ကမ္ဘာပေါ်မှာ နေ့စဉ်အမျှ လူဦးရေတွေ တိုးတက်လာတာ နဲ့အလျောက် လူတွေရဲ့ လိုအပ်ချက်ကို တစ်ထောင့်တစ်နေရာက ဖြည့်ဆည်းပေးနိုင်မယ့် နည်းပညာပစ္စည်းများဟာ များစွာလိုအပ်လာတာ ပဲဖြစ်ပါတယ်။ ဒီလို လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနိုင်ဖို ့ဆိုရင်တော့ နည်းပညာ ကုမ္ပဏီများဟာလည်း သ့ူ ထက်ငါအပြိုင် နည်းပညာသစ်ပစ္စည်းများကို ထုတ်လုပ်ဖို့ လိုအပ်တာဟာ မလွဲဧကန်ပါပဲ။
ဒီလိုများစွာရှိနေတဲ့ နည်းပညာကုမ္ပဏီ တွေထဲကမှ မြန်မာနိုင်ငံကို လွန်ခဲ့တဲ့နှစ်ပေါင်း (၂၀)ကျော် လောက်ကတည်းက နည်းပညာသစ် အိမ်အသုံးအဆောင် အကူအသုံးတွေနဲ့ ဈေးကွက်၀င်ရောက်ခဲ့တဲ့ LG ကုမ္ပဏီဟာဆိုရင်လည်း သက်တမ်းအားဖြင့် နှစ်ပေါင်း (၅၀)ကျော်လို့ (၅၅)နှစ်ထဲကို ရောက်ရှိခဲ့ပါပြီ။
ဒီကုမ္ပဏီကိုတော့ ပြီးခဲ့တဲ့ (၁၉၅၈)ခုနှစ်ကတည်းက စတင် တည်ထောင်ခဲ့တာဖြစ်ပြီး ဒီဂျစ်တယ်ခေတ်ရဲ ့ ဦးဆောင်လမ်းပြခဲ့တဲ့ ကုမ္ပဏီဆိုလည်း မမှားပါဘူး။ LG ရဲ ့နှစ်ပေါင်း (၅၀)ကျော် အီလတ်ထရောနစ် နည်းပညာနဲ ့ပတ်သက်တဲ့ သမိုင်းတစ်လျှောက်ကိုကြည့်မယ်ဆိုရင်လည်း (၁၉၆၀)ခုနစ်မှာ ကိုရီးယားရဲ့ ပထမဆုံးရေဒီယိုကို ထုတ်လုပ်နိုင်ခဲ့သလို တီဗီ၊ ရေခဲသေတ္တာ၊ အ၀တ်လျှော်စက်နဲ ့ အဲယားကွန်းများ ကိုလည်း စတင်ထုတ်လုပ် ပေးနိုင်ခဲ့ပါတယ်။
ဒါတွေတင်မကသေးပါဘူး LG ရဲ ့နောက်ထပ်အောင်မြင်မှုတစ်ခုကတော့ (၁၉၉၇) ခုနှစ်မှာ ကမ္ဘာ့ပထမဆုံး CDMA ဒီဂျစ်တယ်မိုဘိုင်းဟန်းဆက်ကို ထုတ်လုပ်နိုင်ခဲ့ပါတယ်။ (၁၉၉၈) ခုနှစ်မှတော့ ကမ္ဘာ့ပထမဆုံး လက်မ ၆၀ ရှိတဲ့ Plasma TVနဲ ့(၂၀၀၁)ခုနှစ်မှာ ရုရှား၊ အီတလီနဲ ့အင်ဒိုနီးရှားတို့ကို GSM Mobile Handsetတင်ပို့ မှုမှာလည်း ဦးဆောင်တဲ့ ကုမ္ပဏီတစ်ခုအနေနဲ ့အသိမှတ်ပြုခံခဲ့ရပါတယ်။
(၂၀၀၃)ခုနှစ်မှာတော့ ဥရောပတောင်ပိုင်းနိုင်ငံများနဲ ့ အရှေ့အလယ်ပိုင်း GSM Handset ဈေးကွက်ကိုတင်ပို့ မှုအနေနဲ ့လစဉ် 2.5Million အထက်ရှိလာပြီး (၂၀၀၃)ခုနှစ်ရဲ ့ဇူလိုင်လမှာတော့ ကမ္ဘာ ့အမြင့်ဆုံး CDMA ထုတ်လုပ်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။ ဒီလိုနဲ့LG ဟာ၎င်းတို့ရဲ့ အောင်မြင်မှုများကို ဆက်လက် ထိန်းကျောင်းရင်း (၂၀၀၅) ခုနှစ်မှာတော့ ကမ္ဘာ့ဒုတိယအကြီးဆုံး LCD-TV ထုတ်လုပ်တဲ့ကုမ္ပဏီဖြစ်လာသလို အဲဒီနှစ်မှပဲ Formula Oneရဲ့ Technology Partner ဖြစ်လာခဲ့ရပြန်ပါတယ်။
