Mobile

ဈေးနှုန်းသက်သာပြီး စွမ်းဆောင်အား ကောင်းမွန်တဲ့ FUJITSU LIFEBOOK LH531

Fujitsu Laptop တွေဟာ ယခင်အချိန်တွေတုန်းကဆိုရင် used တွေကို အသုံးပြုဖြစ်တာ များပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း ၁နှစ်၊ ၂ နှစ် အတွင်းမှာပဲ DCD က authorized distributor အနေနဲ့ တရားဝင် ကိုယ်စားလှယ် ယူလိုက်တဲ့အချိန်မှာတော့ Fujitsu Laptop အသစ်တွေ ပြည်တွင်းဈေးကွက် ထဲ တော်တော်များများ ဝင်ရောက်လာတာကို တွေ့ရပါတယ်။ ယခုအချိန်မှာ Laptop ဝယ်မယ်ဆိုရင် အဓိကထားကြည့်ကြတာက ဈေးနှုန်းဖြစ်ပါတယ်။ Fujitsu Lifebook LH531 V ကတော့ ဒီလိုမျိုး specification အသင့်အတင့်နဲ့ ဈေးနှုန်းသက်သာတဲ့ Laptop မျိုးလို့ ဆိုနိုင်ပါတယ်။ CPU ကို Intel Core i3 (2.3 GHz) တပ်ဆင်ပေးထားတာဟာ Laptop ဝယ်မယ့်သူတွေကို စွဲဆောင်နေသလိုပါပဲ။ Memory အနေနဲ့ကလည်း အခြား Laptop တွေထက် မနိမ့်ကျရလေအောင် 2GB DDR 3 ထည့်သွင်းပေးထားတဲ့အတွက် လုံလောက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီ Laptop မှာ အဓိက လူတွေသဘောကျမယ့်အချက်ကတော့ Graphic ပိုင်းပဲ ဖြစ်ပါတယ်။

Graphic ကို Nvidia GeForce 410M DDR3 1GB တပ်ဆင်ထားတာဟာ Gamer တွေကို ဘယ်ဂိမ်းမဆို စိတ်ကြိုက်လွတ်လပ်စွာ ကစားစေနိုင်ပြီး၊ ဒီဇိုင်နာများ၊ ဗီဒီယို editor များအတွက်လည်း သင့်တော်လုံလောက်တဲ့ ပမာဏလို့ ဆိုနိုင်ပါတယ်။ Graphic ပိုင်းအနေနဲ့ ဒီလိုမျိုးခပ်မြင့်မြင့်လေး ထည့်သွင်း ထားတဲ့အတွက် output မှာလည်း HDMI port ပါဝင်မယ်ဆိုတာ ပြောနေဖို့တောင် မလိုပါဘူး။ မျက်နှာပြင်အကျယ်အနေနဲ့က ၁၄ လက်မရှိပြီး အရည်အသွေးအားဖြင့် HD ထွက်မှာ ဖြစ်ပါတယ်။ ထူးထူးခြားခြားအနေနဲ့ကတော့ Laptop ရဲ့ Keyboard ကို ရေစိုခံအောင် ပြုလုပ်ပေးထားတာပဲ ဖြစ်ပါတယ်။ အရေးကြီးဆုံး တစ်ချက် ကျန်သေးတာက Hard Disk ပမာဏပဲ ဖြစ်ပါတယ်။ ယနေ့အချိန်မှာ လူတိုင်းဟာ မိမိတို့ရဲ့ PC (သို့) Laptop ထဲမှာ သိုမှီးစရာတွေက တစ်စထက်တစ်စ ပိုပိုပြီး များပြားလာနေပါပြီ။ Fujitsu ကလည်း ဒီလိုမျိုး သိမ်းဆည်းထားနိုင်ဖို့အတွက် 500 GB ရှိတဲ့ HDD ကို ထည့်သွင်းပေးထားပြီး Optical Drive အတွက် DVD RW တပ်ဆင်ပေးထားပါတယ်။

Laptop တွေမှာ နောက်ဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ Battery သက်တမ်းဖြစ်ပါတယ်။ မိမိအနေနဲ့ သာမန်ရုံးသုံးပဲဖြစ်ဖြစ်၊ သွားလေရာကို သယ်သွားချင်လို့ ပဲဖြစ်ဖြစ်၊ Battery သက်တမ်း တာရှည်ခံမှသာ အဆင်ပြေပါတယ်။ Fujitsu က Lifebook LH531 V မှာ Battery သက်တမ်းကို ၆ နာရီကြာ ခံနိုင်ရည် ရှိအောင် ပြုလုပ်ပေးထားတာကို တွေ့ရပါတယ်။

အားသာချက်
ဈေးနှုန်းအနေနဲ့ သက်သာတဲ့ အဆင့်အနေအထားမှာရှိပြီး specification တွေကလည်း စိတ်ကျေနပ်ဖွယ်အနေအထားမှာ ရှိပါတယ်။ Graphic ကို 1GB ပေးထားခြင်းဟာ ဒီ Laptop ရဲ့ အဓိကအားသာချက်လို့ ဆိုနိုင်ပါတယ်။

အားနည်းချက်
Graphic ပိုင်းမှာ အားသာနေပေမယ့် Memory ပိုင်းကို သာမာန်လောက်ပဲ ထည့်သွင်းပေးထားတာကတော့ အားနည်းချက်တစ်ခုပဲ ဖြစ်ပါတယ်။ ပြီးတော့ အရွယ်အစားသေးငယ်တာနဲ့ ရိုးရှင်းတဲ့ ဒီဇိုင်းတွေကလည်း Laptop ကို ထုံထိုင်းတဲ့အသွင် ရှုမြင်ရစေပါတယ်။

ခြုံငုံသုံးသပ်ချက်
စက်ရဲ့ ဒီဇိုင်းပိုင်းကိုအလေးမထားဘဲ ဈေးနှုန်းသက်သက်သာသာနဲ့ ကောင်းကောင်း အသုံးပြုချင်သူတွေအဖို့တော့ Fujitsu Lifebook LH531 Vက သင့်တော်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *