News

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ Myanmar Chunghoမှ အဆင့်မြင့် ရေသန့်စင်စက် လှူဒါန်း

လေးဆူဓာတ်ပုံ ရွှေတိဂုံစေတီတော်မြတ်ကြီးသို့ Myanmar Chunghoမှ အဆင့်မြင့် ရေသန့်စင်စက် လှူဒါန်း

တောင်ကိုရီးယားအခြေစိုက် ရေသန့်စက် ကုမ္ပဏီကြီး တစ်ခုဖြစ်သည့် Myanmar Chunghoသည် ရွှေတိဂုံဘုရားသို့ အဆင့်မြင့်ရေသန့်စင် စက်ကြီးတစ်လုံးကို ဇွန်လ ၉ ရက်နေ့ (တနင်္လာနေ့) က လှူဒါန်းခဲ့ပါသည်။

အခမ်းအနားသို့ ရွှေတိဂုံစေတီတော် ဂေါပကအဖွဲ့လူကြီး ရုံးအဖွဲ့မှူး ဦး၀င်းကြိုင်၊ ရေနှင့် အင်ဂျင်နီယာ ဌာနမှူး ဦးမင်းအောင်နှင့် Myanmar Chungho၏ Marketing Director ဒေါ်သီတာမြင့်တို့ တက်ရောက်ကြကာ အဆင့်မြင့်ရေသန့်စင်စက်အား လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါရေသန့်စက်ကြီးသည် ငွေကျပ် ၁၅ သိန်းခန့် တန်ကြေးရှိပြီး ရေပူ၊ ရေအေး အပြင် ရေသန့်ရေခဲတုံးများပါ ရရှိနိုင်မည်ဖြစ်ကာ 360mm× 442mm× 1320mm အတိုင်းအတာ ရှိပါသည်။ တစ်ရက်လျှင် အများဆုံး ရေဂါလန် ၃၆၀ လီတာအထိ ရေသန့်စင်ပေးနိုင်ပါသည်။

Myanmar Chungho အနေဖြင့် ရန်ကုန်မြို့တော်ခန်းမသို့လည်း အဆိုပါ အမျိုးအစားတူ ရေသန့်စက် လှူဒါန်းထားပြီး ဖြစ်သည့်အပြင် နောင်တွင်လည်း အများပြည်သူရှိသော၊ လူစည်ကားသော နေရာများသို့ ဆက်လက် လှူဒါန်းသွားမည် ဖြစ်သည်။

“ကျွန်မတို့အနေနဲ့ ရန်ကုန်မြို့မှာ YCDC ရုံး (မြို့တော်ခန်းမ) မှာတော့ ဒီလိုမျိုး အဆင့်မြင့်တန်ဖိုးကြီး ရေသန့်စက်ကြီး တစ်လုံးလှူဒါန်းထားပြီး ဖြစ်ပါတယ်။ အခုကတော့ ရွှေတိဂုံဘုရားမှာ လှူတာပေါ့နော်။ နောက်ပိုင်းလည်း အများပြည်သူအကျိုးရှိမယ့် နေရာဒေသတွေမှာ အလျဉ်းသင့်သလို ဆက်လက်လှူဒါန်းသွားဖို့ အစီအစဉ်ရှိပါတယ်။

ဒီလို လှူဒါန်းရတဲ့ ရည်ရွယ်ချက်ကတော့ ‘Chungho’ တံဆိပ် ရေသန့်စင်စက်ကို လူသိပိုများစေရန် ရည်ရွယ်တဲ့အပြင် အထူးအဆင့်မြင့် သန့်ရှင်းသော သောက်သုံးရေတွေကို မြန်မာပြည်သူ လူအများ လွတ်လပ်ငြိမ်းချမ်းစွာ သုံးစွဲနိုင်ရန်လည်း ရည်ရွယ်ပါတယ်။ ကျွန်မတို့ရဲ့ ရေသန့်စင်စက်တွေဟာ အဆင့်မြင့် နည်းပညာတွေကို အခြေခံသုံးစွဲထားတာကြောင့် အခြားတံဆိပ်၊ အခြားအမျိုးအစား ရေသန့်စက်တွေထက် များစွာသာလွန် ကောင်းမွန်ပါတယ်။ ဒါကိုလည်း မိဘပြည်သူတွေ အနေနဲ့ ဒီ ‘Chungho’ ရေသန့်စက်ရှိတဲ့ နေရာတွေမှာ လက်တွေ့ လေ့လာသုံးစွဲ အကဲဖြတ် မှတ်ချက်ပြု နိုင်ပါတယ်” ဟု Myanmar Chungho၏ Marketing Directorဖြစ်သူ မသီတာမြင့်မှ ပြောကြားခဲ့ပါသည်။

Myanmar Chunghoသည် အမှတ် ၂၃၂၊ အခန်းနံပါတ် B & C, ၉ လွှာ၊ ဗိုလ်အောင်ကျော်လမ်း၊ Seagreen Tower, ဗိုလ်တစ်ထောင်မြို့နယ်၊ ရန်ကုန်မြို့ တွင်တည်ရှိပြီး ရေသန့်စက်၊ လေသန့်စက်နှင့် ရေခဲစက်များကိုပါ ကိုရီးယားနိုင်ငံမှ တင်သွင်းပြီး မြန်မာနိုင်ငံတွင် ပြန်လည်ဖြန့်ဖြူး ရောင်းချနေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *