Mobile, Review

Windows Phone အတွက် Nokiaကို အလဲထိုးမည့် မြန်မာပြည်ဖွား ဦးဆောင်တဲ့ HTCရဲ့ 8X

Microsoftရဲ့ လက်ဝါးကြီးအုပ်မှုကို ခံလိုက်ရတဲ့ ဖင်လန်မှ လာတဲ့ Nokiaဟာ ထွက်ပေါက် မရှိတော့တဲ့ နောက်ပိုင်းမှာ Windows Phoneအတွက် စနစ်တကျ ထုတ်လုပ်ပေးထားတဲ့ Handset တစ်ခုဖြစ်တဲ့ Lumia 920 ဖြင့် Windows Phone ဈေးကွက်မှာ ဦးဆောင်နေသော်လည်း ရွေှမြန်မာမှ မန္တလေးသားတစ်ယောက်ဖြစ်တဲ့ ဦး၀င်းသန့် (Peter Chou) ဦးဆောင်တဲ့ ထိုင်၀မ်ကုမ္ပဏီထုတ် ကမ္ဘာ့အဆင့်မီ HTCမှ ထုတ်လုပ်တဲ့ 8X Handsetရဲ့ ရောင်းအားတက်လာမှုကို တုန်လှုပ် စွာ စောင့်ကြည့်နေတယ်လို့ သတင်းများက ဆိုပါတယ်။ ကမ္ဘာ့နာမည်ကျော် Hip Hop အနုပညာရှင် တစ်ယောက်ဖြစ်တဲ့ Dr. Dreမှ ဦးစီးပြီး ထုတ်လုပ်ထားတဲ့ Beats Audioလည်း ထည့်သွင်းပေးထားတဲ့ Appleမှ iPhoneကို ယှဉ်မည့် Windows Phoneရဲ့ Handsetကို တီထွင်ပေးထားတဲ့ ဦး၀င်းသန်းရဲ့ 8Xကို ဒီတစ်ပတ် တင်ဆက်ပေးလိုက်ပါတယ်။

Main Fractures
HTC 8X ဖုန်းဟာ ၄.၃ လက်မ အရွယ်အစား ရှိပြီး 720p Screenက လုံး၀ အရောင် အရည်အသွေး တောက်ပတဲ့ ရုပ်ပုံတွေကို ဖော်ပြပေးမှာပါ။ 1.5GHz Dual-Core Processor ကြောင့်လည်း Processing Timeတွေ သွက်လက်မြန်ဆန်တာကို တွေ့ရပါတယ်။ ကင်မရာ အရည်အသွေးက 8MP ရှိပြီး f/2.0 Aperture ရှိပါတယ်။ Windows Phone 8 ဖုန်းဖြစ်တာနဲ့အညီ ဆွဲဆောင်မှုရှိတဲ့ Interface တွေကို မြင်တွေ့ခွင့်ရမှာပါ။

Design & Build Quality
HTC 8X မှာတော့ အရင် Android OS သုံး HTC စမတ်ဖုန်းတွေရဲ့ ဒီဇိုင်းအသွင်အပြင်နဲ့ ပြောင်းလဲမှှု သိပ်မရှိပါဘူး။ HTC OneX နဲ့ တူသယောင် ထင်ရပေ မယ့် ထောင့်စွန်းပိုင်း ဘောင်ကွပ်ပုံစံကို အမြင်ဆန်းအောင် ဖန်တီးထားတာ တွေ့ရပါတယ်။ ဖုန်းအနောက်ပိုင်းမှာ Audio အတွက် Beatsကို အသုံးပြုထားကြောင်း ထင်ပေါ်စေရန် ‘b’ တံဆိပ်ကို အမှတ်အသားပြုထားတာကို တွေ့ရပါတယ်။ အလေးချိန်က 128g ရှိတဲ့အတွက် အသစ် ထွက်ရှိထားတဲ့ Appleရဲ့ iPhone 5 ထက် စာရင် ပေါ့ပါးတယ်လို့ ဆိုပါတယ်။

Storage
Built-in Storage အနေနဲ့ 16GB ထည့်သွင်းပေးထားပြီး Memory ကို microSD card ကနေတစ်ဆင့် ထပ်တိုး အသုံးမပြုနိုင်ပါဘူး။ ဒါကြောင့် Photoတွေ၊ Videoတွေ များများ သိမ်းဆည်းနိုင်ဖို့အတွက်တော့ Cloud အခြေခံတဲ့ Cloud-based Storageတွေကို အသုံးပြုဖို့ လိုအပ်တာပေါ့။

Screen
Screen ရဲ့ ထောင့်ဖြတ် အရွယ်အစားက ၄.၃ လက်မ ရှိတာကြောင့် Samsung Galaxy S2 နီးပါး အရွယ်အစား ရှိတယ်လို့ ဆိုနိုင်ပါတယ်။ အရင် Windows 7 ဖုန်းဆော့ဖ်၀ဲလ်တွေက Screen Resolution 480×800 Pixelsကိုပဲ ထောက်ပံ့ပေးနိုင်ပါတယ်။ အခု 8X မှာကျတော့ 720p အထိ ထောက်ပံ့ပေးနိုင်တာကြောင့် High-Definition (HD) အရည်အသွေးရှိတဲ့ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေကို ကြည့်ရှုခံစားခွင့် ရရှိနိုင်ပါပြီ။ စူးရှတဲ့ နေအလင်းရောင် တိုက်ရိုက် ကျရောက်တဲ့ နေရာမျိုးမှာ သုံးရင်တောင်မှ ဖုန်း Screenက သင့်ကို စိတ်ပျက်စေမှာ မဟုတ်ပါဘူး။

