News

Nokia Lumia 1520 ရဲ့ Specification တွေ ထွက်ပေါ်။

Nokia ရဲ့  ပထမဆုံး Phablet ဖြစ်တဲ့ Lumia 1520 ကိုတွေ့မြင်ရဖို့ ရက်ပိုင်းပဲလိုပါတော့တယ်။ အဲဒီရက်မတိုင်ခင်မှာပဲ EvLeaks က Lumia 1520 ရဲ့  Specification တွေကိုထုတ်ဖော်လိုက်ပြီး Nokia ပရိသတ်တွေကို မစောင့်နိုင်လောက်အောင်မြင်တွေ့ချင်တဲ့စိတ်ကိုဖြစ်ပေါ်စေခဲ့ပါတယ်။

Snapdragon 800 Processor(qual-core လို့ယူဆရ) ,ခြောက်လက်မအရွယ်အစားရှိတဲ့ Screen Size, Resolution 1080 p, 2GB RAM, 16 or 32 GB Storage, 20 Megapixel PureView Camera,Qi Wireless Charging စတာတွေပါရှိမယ်လို့ သတင်းတွေထွက်နေပြီး လာမယ့်ကြာသပတေးနေ့မှာ Nokia ကတရား၀င်ထုတ်ဖော်ပြသမယ်လို့ထင်ရပါတယ်။

Lumia 1520 ကို ဘယ်လိုအရောင်တွေနဲ့ထုတ်မယ်ဆိုတာကိုတော့သေချာမသိရသေးပါဘူး။ EvLeaks ရဲ့ပြောကြားချက်အရတော့ အနက်၊အဖြူ၊အဝါ ရောင်တွေနဲ့ရရှိမှာဖြစ်ပြီး လူအများမျှော်လင့်နေတဲ့ အနီရောင်တော့ ရရှိမှာမဟုတ်ဘူးလို့ပြောပါတယ်။ EvLeaks  ကအရင်ကလည်း Lumia 1520 ရဲ့ပုံတွေကိုပြသခဲ့ပြီး Windows Phone ရဲ့  Software တွေဟာ Home Screen ကိုရောက်ရှိလာတဲ့ ပြောင်းလဲမှုကိုတွေ့မြင်ခဲ့ကြပါတယ်။

Nokia က Lumia 1520  ကိုတစ်ခြား Device ငါးခုနဲ့အတူ အောက်တိုဘာလ (၂၂) ရက်နေ့မှာတရား၀င်ထုတ်ဖော်ပြသမယ်လို့မျှော်လင့်ရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *