ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ စက်တင်ဘာ ၄ရက်နေ့တွင် ကျင်းပမယ့် IFA Trade Show မှာ Samsung က ၎င်းတို့ရဲ့ Galaxy Note မျိုးဆက်သစ် စမတ်ဖုန်းကို ပွဲထုတ်ကြေညာတော့မှာပါ။ အဆိုပါဖုန်းကို Galaxy Note 3 လို့ သတ်မှတ်ခေါ်ဆိုနိုင်ဖွယ် ရှိနေပြီး သူ့ရဲ့ နောင်တော် Galaxy Note 2 ရဲ့ အောင်မြင်မှုအတိုင်း ခြေရာခံလိုက်နိုင်မှာပါ။ ပြီးခဲ့တဲ့ နှစ်တုန်းကလည်း Samsung ဟာ ၎င်းတို့ရဲ့ Galaxy Note 2ကို အဆိုပါ ဘာလင်မြို့က IFA Trade Showမှာ မိတ်ဆက်ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် အခုလာမယ့် မိတ်ဆက်ပွဲဟာလည်း product launch ပဲ ဆိုတာ သေချာနေပါတယ်။
Samsungကတော့ ၎င်းတို့ရဲ့ “Note Series” ဖုန်းတွေကို “S Series” ဖုန်းတွေထက် Screen ပိုကြီးပြီး S-Pen ပါ အသုံးပြုလို့ရအောင် စီစဉ်ပေးခဲ့ပါတယ်။ ရှေ့က ထွက်ရှိခဲ့တဲ့ Note 2 ဟာ မြင်ကွင်း 5.5 inches ရှိခဲ့ပြီး စမတ်ဖုန်းတစ်လုံးဆိုတာထက် တက်ဘလက်လိုလည်း ဖြစ်နေသည့်အတွက်ကြောင့် “Phablet”လို့ ခေါ်ဆိုနိုင်ပါတယ်။ အခုထွက်မယ့် Samsung Galaxy Note 3 ဖုန်းကတော့ Screen Size ကြီးကြီး ကြိုက်နှစ်သက်သူများအတွက် ပိုရူးသွပ်စေမယ့် 6.3 inches အထိတောင် ဖြစ်သွားမယ်လို့ ခန့်မှန်းနေကြပါတယ်။
Samsung က ၎င်းတို့ရဲ့ နောက်ဆုံးထွက် စမတ်ဖုန်း Galaxy S4 ကိုတော့ မကြာသေးခင်ကမှ နယူးယောက်မြို့မှာ မိတ်ဆက်ပွဲထုတ်ခဲ့တာပါ။ အဆိုပါပွဲဟာ ဖျော်ဖြေရေး၊ ပြဇာတ်၊ တီး၀ိုင်း စတာတွေနဲ့ ထူးထူးဆန်းဆန်း တင်ဆက်ခဲ့တာကိုလည်း ဒီနေရာမှာ သွားရောက်ကြည့်ရှုနိုင်ပါတယ်။ Galaxy S4 ဖုန်းဟာ ပွဲထုတ်ပြသခဲ့ပြီး တစ်ကမ္ဘာလုံးအနှံမှာ အလုံးရေ ၁၀ သန်းကျော် ရောင်းချနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
all of the Samsung DESIGN come from iPhone ConCept…. when edge to edge ihone concept come out , they come out too… …. The incredible copy cat..