Windows Phone 8 Software
အခု အသစ်ထွက်လာတဲ့ Windows Phone 8 Softwareကို အသုံးပြုထားပါတယ်။ ၄င်း Softwareက Home screenမှာ Tiles တွေကို အရောင်အသွေးစုံလင်အောင် အဓိက ဒီဇိုင်းဖော်ထားတာ ဖြစ်ပါတယ်။ Tiles တွေကိုလည်း လိုသလို ဒီဇိုင်းပြောင်းလဲနိုင်ပါသေးတယ်။ မလိုချင်တော့တဲ့ Appတွေကို Pin မလုပ်ချင်တော့ဘူးဆိုရင်တော့ ဖုန်းရဲ့ဘယ်ဘက်ကို ဆွဲထုတ်လိုက်ရုံနဲ့ Pin ပြုတ်သွားမှာပါ။ ၄၅ မျိုးထက် ပိုတဲ့ App တွေကို သွင်းထားပြီဆိုရင်တော့ များစွာသော App List တွေကို စာသားအနေနဲ့လည်း ဖော်ပြပေးမှာ ဖြစ်ပါတယ်။ စာသား App List တွေကို ရှာချင်တယ်ဆိုရင်တော့ အက္ခရာတွေကို နှိပ်ပေးရုံနဲ့ အလွယ်တကူ ရှာဖွေပေးနိုင်မှာပါ။ ဒါပေမယ့် App တွေရဲ့ အမည်တွေကိုတော့ သိထားဖို့ လိုတာပေါ့။ ၄င်းဖုန်းကို iOS ရဲ့ Interfaceနဲ့ Android ရဲ့ Functional Widgetတွေကို ပေါင်းစပ် ဖန်တီးထားတယ်လို့ သိရပါတယ်။

Voice Command
Windows Phone 8 ဆိုတဲ့အတိုင်း အသံနဲ့ ခိုင်းစေနိုင်မယ့် Functionတွေ ပါ၀င်ပါတယ်။ ဖုန်းကို Command ပေးချင်တယ်ဆိုရင်တော့ Home Buttonကို ဖိထားပြီး Command ပေး ခိုင်းစေနိုင်မှာပါ။ သင်ဟာ သူငယ်ချင်းဆီကို Message ပို့ဖို့အတွက် ပျင်းနေတယ်ဆိုရင်တော့ အသံနဲ့ ပို့မယ့်Message တွေကို ရေးခိုင်းနိုင်ပါသေးတယ်။ သင့်ရဲ့ အသံထွက်နဲ့ အနီးစပ်ဆုံး ဖော်ပြပေးနိုင်ပါတယ်။ ကြိုက်နှစ်သက်ရာ Application တွေကိုလည်း Voice Command ပေး ခိုင်းစေနိုင်ပါသေးတယ်။

Kid’s Corner
Kid’s Corner ဆိုတာကို Windows Phone 8 ရဲ့ Feature သစ်တစ်ခုအနေနဲ့ ထည့်သွင်းပေးထားပါတယ်။ Kid’s Corner App လေးက Homescreen မှာ တစ်ခုထက် ပိုတဲ့ Appကို ဖွင့်နိုင်ဖို့ အကူအညီပေးမှာ ဖြစ်ပါတယ်။ တစ်ခုထက် ပိုတဲ့ App ဆိုတာက တစ်ချိန်တည်းမှာ Music တွေနဲ့ Video ဖိုင်တွေကို ခံစားနားဆင်နိုင်တယ်လို့ ဆိုလိုပါတယ်။

Maps & Navigation
မြေပုံလမ်းညွှန်အတွက်ကိုတော့ Microsoft ရဲ့ အကောင်းဆုံး Map Appကို အသုံးပြုနိုင်ပါတယ်။ Standard Map View နဲ့ Satellite View နှစ်မျိုးလုံး ကြည့်ရှုနိုင်ပါတယ်။ ဒါကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ လမ်းတွေ၊ ယာဉ်အသွားအလာတွေကို အကောင်းဆုံး ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

People Hub
Windows Phone 8မှာ ပါ၀င်တဲ့ People Hub ဆိုတဲ့ App လေးက သင့်ရဲ့ သူငယ်ချင်းတွေရဲ့ အချက်အလက်တွေကို သိမ်းဆည်းထားနိုင်ပြီး Social Network ပေါ်မှာ သူတို့ ဘာတွေ Update လုပ်နေလဲဆိုတာတွေကို ဖော်ပြပေးနိုင်ပါတယ်။ ဒါ့ကြောင့် သင့်သူငယ်ချင်းတွေ Facebook, Twitter, LinkedIn တို့ပေါ်မှာ ဘာတွေ Update လုပ်နေလဲဆိုတာ သိရဖို့အတွက် သက်ဆိုင်ရာ Page တွေကို သွားကြည့်နေစရာ မလိုတော့ပါဘူး။ People Hub မှာတင် အကုန်လုံး ကြည့်ရှုနိုင်ပါပြီ။

Key Specifications

Windows Phone 8 OS
4.3” Touch screen
720p High-Definition (HD)
Available Colors-Black, Blue, Yellow
1.5GHz Dual-Core Processor
8MP Camera, f/2.0 Aperture
16GB Internal Storage
Voice Command
Beats Audio System

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *