Apps, News

Nokia က Lumia Devices တွေအတွက် Storyteller , Video Director , Beamer စတဲ့ Apps တွေကိုထုတ်ဖော်ပြသ

ဒီနေ့  Abu Dhabi မှာကျင်းပပြုလုပ်တဲ့ Nokia ရဲ့ ပွဲမှာ  Lumia Devices တွေအတွက် Apps သုံးခုကိုထုတ်ဖော်ပြသလိုက်ပါတယ်။ Nokia Storyteller, Nokia Video Director, Nokia Beamer တို့ဖြစ်ပါတယ်။အဲဒီ Apps သုံးခုစလုံးဟာ Nokia ရဲ့  Map App ဖြစ်တဲ့ HERE နဲ့လည်းတွဲဖက်အသုံးပြုနိုင်ပါတယ်။ဘ၀ရဲ့အမှတ်တရပုံရိပ်တွေကို မှတ်တမ်းတင် နိုင်ပြီး Share လုပ်ပေးနိုင်မယ့် Apps တွေဖြစ်ပါတယ်။

2

Nokia Storyteller က သင်ရိုက်လိုက်တဲ့ ပုံတွေ၊ ဗီဒီယို တွေကို HERE Map App ကိုပို ့ပေးနိုင်ပြီး ကိုပို့ပေးနိုင်ပြီးသင့်ဘ၀ ရဲ့   အမှတ်တရတွေကို တမူထူးခြားစွာမှတ်တမ်းတင်ပေးနေမှာဖြစ်ပါတယ်။တစ်နည်းပြောရရင် ခရီးသွားသူတွေအတွက်အသုံး၀င်ပြီး အမှတ်တရပုံရိပ်တွေကို  မြေပုံပေါ်မှာ ပုံတွေ၊ဗီဒီယို တွေနဲ့သိမ်းဆည်းပြသပေးမှာဖြစ်ပါတယ်။

3

Nokia Video Director ကတော့ Lumia Smartphones , Windows RT 8.1 အသုံးပြုတဲ့ Lumia 2520 နှစ်မျိုးလုံးမှာသုံးလို့ ရမှာဖြစ်ပြီး Smartphone က Video တွေကို Tablet ကို အလွယ်တကူကူးပြောင်းပေးနိုင်ပါတယ်။ ဒါ့အပြင် အလွယ်တကူ Edit လုပ်နိုင်တဲ့ Tools တွေလည်းပါရှိပြီး သင်ကိုယ်တိုင်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားတိုတွေပြုလုပ်နိုင်ပါတယ်။

 

Nokia Beamer ကတော့ Phone Screen  က ပုံရိပ်တွေကို HTML5 အသုံးပြုနိုင်တဲ့မည်သည့် Screen ကို မဆိုပို့ပေးနိုင်ပါတယ်။ Nokia Beamer ပို့ပေးနိုင်တာတွေကတော့ Maps,Location Details, Camera Viewfinder စတာတွေဖြစ်ပါတယ်။

 

“ Microsoft နဲ့  ကမ္ဘာပေါ်က ထူးချွန်တဲ့ Developer တွေကိုပေါင်းစည်းပြီးတော့ ထူးခြားဆန်းသစ်တဲ့ Apps တွေနဲ့ ကန့်သတ်ချက်တွေကိုကျော်လွှားလုပ်ဆောင်ခဲ့တာပါ။ Nokia နဲ့  Asha Devices တွေမှာဆိုရင် အသုံးပြုသူတွေစိတ်ကျေနပ်စေပြီး အကျိုးရှိစေဖို့ ဆန်းသစ်တဲ့ Apps တွေကိုတီထွင်ဖန်တီးရာမှာ Nokia ရဲ့  နောက်ဆုံးပေါ်နည်းပညာတွေကို  Developer တွေကိုအသုံးပြုစေခဲ့ပါတယ်။” လို့  Nokia ရဲ့  ဒုတိယဥက္ကဌ နဲ့ Developer Experience ကဏ္ဏ ကိုပူးတွဲတာ၀န်ယူထားတဲ့ Bryan Biniak ကပြောဆိုပါတယ်။

Nokia ရဲ့ ဒီလိုကောင်းမွန်တဲ့ Apps တွေကြောင့် ၀င်းဒိုးဖုန်း ၀ယ်ယူချင်သူတွေအတွက်တော့ Nokia ဟာထိပ်ဆုံးကစဉ်းစားရမယ့်ဖုန်းဖြစ်လာပါတယ်။ဒါ့အပြင် Microsoft က Nokia ကို၀ယ်ယူပြီး ထူးခြားဆန်းသစ်တဲ့ Smartphones နဲ့  Tablets တွေကိုပြုလုပ်နေတယ်ဆိုတာ Nokia Video Director app ကပြသနေပါတယ်။

 

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *