်ပါစေလို့ ဆုတောင်းပေးပါတယ်။