နောက်ထပ်တီထွင်မှုတွေအနေနဲ ့ကမ္ဘာ ့ပထမဆုံး Full LED 3D-TVကို (၂၀၁၀)ခုနှစ်မှာ ထုတ်လုပ် နိုင်ခဲ့သလို LGရဲ ့ Optimus 2X Smartphoneကိုလည်း ထုတ်နိုင်ခဲ့ပါတယ်။ (၂၀၁၃)ခုနှစ်မှာတော့ ကမ္ဘာ့ နံပါတ်တစ် EISA (European Imaging and Sound Association)Awards ကိုရရှိထားတဲ ့ LG OLED CURVED TVကိုလည်း မကြာသေးမီအချိန်တွင်းက ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ဒီလိုထုတ်လုပ်မှုတွေ သာမကဘဲ ပြည်တွင်းမှာရှိတဲ့ မိုဘိုင်းဖုန်းအသုံးပြုလိုသူများအတွက် LG Optimus G Pro ကိုလည်း လက်ရှိအချိန် ပြည်တွင်းမှာ ၀ယ်ယူအသုံးပြု နိုင်နေပြီဖြစ်ပါတယ်။
ဒီမိုဘိုင်းဖုန်းလေးကလည်း အထင်သေးလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့သူက LGရဲ့ ထုတ်လုပ်မှု တွေထဲမှာ (၂၀၁၃)ခုနှစ်ရဲ့ အကောင်းဆုံး 4G LTE ဆုကိုရရှိထားလို့ပါပဲ။ ဒီမိုဘိုင်းဖုန်းလေးက ယခုနှစ် ထဲမှာဆုရထားတဲ့ဖုန်း ဆိုတော့ နောက်ထပ်နည်းပညာသစ်တဲ့ မိုဘိုင်းဖုန်းက ဘယ်တော့များမှာ လာလိမ့်မလဲလို့ စာဖတ်သူတို ့မေးချင်စရာပါပဲ။
ဒါကတော့ပူစရာမလိုတော့ပါဘူး။ LGရဲ့ နောက်ထပ်ထုတ်ကုန်တစ်ခုဖြစ်ပြီး မိုဘိုင်းဟန်းဖုန်းဈေးကွက်မှာ လူကြိုက်များလာနိုင်မယ့် ဟန်းဆက်သစ်တစ်မျိုးဟာ အောက်တိုဘာလလောက်မှာ မြန်မာပြည်ဈေးကွက်မှာ ရေပန်းစားလာဦးမှာပါ။ အဲဒါကတော့ LGရဲ့ စမတ်ဖုန်းတစ်မျိုးဖြစ်တဲ ့နောက်ကျောဘက်မှာခလုတ်ပါရှိတဲ့ LG G2 စမတ်ဖုန်းလေးပဲ ဖြစ်ပါတယ်။ ကျောဘက်မှာခလုတ်ပါရုံနဲ ့ဘာထူးသွားမှာလဲဆိုတဲ့အတွေးတွေ ခေါင်းထဲရောက်လာလိမ့်မယ် ထင်ပါတယ်။
စာဖတ်သူတို ့လွယ်လွယ်နားလည်အောင် ရှင်းပြရမယ်ဆိုရင်တော့ ကျောဘက်မှာ ခလုတ် ပါတဲ့အတွက် စာဖတ်သူတို ့ဖုန်းပြောနေတဲ့အခါ အသံ အတိုး၊ အကျယ်ပြုလုပ်တဲ့နေရာမှာ အတော်လေး အဆင်ပြေသွားမယ်လို ့ထင်ပါတယ်။ အဲဒီ စမတ်ဖုန်းသစ်လေးကို အမေရိကန်၊ နယူးယောက်မြို့မှာ တရား၀င်မိတ်ဆက်ခဲ့ပြီး ဖြစ်သလို သုံးစွဲသူများသဘောတွေ့ နေတာလည်း ဖြစ်နိုင်ချေရှိတဲ့အကြာင်းတစ်ခုပါပဲ။ ဒါကြောင့် နောင်လာမယ့် LGရဲ့ LG G2စမတ်ဖုန်းလေးကို စောင့်မျှော်ရင်း LGရဲ့ နှစ်ပေါင်း (၅၀)ကျော် ခရီးကို လေ့လာနိုင်အောင် တစ်စိတ်တစ်ဒေသ ရေးသားဖော်ပြလိုက်ပါတယ်။