Windows Phone တွေဟာ ဥရောပမှာ အရှိန်အဟုန် မြင့်စွာရောင်းချနေရပါတယ်။ နောက်ဆုံးရတဲ့ သတင်းအချက်အလက်တွေအရ အီတလီ နိုင်ငံမှာ Windows Phone တွေရဲ့ရောင်းအားဟာ iOS ထက်သာလွန်သွားပြီဖြစ်ပါတယ်။ Nokia Lumia ဖုန်းတွေကြောင့်ဖြစ်ပြီး Microsoft ရဲ့ မှတ်သားလောက်စရာအောင်မြင်မှုလည်းဖြစ်ပါတယ်။ သတင်းအချက်အလက်တွေအရ အီတလီ နိုင်ငံ ရဲ့ ဈေးကွက်ဝေစုကို Windows Phone တွေက 13.7% သိမ်းပိုက်ထားပြီး iOS တွေကတော့ 10.2% ကိုကျဆင်းသွားတာဖြစ်ပါတယ်။ ဒါ့အပြင် အဓိကကျတဲ့ ဥရောပ ဈေးကွက်မှာလည်း Windows Phone ရဲ့ရောင်းအားဟာ တိုးတက်နေပါတယ်။ United Kingdom, France, Germany, Italy and Spain စတဲ့ နိုင်ငံတွေ ကိုစုပေါင်းတွက်ချက်ထားတဲ့ စာရင်းအရ Windows Phone ဟာ အဲဒီနိုင်ငံတွေရဲ့ စုပေါင်းဈေးကွက် ရဲ့ 10% နီးပါးပိုင်ဆိုင်ထားပါတယ်။
Nokia ရဲ့ Windows Phone တွေဟာ အဓိကကျတဲ့ ဥရောပ ဈေးကွက်တွေမှာ iOS ထက်ပိုမိုရောင်းကောင်းနေ

05
Nov