Gadgets, Review

Microsoftရဲ့ စမတ်လက်ပတ်လာမည်

Microsoftရဲ့ စမတ်လက်ပတ်လာမည်

Microsoftက Samsung Gear Fitလို စမတ်လက်ပတ်နဲ့ ချပ်၀တ်တန်ဆာလောကကို ခရစ်စမတ်ရာသီမှာ ထိုးဖောက်၀င်ရောက်မယ်လို့ သိရပါတယ်။

အရင်ထွက်ပေါ်ခဲ့တဲ့ သတင်းတွေအရ Microsoftဟာ စမတ်နာရီကို မိတ်ဆက်တော့မယ်လို့ သိရပေမယ့် WinSuperSiteရဲ့ အဆိုအရ Microsoftဟာ စမတ်နာရီကို ထုတ်လုပ်မှာ မဟုတ်ဘဲ စမတ်လက်ပတ်ကို ထုတ်လုပ်နေတယ်လို့ သိရပါတယ်။ စမတ်လက်ပတ်ဟာ Sensorများစွာကို အသုံးပြုပြီး ၀တ်ဆင်သူရဲ့ ခြေလှမ်းများ၊ နှလုံးခုန်နှုန်းများစတဲ့ ကိုယ်လက်ကြံ့ခိုင်မှုများကို စောင့်ကြည့်တိုင်းတာပေးမှာပါ။ ဒါ့အပြင် စမတ်ဖုန်းမှ အချက်ပေးမှုများကို စမတ်လက်ပတ်မှ သိနိုင်မှာဖြစ်ပါတယ်။ WinSuperSiteမှ Paul Thurrottက Microsoftရဲ့ စမတ်လက်ပတ်ဟာ ၀င်းဒိုးဖုန်းများနဲ့ သာမက Android, iOS Deviceများနဲ့ပါ တွဲဖက်အလုပ်လုပ်မှာလို့ ပြောပါတယ်။ ဒီလို ပလက်ဖောင်းများစွာနဲ့ တွဲဖက်အလုပ်လုပ်နိုင်တယ်ဆိုတာ အရင်ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာလည်း ပါရှိဖူးပါတယ်။

ဒီနှစ်အစောပိုင်းမှာ ထွက်ရှိခဲ့တဲ့ သတင်းတွေအရ Microsoftဟာ နှလုံးခုန်နှုန်းကို တိုင်းတာတဲ့ Sensorတွေပါတဲ့ စမတ်နာရီကို တီထွင်နေပြီး စမတ်နာရီဟာ စမတ်ဖုန်း ပလက်ဖောင်းများစွာနဲ့ တွဲဖက်အလုပ်လုပ်နိုင်ပါတယ်။ စမတ်နာရီကို Xbox Kinect ဌာနက ထုတ်လုပ်မှာဖြစ်ပြီး တစ်ခါအားသွင်းထားတာနဲ့ နှစ်ရက်ကြာ နှလုံးခုန်နှုန်းကို တိုင်းတာပေးမှာဖြစ်ပါတယ်။ Gear-Fitလို ၀တ်ဆင်သူက နှလုံးခုန်နှုန်းကို တိုင်းတာဖို့ ခလုတ်နှိပ်စရာမလိုဘဲ အချိန်ပြည့်တိုင်းတာပေးမှာပါ။

Microsoftရဲ့ ကိုယ်လက်ကြံ့ခိုင်မှုတိုင်းတာပေးတဲ့ စမတ်လက်ပတ်ဟာ Samsung Gear Fitနဲ့ တော်တော်ဆင်တူပါတယ်။ ဒီဇိုင်းကလည်း တော်တော်ဆင်တူပေမယ့် Forbesရဲ့ မေလမှာ ပြောကြားချက်အရ စမတ်လက်ပတ်ရဲ့ မျက်နှာပြင်ဟာ တမူထူးခြားစွာနဲ့ လက်ကောက်၀တ် အတွင်းဘက်မှာ တည်ရှိမှာပါ။ အဲဒီအတွက် စမတ်လက်ပတ်မှ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို အခြားသူများ မမြင်နိုင်တော့ပါဘူး။

အစကတော့ နွေရာသီမှာ ရောင်းချမယ်လို့ သိရပေမယ့် Thurrottက ၂၀၁၄ ခုနှစ်ရဲ့ စတုတ္ထလပတ်မှာ ရောင်းချမယ်လို့ ပြောပါတယ်။ ဈေးနှုန်းက Samsung Gear Fitလောက်ပဲရှိနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *