စာသင်နှစ်ကို ၂၀၁၄ ခုနှစ် မေ ၂ ရက်နေ့တွင် မြန်မာနိုင်ငံကြက်ခြေနီရုံးချုပ်၏ ဒုတိယထပ်နှင့် တတိယထပ်တွင် ဖွင့်လှစ်ထားပြီး စာတွေ့လက်တွေ့သင်တန်းများ ဖြစ်သည့်အတွက် လက်တွေ့ လေ့ကျင့်ခြင်းများကိုလည်း စတင်ပြုလုပ်နေပြီ ဖြစ်ပါသည်။ CVT Myanmar သင်တန်းကျောင်းတွင် သင်ကြားပေးနေသော သင်တန်း ငါးမျိုးများထဲမှ သတ္တုပစ္စည်းလုပ်ငန်းအတတ်ပညာသင်တန်းတစ်ခုဖြစ်သည့် MW – 12 ၏ လက်တွေ့ လေ့ကျင့်ခြင်း သင်တန်း PTC -2 ကို အဖွဲ့နှစ်ဖွဲ့ ခွဲ၍ ပြုလုပ်ခဲ့ရာ ပထမအဖွဲ့ကို ဇွန်လ ၂ ရက်မှ ၂၁ ရက်နေ့အထိလည်းကောင်း၊ ဒုတိယအဖွဲ့ကို ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင်လ ၁၂ ရက်နေ့အထိ ပြုလုပ်ခဲ့ပါသည်။ အဆိုပါ လက်တွေ့သင်တန်းတွင် သတ္တုပစ္စည်းလုပ်ငန်း အတတ်ပညာသင်တန်းသားများသည် သတ္တုပုံသွန်း အတတ်ပညာ၊ စက်စားခြင်းနှင့် ဂဟေဆက်ခြင်း လက်တွေ့လုပ်ငန်းများကို လုပ်ဆောင်ခဲ့ကြပါသည်။
သတ္တုပစ္စည်းထုတ်လုပ်မှု အတတ်ပညာသင်တန်းသားများ လက်တွေ့ပြုလုပ်ခြင်း

06
Sep