အိမ်သုံး လုံခြုံရေး စနစ်အတွက် ကင်မရာများကို ဈေးကြီးပေးဝယ်ရမည့်အစား Wi-Fi အသုံးပြုနိုင်သည့် Apple Device အဟောင်းများကို အခမဲ့ iOS Appနှင့် အသုံးပြု၍ အိမ်သုံးလုံခြုံရေး စနစ်များအဖြစ် ပြောင်းလဲအသုံးပြုနိုင်မည် ဖြစ်ကြောင်း သိရသည်။ ဈေးနှုန်းသက်သာစွာဖြင့် အိမ်သုံးလုံခြုံရေးစနစ် ပြုလုပ်နိုင်မည့် နည်းလမ်းကို Gene Wangဆိုသူက တစ်နှစ်အတွင်း နှစ်ကြိမ်ဖောက်ထွင်းခံရသည့် ၎င်း၏ အိမ်ကို ကာကွယ်ရန် နည်းလမ်းများ ရှာဖွေရာမှ တွေ့ရှိခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။
Wi-Fi အသုံးပြုနိုင်သည့် Apple Deviceများကို အိမ်သုံး လုံခြုံရေး ကင်မရာအဖြစ် ပြောင်းလဲရန်အတွက် Presence Appဟုခေါ်သည့် အခမဲ့ iOS Appနှင့် ပြုလုပ်နိုင်မည်ဖြစ်သည်။ အဆိုပါ Appကို Deviceနှစ်ခုပေါ်တွင် Download ပြုလုပ်ပြီးသည့်အခါ Device တစ်ခုကို ကင်မရာအနေဖြင့် အသုံးပြုပြီး အခြားတစ်ခုကို Monitor အနေဖြင့် အသုံးပြုနိုင်မည်ဟု Wangက ပြောကြားခဲ့သည်။
ထို့အပြင် Monitorကို ၂၄နာရီပတ်လုံး ကြည့်စရာ မလိုပဲ အကယ်၍ တစ်စုံတစ်ရာ ထူးခြားမှု ရှိပါက Monitor Detectorက ၅စက္ကန့်စာ ဗီဒီယိုကို Emailမှတစ်ဆင့် ပေးပို့အကြောင်းကြားပေးမည် ဖြစ်သည်။ အဆိုပါစနစ်ကို iPad 2နှင့် အထက် iPod Touch 5th Generationနှင့် အထက် iPhone 3GSနှင့်အထက်တွင် အသုံးပြုနိုင်ကြောင်း၊ Deviceများကို ကင်မရာ အနေဖြင့် အသုံးပြုသည့်အခါ Wi-Fiနှင့် စွမ်းအင်အရင်းအမြစ် လိုအပ်ကြောင်း သိရပါသည်။