News

Chrome မှာသိမ်းထားတဲ့ Passwords တွေကို ကာကွယ်နိုင်တော့မည်

Browsers တွေရဲ့ Password Manager တွေကို နှိုင်းယှဉ် ကြည့်တဲ့အခါမှာ Chrome မှာလိုအပ်ချက်တစ်ခုရှိနေပါတယ်။ အဲဒါကတော့ Chrome မှာသိမ်းထားတဲ့ Passwords တွေကို တစ်ခြားသူတွေက အလွယ်တကူသိနိုင်ပါတယ်။ ဘာလို့လည်းဆိုတော့ Chrome က Passwords တွေကို System Password နဲ့ Encrypt လုပ်ထားတဲ့အတွက်ပါ။ အခုတော့ Google က သူ့မှာသိမ်းထားတဲ့ Passwords တွေကို အသုံးပြုနိုင်ဖို့  System Passwords ကို တောင်းအောင်ပြုလုပ်တော့မှာဖြစ်ပါတယ်။ အဲဒီအတွက် သင့်ကွန်ပြူတာကို တစ်ခြားသူအသုံးပြုရင် လည်း Chrome က သင့် Passwords တွေကို အလွယ်တကူ မသိနိုင်တော့ပါဘူး။ အခုလောလောဆည်တော့ Mac အတွက်ပြုလုပ်ထားတဲ့ Chromium နောက်ဆုံး ဗားရှင်း မှာသာအသုံးပြုလို့ရပါသေးတယ်။ ၀င်းဒိုးအသုံးပြုသူတွေအတွက်ဘယ်တော့ပြုလုပ်ပေးမယ်ဆိုတာကိုတော့ Google ကပြောကြားခြင်းမရှိသေးပါဘူး။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *